ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (13/07/20)

မြို့ခံ ပြိုင်ဘက် မန်စီးတီးရဲ့ ဥရောပ ပြိုင်ပွဲ ကစားခွင့် ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ် အယူခံ အောင်မြင်သွားတာကြောင့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အတွက်ဆို အဆင့် ၄ အတွင်း ဝင်မှ ဖြစ်မယ့် အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့် တနင်္ဂနွေနေ့ ပွဲစဉ်များ အပြီးမှာ ချယ်ဆီးရော လက်စတာပါ ရှုံးနိမ့်ထားတာကြောင့် ယူနိုက်တက်ဟာ ဆောက်သမ်တန်ကို အနိုင် ကစားနိုင်ရင် အဆင့် ၃ ထိ တက်လှမ်းနိုင်မယ့် အခြေအနေကောင်း ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက ဝေဖန်မှုတွေ ခံယူနေရတဲ့ ဂိုးသမား ဒီဂီယာ လက်စွမ်းနဲ့ ပတ်သတ်ပြီး သံသယ စိုးစဉ်းမှ မရှိတဲ့ အပြင် စပိန်သား အနေနဲ့ ကလပ်အသင်းနဲ့ အတူ ဆုဖလားတွေ ဒိထက် အများကြီး ပိုရသင့်တာ ဖြစ်တဲ့ အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာက ၂၀၂၀ ထဲမှာတော့ သူ့ရဲ့ ဆုဖလား စုဆောင်းရေးမှာ ဆုတံဆိပ်အသစ်တွေ ထပ်ထည့်ခွင့် ရဖို့ ရည်မှန်းထားပြီး ယူနိုက်တက် အနေနဲ့လည်း ရနိုင်တဲ့ ဆုဖလား အခွင့်အရေးတွေကို ဖြုန်းတီးမပစ်ဖို့ သတိပေးလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ ရှက်ဖီးကို ရှုံးနိမ့်တဲ့ ပွဲအပြီးမှာ ယူနိုက်တက် မှ အငှားထွက် ကစားနေတဲ့ လူငယ် ဂိုးသမား ဒင်းဟန်ဒါဆန် ကို ခေါ်ယူဖို့ ပိုမို စိတ်အားထက်သန်လာပြီး ချဉ်းကပ်ရန် စီစဉ်နေပါတယ်။

ဂိုးသမား ဒီဂီယာကတော့ ယူနိုက်တက်မှာ ကစားခဲ့တာ ၁၀ နှစ်ပြည့်တော့မယ်ဆိုတာက အိပ်မက်တစ်ခုလိုပဲ လို့ ဆိုလိုက်ပြီး ယူနိုက်တက် မှာပဲ နောက်ထပ် နှစ်ပေါင်းမြောက်များစွာ ဆက် ကစားသွားချင်ကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်မှာ လူငယ် ခြေတက်တွေ နေရာရလာတဲ့နောက် ယူနိုက်တက်ဟာ လူငယ်ကြယ်ပွင့် ကစားသမားတွေ လာရောက် ကစားနိုင်အောင် စည်းရုံးနိုင်တော့မယ်လို့ ဆိုးရှားက ယုံကြည်နေပါတယ်။

Zawgyi – ျမိဳ႔ခံ ျပိဳင္ဘက္ မန္စီးတီးရဲ႕ ဥေရာပ ျပိဳင္ပြဲ ကစားခြင့္ ပိတ္ပင္ခံရတဲ့ ျပစ္ဒဏ္ အယူခံ ေအာင္ျမင္သြားတာေၾကာင့္ ယူနိုက္တက္ဟာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႔ အတြက္ဆို အဆင့္ ၄ အတြင္း ၀င္မွ ျဖစ္မယ့္ အေနအထားကို ေရာက္ရွိလာခဲ့ပါတယ္။

ဒါေပမယ့္ တနဂၤေႏြေန႔ ပြဲစဥ္မ်ား အျပီးမွာ ခ်ယ္ဆီးေရာ လက္စတာပါ ရွံဳးနိမ့္ထားတာေၾကာင့္ ယူနုိက္တက္ဟာ ေဆာက္သမ္တန္ကို အနုိင္ ကစားနုိင္ရင္ အဆင့္ ၃ ထိ တက္လွမ္းနုိင္မယ့္ အေျခအေနေကာင္း ရွိေနပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ နည္းျပ ဆိုးရွားက ေ၀ဖန္မႈေတြ ခံယူေနရတဲ့ ဂိုးသမား ဒီဂီယာ လက္စြမ္းနဲ႕ ပတ္သတ္ျပီး သံသယ စိုးစဥ္းမွ မရွိတဲ့ အျပင္ စပိန္သား အေနနဲ႕ ကလပ္အသင္းနဲ႕ အတူ ဆုဖလားေတြ ဒိထက္ အမ်ားၾကီး ပိုရသင့္တာ ျဖစ္တဲ့ အတြက္ စိတ္မေကာင္း ျဖစ္မိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာက ၂၀၂၀ ထဲမွာေတာ့ သူ႔ရဲ႕ ဆုဖလား စုေဆာင္းေရးမွာ ဆုတံဆိပ္အသစ္ေတြ ထပ္ထည့္ခြင့္ ရဖို႔ ရည္မွန္းထားျပီး ယူနိုက္တက္ အေနနဲ႕လည္း ရနုိင္တဲ့ ဆုဖလား အခြင့္အေရးေတြကို ျဖဳန္းတီးမပစ္ဖို႔ သတိေပးလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ရွက္ဖီးကို ရွံဳးနိမ့္တဲ့ ပြဲအျပီးမွာ ယူနုိက္တက္ မွ အငွားထြက္ ကစားေနတဲ့ လူငယ္ ဂိုးသမား ဒင္းဟန္ဒါဆန္ ကို ေခၚယူဖို႔ ပိုမို စိတ္အားထက္သန္လာျပီး ခ်ဥ္းကပ္ရန္ စီစဥ္ေနပါတယ္။

ဂိုးသမား ဒီဂီယာကေတာ့ ယူနိုက္တက္မွာ ကစားခဲ့တာ ၁၀ ႏွစ္ျပည့္ေတာ့မယ္ဆိုတာက အိပ္မက္တစ္ခုလိုပဲ လို႔ ဆိုလိုက္ျပီး ယူနိုက္တက္ မွာပဲ ေနာက္ထပ္ နွစ္ေပါင္းေျမာက္မ်ားစြာ ဆက္ ကစားသြားခ်င္ေၾကာင္း ဖြင့္ဟ ေျပာဆိုသြားခဲ့ပါတယ္။

ယူနုိက္တက္မွာ လူငယ္ ေျခတက္ေတြ ေနရာရလာတဲ့ေနာက္ ယူနိုက္တက္ဟာ လူငယ္ၾကယ္ပြင့္ ကစားသမားေတြ လာေရာက္ ကစားနုိင္ေအာင္ စည္းရံုးနိုင္ေတာ့မယ္လို႕ ဆိုးရွားက ယံုၾကည္ေနပါတယ္။