တန်ဟက် နည်းစနစ်တွေက ကျနော့် ကစားဟန်နဲ့ ကွက်တိပဲ လို့ လေသံပစ်လာတဲ့ တိုက်စစ်မှုး မာရှယ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မာရှယ်ကတော့ အသင်းလက်ရှိနည်းပြ အဲရစ်တန်ဟက်ရဲ့ စီမံမှုနဲ့ နည်းစနစ်တွေကို ချီးကျူးစကား ဆိုခဲ့ပြီး သူ့ရဲ့ ကစားဟန်နဲ့လည်း တန်ဟက် နည်းစနစ်တွေက ကွက်တိ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

နည်းပြ တန်ဟက်နဲ့ ပတ်သတ်ပြီး မာရှယ်က ” သူက အရမ်းတော်တဲ့ မန်နေဂျာ တစ်ယောက်ပါ။ သိပ်လည်း စေ့စပ်တဲ့ သူပါ။ သူက အသေးစိတ်ထိ သေချာ ဂရုစိုက် ပြင်ဆင်သူပါ။ ကျနေ်ာတို့ကို ဘောလုံး အလွတ်မခံတဲ့ စိတ်ဇောမျိုးနဲ့ ကောင်းမွန်စွာ ကစားစေချင်တယ်။

သူ့ရဲ့ နည်းစနစ်တွေက ကျနော့်အတွက်တော့ ပြီးပြည့်စုံတယ်၊ ကျနော့် ပုံစံ၊ ကစားချင်တဲ့ ပုံစံနဲ့ ကွက်တိပဲ။ ” လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ပွဲထွက်ခွင့် မရလှတဲ့ မာရှယ်ဟာ ဒီရာသီကြိုမှာ နည်းပြတန်ဟက်ရောက်လာပြီးနောက် ကောင်းမွန်စွာ စွမ်းဆောင်ပြခဲ့ကာ ပြန်လည် နေရာ ရလာပါတယ်။

ကြံ့ခိုင်မှု အပြည့်မဖြစ်တဲ့ ကိစ္စ ရှိနေတာကလွဲလို့ ပြင်သစ်လက်ရွေးစင် ကစားသမားဟာ အခွင့်ရတိုင်း ယူနိုက်တက် အတွက် ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။ ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ပွဲမှာ မာရှယ်က လူစားဝင်သာ ကစားခဲ့တာ ဖြစ်လို့ ဒီည ကာရာဘောင်းဖလားပွဲမှာတော့ ပွဲထွက်ခွင့် ရဖွယ် ရှိပါတယ်။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မႈး မာရွယ္ကေတာ့ အသင္းလက္ရွိနည္းျပ အဲရစ္တန္ဟက္ရဲ႕ စီမံမႈနဲ႕ နည္းစနစ္ေတြကို ခ်ီးက်ဴးစကား ဆိုခဲ့ျပီး သူ႔ရဲ႕ ကစားဟန္နဲ႕လည္း တန္ဟက္ နည္းစနစ္ေတြက ကြက္တိ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

နည္းျပ တန္ဟက္နဲ႕ ပတ္သတ္ျပီး မာရွယ္က ” သူက အရမ္းေတာ္တဲ့ မန္ေနဂ်ာ တစ္ေယာက္ပါ။ သိပ္လည္း ေစ့စပ္တဲ့ သူပါ။ သူက အေသးစိတ္ထိ ေသခ်ာ ဂရုစိုက္ ျပင္ဆင္သူပါ။ က်ေန္ာတို႔ကို ေဘာလံုး အလြတ္မခံတဲ့ စိတ္ေဇာမ်ိဳးနဲ႕ ေကာင္းမြန္စြာ ကစားေစခ်င္တယ္။

သူ႔ရဲ႕ နည္းစနစ္ေတြက က်ေနာ့္အတြက္ေတာ့ ျပီးျပည့္စံုတယ္၊ က်ေနာ့္ ပံုစံ၊ ကစားခ်င္တဲ့ ပံုစံနဲ႕ ကြက္တိပဲ။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ျပီးခဲ့တဲ့ရာသီမွာ ပြဲထြက္ခြင့္ မရလွတဲ့ မာရွယ္ဟာ ဒီရာသီၾကိဳမွာ နည္းျပတန္ဟက္ေရာက္လာျပီးေနာက္ ေကာင္းမြန္စြာ စြမ္းေဆာင္ျပခဲ့ကာ ျပန္လည္ ေနရာ ရလာပါတယ္။

ၾကံ႕ခိုင္မႈ အျပည့္မျဖစ္တဲ့ ကိစၥ ရွိေနတာကလြဲလို႔ ျပင္သစ္လက္ေရြးစင္ ကစားသမားဟာ အခြင့္ရတိုင္း ယူနိုက္တက္ အတြက္ ေျခစြမ္းေကာင္းေတြ ျပသေနပါတယ္။ ျပီးခဲ့တဲ့ အက္စတြန္ဗီလာနဲ႕ ပြဲမွာ မာရွယ္က လူစားဝင္သာ ကစားခဲ့တာ ျဖစ္လို႔ ဒီည ကာရာေဘာင္းဖလားပြဲမွာေတာ့ ပြဲထြက္ခြင့္ ရဖြယ္ ရွိပါတယ္။