အဝေးကွင်း ရှုံးနေကျ ဖြစ်နေတဲ့ ယူနိုက်တက်တို့ ဒီပွဲလည်း ရှုံးဦးမှာ ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ကစားမယ့် ပွဲချိန်ကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁၁ နာရီ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ဖူလ်ဟမ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက သူတို့အသင်းမှာ ဘာဖြစ်နေလဲ ဆိုတာအတွက် စိုးရိမ်နေသင့်ပါတယ်။ အိုထရက်ဖိုဒ့် နည်းပြဘဝ အစောပိုင်းလတွေအတွက် နည်းပြတန်ဟက်က ပျော်ရွှင်နေသင့်ပေမယ့် အက်စတွန်ဗီလာပွဲ ရလဒ်အရ သူက ပြဿနာတွေ အားလုံးကို မဖြေရှင်းနိုင်သေးပါဘူး။

ကမ္ဘာဖလားအတွင်းမှာ သူတို့က အသင်းအဖြစ် နောက်တစ်ကြိမ် ပြန်လည် စုဖွဲ့ဖို့ လိုအပ်တယ်လို့ ထင်မိပါတယ်။ ဆိုစီဒက်ပွဲမှာ တန်ဟက်က မက်ဂွဲရားကို တိုက်စစ်သမားအဖြစ် သုံးခဲ့သလို ဗီလာပွဲမှာ ရော်နယ်ဒိုကို အသင်း ခေါင်းဆောင် အဖြစ် တာဝန်ပေးခဲ့တယ်။

ဒီရာသီမှာ တန်ဟက်ရဲ့ အသင်းက အဝေးကွင်းမှာ ၃ ပွဲတောင် အရေးနိမ့်ထားခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း အရေးနိမ့်မယ် ထင်မိပါတယ်။

၁၀ ယောက်ကျန် မန်စီးတီးကို ဖူလ်ဟမ်တို့ ကစားခဲ့တာနဲ့ ပတ်သက်လို့ စိတ်ပျက်တယ်လို့ ကျနော် မပြောနိုင်ပါဘူး။ သူတို့က အီသီဟဒ်မှာ နိုင်ပွဲ ရယူဖို့ ယုံကြည်ချက် မရှိခဲ့တာပါ။

ကိုယ်ရဲ့ အိမ်ကွင်းမှာတော့ အဲ့လိုတွေ မဖြစ်သင့်ပါဘူး။ ဘောလုံးရာသီ ယာယီ မရပ်တန့်ခင်မှာ သူတို့က အံ့အားသင့် စရာ လုပ်ပြမယ်လို့ ထင်နေပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ ဖူလ်ဟမ် ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။