မရိုးနိုင်တဲ့ မေးခွန်း ဖြစ်တဲ့ မက်ဆီ Vs ရော်နယ်ဒို ဘယ်သူ ပိုကောင်းလဲ ဖြေသွားတဲ့ လီဗာပူးခံစစ်မှုး ရော်ဘတ်ဆန်

ဘောလုံးလောကမှာ မရိုးနိုင်တဲ့ အငြင်းပွားမှု တစ်ခု ဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူ ပိုကောင်းသလဲ ဆိုတာ ကို လီဗာပူး အစွန်ခံစစ်မှုး အန်ဒီ ရော်ဘတ်ဆန် က ခက်ခဲစွာ ရွေးချယ်မှု လတ်တလော အင်တာဗျူးမှာ ပြုလုပ်သွားခဲ့ပါတယ်။

ရော်ဘတ်ဆန်ဟာ လီဗာပူးအသင်းရဲ့ ဘယ်စွန်ခံစစ်မှာ အဓိက အသင်းသား အဖြစ် ဒီနှစ်တွေမှာ ပါဝင် ကစားနေသူ ဖြစ်ပြီး စကောတလန်သားဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာ မှာ မက်ဆီရော၊ ရော်နယ်ဒိုနဲ့ပါ ရင်ဆိုင် ကစားခဲ့ဖူးတာပါ။

မက်ဆီရဲ့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်အဆင့်မှာ တွေ့ခဲ့ဖူးတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းတွေမှာ ကစားခဲ့တဲ့ ရော်နယ်ဒိုကိုတော့ ချန်ပီယံလိဂ်ကော၊ ပရီးမီးယားလိဂ်မှာပါ ထိပ်တိုက်တွေ့ဖူးပါတယ်။

သူ့ကစားသမားဘဝထဲမှာ ရင်ဆိုင်ဖူးခဲ့တဲ့ အခက်ခဲဆုံး ပြိုင်ဘက်ကို မေးမြန်းခဲ့ရာ စကော့တလန် လက်ရွေးစင် ကစားသမားက အခုလို ဖြေကြားခဲ့တာပါ။

“ကျွန်တော့်အနေနဲ့ မက်ဆီလို့ ပြောရလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ရဲ့ အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်ခဲ့တာပါ။ ဒါကြောင့် ရွေးရမယ် ဆိုရင် ကျွန်တော်ကတော့ Team Messi ပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။

ရော်ဘတ်ဆန် ရဲ့ စကော့တလန် လက်ရွေးစင် အသင်းဟာ ဒီ ကာတာ ကမ္ဘာဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ ခြေစစ်ပွဲ မအောင်ခဲ့ပါဘူး။ ဘယ်အသင်း ဗိုလ်စွဲသွားနိုင်သလဲ အမေးကိုတော့ ရော်ဘတ်ဆန်က ဘရာဇီးနဲ့ အာဂျင်တီးနားတို့ ရမယ် ထင်ပြီး အသင်းဖော်တွေ ပိုရှိတဲ့ ဘရာဇီး ဖလားရသွားစေချင်ကြောင်း ပြောဆိုခဲ့ပါတယ်။