ချန်ပီယံ ခြေစွမ်းပြနေတဲ့ အာဆင်နယ်တို့ ဝုဗ်ကို အဝေးကွင်းမှာ ဘယ်လိုရလဒ် ထွက်မလဲ ပေါမာဆန် သုံးသပ်ခန့်မှန်း

အာဆင်နယ် အသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဝုဗ်အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားဖို့ ရှိနေပါတယ်။ ဒီနှစ်သင်းဟာ လာမယ့် တနင်္ဂနွေနေ့ နံနက် ၂း၁၅ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ဝုဗ်နဲ့ အာဆင်နယ် အသင်းတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” အာဆင်နယ်က လက်ရှိမှာ ကစားတာ အတော် ကောင်းနေတယ်။ သူတို့က ချယ်ဆီးနဲ့ ပွဲမှာ တကယ့် ချန်ပီယံလောင်းတွေလို ဟန်မျိုးပါ။ သူတို့ ဘာလုပ်နေတယ် ဆိုတာ သူတို့ သိတယ်။ ဘောလုံး ပေးပို့တာလည်း ကောင်းနေတယ်။ ချယ်ဆီးနဲ့ ပွဲက တကယ့် ပွဲကြီးပွဲကောင်း ဖြစ်ပြီး သူတို့ အေးအေးဆေးဆေး ကျော်ဖြတ် လာနိုင်ခဲ့တယ်။

ဂါဘရီရယ် ဂျေးဆု က ဂိုးတွေ သွင်းမနေပေမယ့် ဂန်းနားတွေ အတွက် အများကြီး သယ်ဆောင်ပေးနေပါတယ်။ သူက ကွင်းထဲမှာ ခြားနားတဲ့ ပုံစံမျိုး လုပ်ပြနေတယ်။ အာဆင်နယ်ကို မတူညီတဲ့ လယ်ဗယ် တစ်ခုဆီ ခေါ်ဆောင်ပေးနေတယ်။

သူတို့ ပွဲတချို့လောက် ရှုံးလိုက်ရင် လူတွေက ဂျေးဆုကို ကြည့်ပြီး ပြောကြမှာပါ။ ဒါမျိုး ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဟက်စကီးနဲ့ ကျနေ်ာတို့ မြင်ခဲ့ဖူးပါတယ်။

လူတိုင်းက သူတို့နဲ့ တွဲကစားရမှာ ကြိုက်ကြတယ်၊ ဒါပေမယ့် ပွဲနည်းနည်းလောက် ရှုံးလိုက်ရင် သူတို့ ခြေစွမ်းက ပုံကြီးချဲ့ ကြည့်စရာ ဖြစ်လာပါမယ်။

အာဆင်နယ်ရဲ့ ဒီရာသီ အကောင်းဆုံး ကစားသမား ကို ရွေးဆိုရင် ကျနော်က မရွေးနိုင်ဘူး ဖြစ်နေတယ်၊ အဲဒီ လောက်တောင် သူတို့က ကောင်းနေတာပါ။ သူတို့က မှန်ကန်တဲ့ အသင်း တစ်သင်း ဖြစ်လာနေပါတယ်။

ပြောရရင် ဝုဗ်အတွက် အာဆင်နယ်က သိပ်တောင့်လွန်းနေပါတယ်။ ဂန်းနားတွေ ဒီပွဲ နိုင်ပါလိမ့်မယ်။ ” လို့ သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ် ကတော့ ဝုဗ် ၁-၃ အာဆင်နယ် ဖြစ်ပါတယ်။