ချယ်ဆီးအသင်း နည်းပြ ဖရန့်လမ်းပတ်က လန်ဒန်ကလပ်မှာ ပွဲထဲရောက်ရင် အချင်းချင်း ပြောဆိုဆက်သွယ်တဲ့ ကိစ္စမှာ လိုအပ်ချက် ရှိနေတာ ကာလရှည် ကြုံနေတဲ့ ပြဿနာ တစ်ရပ်ပဲ ဖြစ်ပြီး ဒါကို ပြင်ဆင်ကာ တိုးတက်အောင် လုပ်ဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ရှက်ဖီးကို စနေနေ့က ဂိုးပြတ် ရှုံးခဲ့ပြီးနောက် လမ်းပတ်က အသင်း လိုအပ်သည်များကို သုံးသပ်နေပါတယ်။
ဒီတပတ် အင်္ဂါနေ့မှာတော့ ချယ်ဆီးအသင်းဟာ တန်းဆင်းရပြီ ဖြစ်တဲ့ နောဝစ်ချ်နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ကြုံခဲ့တဲ့ ရှုံးပွဲကို အကောင်းဆုံး တုန့်ပြန်နိုင်ခွင့် ရှိနေပါတယ်။ ချယ်ဆီး အသင်း အဝတ်လဲခန်းထဲမှာ ကစားသမား အများစုက ခပ်အေးအေး ရှက်ရွံ့ရွံ ငြိမ်သက်နေတတ်သူတွေ ဖြစ်တာကြောင့် ကွင်းထဲမှာတော့ လမ်းပတ်က သွက်သွက်လက်လက် မြင်လိုနေပါတယ်။
” ကစားသမားတွေ အကြောင်း ပြောရရင် သူတို့ ပင်ကိုယ် စွမ်းရည် ခြေစွမ်းတွေကို အထာကျကျ ဖော်ပြဖို့က တော်တော် လွယ်ပါတယ်။ ဒါပေမယ့် ကစားသမားတွေ အနေနဲ့ အသင်းထဲမှာလည်း သဘောထား မှန်မှန် ကိုယ်ရည်ကိုယ်သွေး ပြသဖို့ လိုအပ်တယ်။ ဒါက ကျနော်တို့ တိုးတက်အောင် လုပ်ရမယ့် အပိုင်းလို့ ထင်တယ်။
လူငယ် ကစားသမားတွေဟာ အသံ ပိုထွက်ရမယ်။ ဒါကနေ သူတို့ ရင့်ကျက်လာပြီး အချင်းချင်းလည်း ပို သိလာမယ်။ ဒါကို စီနီယာ ကစားသမားကြီးတွေက တာဝန်ယူ ကူညီတာတွေ လုပ်ရမယ်။ တခါတလေ ပွဲထဲမှာ အဆုံးအဖြတ် ဖြစ်သွားနိုင်တဲ့ အရေးကြီး အချိန် ကြုံလာရင် ကစားသမား အများစုက စည်းထဲ ဝင် စီနေတာထက် အချင်းချင်း ဆက်သွယ် ပြောဆိုမှုတွေ လုပ်ရမယ်။ ကျနော်တို့ ကစားသမားတွေ တိုးတက်အောင် လုပ်ချိန် တန်နေပါပြီ။
ကစားသမား သုံးယောက် လောက်ကို ယှဉ်ရတာထက် ပါးစပ်လေး ဟ ဖို့ က အများကြီး ပိုလွယ်ပါတယ်။ ဒီတော့ ကိုယ့် အသံ ကိုယ် ထုတ်ကြပါ။ ဒါက ဘောလုံးမှာ အခြေခံ ကျတဲ့ အချက်လည်း ဖြစ်တယ်။ ကျနော်တို့ အိမ်ကွင်းမှာ ဒီလို ဆူညံသံတွေ လိုတယ်။ ပြီးခဲ့တဲ့ ပွဲမှာဆို ကွင်းထဲ ငြိမ်သက်နေကြတာပဲ။ ” လို့ လမ်းပတ်က သုံးသပ် ထောက်ပြခဲ့ပါတယ်။
