ချယ်ဆီးတို့ နယူးကာဆယ်ကို ရှုံးဦးမယ် ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ ဒီအပတ်ပွဲ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် ဒီအပတ်မှာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်များ ကစားကြမှာ ဖြစ်ရာ ချယ်ဆီး အသင်းကတော့ ခြေစွမ်းပြနေတဲ့ နယူးကာဆယ် အသင်းကို အဝေးကွင်း စိန့်ဂျိမ်းပါ့ခ်မှာ သွားရောက် ရင်ဆိုင် ရတော့မှာပါ။ ကစားကြမယ့် ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ည ၁၂ နာရီမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် က နယူးကာဆယ်နဲ့ ချယ်ဆီး အသင်းတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
” အရင်အပတ်က အာဆင်နယ်နဲ့ ရလဒ်အတွက် ချယ်ဆီးတို့ အရမ်း စိတ်ပျက်နေမှာပါ။ အာဆင်နယ်က သူတို့ ပုံစံကို ရှာတွေ့နေချိန်မှာ ချယ်ဆိးကတော့ တိုက်စစ်ပိုင်း ကစားချိန်နဲ့ ချိတ်ဆက် ကစားချိန်တွေမှာ ဘာလုပ်ရမယ် မသိပါဘူး။
ဒီပွဲမှာ ဘယ်လိုရလဒ် ထွက်ပေါ်ပါစေ နယူးကာဆယ်က ထိပ်ဆုံး ၄ သင်း စာရင်းထဲ ဆက်ရှိနေမှာပါ။ သူတို့ရဲ့ လက်တလော ရလဒ်၊ သူတို့ ကစားဟန်အတွက်နဲ့ ဒီအဆင့် ရောက်နေတာကို နယူးကာဆယ်က ကျေနပ်နေမှာ ဖြစ့်ပါတယ်။
ဒီပွဲမှာ သွင်းဂိုးတွေ အရမ်းများမယ်လို့ မထင်ပါဘူး။ ဒါပေမယ့် နယူးကာဆယ်တို့ ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲကို ရသွားလိမ့်မယ်လို့ ထင်မိပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ နယူးကာဆယ် ၁-ဝ ချယ်ဆီး ဖြစ်ပါတယ်။
Zawgyi