၂၀၂၀ ထဲမှာ ဆုဖလား အသစ်တွေ ယူဖြစ်အောင် ယူလိုနေတဲ့ ယူနိုက်တက် ကွင်းလယ် ပေါ့ဘာ

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာက ၂၀၂၀ ထဲမှာတော့ သူ့ရဲ့ ဆုဖလား စုဆောင်းရေးမှာ ဆုတံဆိပ်အသစ်တွေ ထပ်ထည့်ခွင့် ရဖို့ ရည်မှန်းထားပြီး ယူနိုက်တက် အနေနဲ့လည်း ရနိုင်တဲ့ ဆုဖလား အခွင့်အရေးတွေကို ဖြုန်းတီးမပစ်ဖို့ သတိပေးလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အကြောင်း ပြောရင် ဆုဖလားတွေ အကြောင်းပဲ လို့ ပြင်သစ်သားက ဖွင့်ဟခဲ့ပြီး ယူနိုက်တက်ဟာ ဒီရာသီ အက်ဖ်အေ ဖလားနဲ့ ယူရိုပါလိဂ်ဖလား ရယူနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ အတွက်လည်း အခြေအနေ ကောင်းများ ရှိနေတာပါ။

ပေါ့ဘာကတော့ ရယူနိုင်သေးတဲ့ ဆုဖလားတွေ ရှိနေတဲ့ အပေါ် အာရုံစိုက် ရယူစေလိုနေပြီး အခွင့်ကောင်းတွေ မဖြုန်းတီးဖို့ ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

” ယူနိုက်တက် အကြောင်း ပြောရင် ဆုဖလားတွေ အကြောင်းပါပဲ ဒါကို ကျနော်တို့ သဘောပေါက်ကြတယ်။ ဒါ့အပြင် အခု ကျနော်တို့ ရယူနိုင်တဲ့ ဆုဖလားတွေ လက်တစ်ကမ်းမှာ ရှိနေတယ်။ ဒီလို အခွင့်အရေးကို လက်လွှတ် မပစ်ချင်ဘူး။ ကျနော်တို့က ဒီ ရနိုင်တဲ့ ဆုဖလား နှစ်လုံး အတွက် အကောင်းဆုံး အားထုတ် ကြိုးပမ်းရမှာပါ။

အသင်းကတော့ အခြေအနေ ကောင်းနေတယ်။ အခု စိတ်ဓာတ်ပိုင်း အနေအထားကဆို ကောင်းတဲ့ဘက်ကို ဦးတည်နေပြီး ခုနောက်ပိုင်း ပွဲတချို့မှာ လုပ်ပြခဲတဲ့ အတိုင်း လိုအပ်တဲ့ နိုင်ပွဲတွေကို ရအောင် ယူသွားရမယ်။ ဒီလိုနဲ့ တိုက်ပွဲဝင်ပြီး ပိုကောင်းသည်ထက် ကောင်းလာ အောင် ထိန်းသွားရမယ်။ ” လို့ ပေါ့ဘာက ပြောဆိုခဲ့ပါတယ်။

အသက် ၂၇ နှစ် အရွယ် ပြင်သစ်သားဟာ အသင်းပြောင်းရွှေ့မယ့် သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိမှာတော့ ယူနိုက်တက်မှာ ပျော်ရွှင်နေကာ အသင်းနဲ့ အတူ ဆုဖလားတွေ ရနိုင်သလောက် ရယူဖို့ စိတ်အားထက်သန်နေပါတယ်။ လက်ရှိ ယူနိုက်တက်ဟာ မှန်ကန်တဲ့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့လည်း ပေါ့ဘာက ယုံကြည်နေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာက ၂၀၂၀ ထဲမွာေတာ့ သူ႔ရဲ႕ ဆုဖလား စုေဆာင္းေရးမွာ ဆုတံဆိပ္အသစ္ေတြ ထပ္ထည့္ခြင့္ ရဖို႔ ရည္မွန္းထားျပီး ယူနိုက္တက္ အေနနဲ႕လည္း ရနုိင္တဲ့ ဆုဖလား အခြင့္အေရးေတြကို ျဖဳန္းတီးမပစ္ဖို႔ သတိေပးလိုက္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အေၾကာင္း ေျပာရင္ ဆုဖလားေတြ အေၾကာင္းပဲ လို႔ ျပင္သစ္သားက ဖြင့္ဟခဲ့ျပီး ယူနုိက္တက္ဟာ ဒီရာသီ အက္ဖ္ေအ ဖလားနဲ႕ ယူရိုပါလိဂ္ဖလား ရယူနိုင္တဲ့ လမ္းေၾကာင္းေပၚမွာ ရွိေနပါတယ္။ ဒါ့အျပင္ ခ်န္ပီယံလိဂ္ ၀င္ခြင့္တစ္ေနရာ အတြက္လည္း အေျခအေန ေကာင္းမ်ား ရွိေနတာပါ။

ေပါ့ဘာကေတာ့ ရယူနုိင္ေသးတဲ့ ဆုဖလားေတြ ရွိေနတဲ့ အေပၚ အာရံုစိုက္ ရယူေစလိုေနျပီး အခြင့္ေကာင္းေတြ မျဖဳန္းတီးဖို႔ ထုတ္ေဖာ္ ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

” ယူနုိက္တက္ အေၾကာင္း ေျပာရင္ ဆုဖလားေတြ အေၾကာင္းပါပဲ ဒါကို က်ေနာ္တုိ႔ သေဘာေပါက္ၾကတယ္။ ဒါ့အျပင္ အခု က်ေနာ္တို႔ ရယူနုိင္တဲ့ ဆုဖလားေတြ လက္တစ္ကမ္းမွာ ရွိေနတယ္။ ဒီလို အခြင့္အေရးကို လက္လႊတ္ မပစ္ခ်င္ဘူး။ က်ေနာ္တို႔က ဒီ ရနုိင္တဲ့ ဆုဖလား နွစ္လံုး အတြက္ အေကာင္းဆံုး အားထုတ္ ၾကိဳးပမ္းရမွာပါ။

အသင္းကေတာ့ အေျခအေန ေကာင္းေနတယ္။ အခု စိတ္ဓာတ္ပိုင္း အေနအထားကဆို ေကာင္းတဲ့ဘက္ကို ဦးတည္ေနျပီး ခုေနာက္ပိုင္း ပြဲတခ်ိဳ႕မွာ လုပ္ျပခဲတဲ့ အတိုင္း လိုအပ္တဲ့ နုိင္ပြဲေတြကို ရေအာင္ ယူသြားရမယ္။ ဒီလိုနဲ႕ တိုက္ပြဲ၀င္ျပီး ပိုေကာင္းသည္ထက္ ေကာင္းလာ ေအာင္ ထိန္းသြားရမယ္။ ” လို႔ ေပါ့ဘာက ေျပာဆိုခဲ့ပါတယ္။

အသက္ ၂၇ နွစ္ အရြယ္ ျပင္သစ္သားဟာ အသင္းေျပာင္းေရႊ႕မယ့္ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ လက္ရွိမွာေတာ့ ယူနုိက္တက္မွာ ေပ်ာ္ရႊင္ေနကာ အသင္းနဲ႕ အတူ ဆုဖလားေတြ ရႏုိင္သေလာက္ ရယူဖို႔ စိတ္အားထက္သန္ေနပါတယ္။ လက္ရွိ ယူနိုက္တက္ဟာ မွန္ကန္တဲ့ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနတယ္လို႔လည္း ေပါ့ဘာက ယံုၾကည္ေနပါတယ္။