လစာ လျှော့ခံရမယ့် ဒီဂီယာ၊ လီဗာပူးကို ဝယ်မယ့် ကမ္ဘာ့အဆင့် ၈ ဘီလျံနာ၊ အိုင်ဗန်တိုနေးကို ချိန်တဲ့ ချယ်ဆီးနဲ့ အပြောင်းအရွှေ့ သတင်းထူးများ

ချယ်ဆီးအသင်းဟာ ဘရန့်ဖို့ဒ် တိုက်စစ်မှုး အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ တိုနေးဟာ အင်္ဂလန် အသင်းမှာ အရွေးချယ် မခံရပေမယ့် ဒီရာသီ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂီယာ ကို အသင်းမှာ ဆက်နေချင်တယ် ဆိုရင် လစာလျှော့ယူဖို့ လက်ခံရမှာ ဖြစ်ကြောင်း အသိပေးထားပါတယ်။ အင်္ဂလန်သတင်းတွေ အဆိုအရ ယူနိုက်တက်ဟာ ဒီဂီယာကို တစ်နှစ် သက်တမ်းတိုးခွင့် အသက်မသွင်းဘဲ လက်ရှိ တစ်ပတ် ပေါင် ၃၇၅ဝဝဝ လစာကနေ တစ်သိန်းလောက် လျှော့ချလိုနေပါတယ်။

ဒေါ့မွန် စီအီးအို က ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးချိန်ကျရင် အသင်းကြယ်ပွင့် ကစားသမား ဘယ်လင်ဟမ်နဲ့ အနာဂတ် ကိစ္စ ဆွေးနွေးမှာ ဖြစ်ကြောင်း အတည်ပြု ထုတ်ဖော်ပြောဆိုသွားပါတယ်။

ဘယ်လင်ဟမ်ရဲ့ ဒေါ့မွန်နဲ့ စာချုပ်ဟာ ၂၀၂၅ မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်သီးကလပ်အသင်း များစွာ က ၎င်းကို နောက်နှစ်နွေမှာ ခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။

အိန္ဒိယ ဘီလျံနာ သူဌေး မူကပ်ရှ် အမ်ဘာနီ က လီဗာပူးအသင်ကို FSG ထံမှ ဝယ်ယူဖို့ မေးမြန်းထားပြီး ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ အမေရိကန် အုပ်စုကလည်း ဘီလီယံ ၉ဝ ထိ ကြွယ်ဝပြီး ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၈ ချိတ်တဲ့ အမ်ဘာနီ ထံ လီဗာပူးအသင်းကို ရောင်းချလိုနေပါတယ်။

ချယ်ဆီးအသင်းဟာ ဆောက်သမ်တန် အစွန်ခံစစ်သမား ကိုင်လီ ဝေါ်ကာပီတာ ကို နွေအတွက် ချိတ်ဆက်နေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။ ချယ်ဆီးဟာ ဒမ်ဖရိုင်းစ်ကိုလည်း ပစ်မှတ်ထားပေမယ့် ဝေါ်ကာ ပီတာကိုလည်း တပြိုက်နက်တည်း ချိန်ရွယ်နေတာပါ။

ပီအက်စ်ဂျီ အသင်းဟာ ဗာရက်တီကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ညှိနှိုင်းနေပါတယ်။ ကစားသမား ဘက်ကလည်း သက်တမ်းတိုးဖို့ လမ်းဖွင့်ထားပြီး ဆွေးနွေးမှုကတော့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ လူငယ်ကြယ်ပွင့်လေး တိုင်လာ မော်တန် ကို ဒေါ့မွန်က ခေါ်ယူဖို့ ကြိုးစားနေကြောင်း သတင်းထွက်နေပါတယ်။ ဂျာမန်ကလပ်ဟာ ဘလက်ဘန်းမှာ အငှား ကစားနေတဲ့ အသက် ၂ဝ အရွယ် လီဗာပူး လူငယ်လေး ကို ကင်းထောက်တွေ စေလွှတ် စောင့်ကြည့်နေတာပါ။