ချယ်ဆီးအသင်းရဲ့ အချင်းချင်း ဆက်သွယ် ပြောဆိုမှု နည်းပါးကြတဲ့ ပြသနာဟာ အခုမှတော့ မဟုတ်ဘဲ ကာလရှည် ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ပူလီဆစ် အသင်းကို ရောက်ကာစကလည်း ပထမရက်မှာ သူ့ကို အရေးတယူ နှုတ်ဆက်မှုတွေ မရှိဘဲ အသင်းဖော်တွေက ဖာသိဖာသာ နေခဲ့ကြပုံကို အမေရိကန်သားက တစွန်းတစ ဖွင့်ဟခဲ့ဖူးပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္း နည္းျပ ဖရန္႔လမ္းပတ္က လန္ဒန္ကလပ္မွာ ပြဲထဲေရာက္ရင္ အခ်င္းခ်င္း ေျပာဆိုဆက္သြယ္တဲ့ ကိစၥမွာ လိုအပ္ခ်က္ ရွိေနတာ ကာလရွည္ ၾကံဳေနတဲ့ ျပႆနာ တစ္ရပ္ပဲ ျဖစ္ျပီး ဒါကို ျပင္ဆင္ကာ တိုးတက္ေအာင္ လုပ္ဖို႔ လိုအပ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ ခ်ယ္ဆီးအသင္းဟာ ရွက္ဖီးကို စေနေန႔က ဂိုးျပတ္ ရွံဳးခဲ့ျပီးေနာက္ လမ္းပတ္က အသင္း လိုအပ္သည္မ်ားကို သံုးသပ္ေနပါတယ္။
ဒီတပတ္ အဂၤါေန႔မွာေတာ့ ခ်ယ္ဆီးအသင္းဟာ တန္းဆင္းရျပီ ျဖစ္တဲ့ ေနာ၀စ္ခ်္နဲ႕ ရင္ဆိုင္ ကစားရမွာ ျဖစ္ျပီး ၾကံဳခဲ့တဲ့ ရွံဳးပြဲကို အေကာင္းဆံုး တုန္႔ျပန္နုိင္ခြင့္ ရွိေနပါတယ္။ ခ်ယ္ဆီး အသင္း အ၀တ္လဲခန္းထဲမွာ ကစားသမား အမ်ားစုက ခပ္ေအးေအး ရွက္ရြံ႕ရြံ ျငိမ္သက္ေနတတ္သူေတြ ျဖစ္တာေၾကာင့္ ကြင္းထဲမွာေတာ့ လမ္းပတ္က သြက္သြက္လက္လက္ ျမင္လိုေနပါတယ္။
” ကစားသမားေတြ အေၾကာင္း ေျပာရရင္ သူတို႔ ပင္ကိုယ္ စြမ္းရည္ ေျခစြမ္းေတြကို အထာက်က် ေဖာ္ျပဖို႔က ေတာ္ေတာ္ လြယ္ပါတယ္။ ဒါေပမယ့္ ကစားသမားေတြ အေနနဲ႕ အသင္းထဲမွာလည္း သေဘာထား မွန္မွန္ ကုိယ္ရည္ကိုယ္ေသြး ျပသဖို႔ လိုအပ္တယ္။ ဒါက က်ေနာ္တို႔ တိုးတက္ေအာင္ လုပ္ရမယ့္ အပိုင္းလို႔ ထင္တယ္။
လူငယ္ ကစားသမားေတြဟာ အသံ ပိုထြက္ရမယ္။ ဒါကေန သူတို႔ ရင့္က်က္လာျပီး အခ်င္းခ်င္းလည္း ပို သိလာမယ္။ ဒါကို စီနီယာ ကစားသမားၾကီးေတြက တာ၀န္ယူ ကူညီတာေတြ လုပ္ရမယ္။ တခါတေလ ပြဲထဲမွာ အဆံုးအျဖတ္ ျဖစ္သြားနိုင္တဲ့ အေရးၾကီး အခ်ိန္ ၾကံဳလာရင္ ကစားသမား အမ်ားစုက စည္းထဲ ၀င္ စီေနတာထက္ အခ်င္းခ်င္း ဆက္သြယ္ ေျပာဆိုမႈေတြ လုပ္ရမယ္။ က်ေနာ္တို႔ ကစားသမားေတြ တိုးတက္ေအာင္ လုပ္ခ်ိန္ တန္ေနပါျပီ။
ကစားသမား သံုးေယာက္ ေလာက္ကို ယွဥ္ရတာထက္ ပါးစပ္ေလး ဟ ဖို႔ က အမ်ားၾကီး ပိုလြယ္ပါတယ္။ ဒီေတာ့ ကိုယ့္ အသံ ကိုယ္ ထုတ္ၾကပါ။ ဒါက ေဘာလံုးမွာ အေျခခံ က်တဲ့ အခ်က္လည္း ျဖစ္တယ္။ က်ေနာ္တို႔ အိမ္ကြင္းမွာ ဒီလို ဆူညံသံေတြ လိုတယ္။ ျပီးခဲ့တဲ့ ပြဲမွာဆို ကြင္းထဲ ျငိမ္သက္ေနၾကတာပဲ။ ” လို႔ လမ္းပတ္က သံုးသပ္ ေထာက္ျပခဲ့ပါတယ္။
ခ်ယ္ဆီးအသင္းရဲ႕ အခ်င္းခ်င္း ဆက္သြယ္ ေျပာဆိုမႈ နည္းပါးၾကတဲ့ ျပသနာဟာ အခုမွေတာ့ မဟုတ္ဘဲ ကာလရွည္ ၾကံဳေတြ႔ေနရတာ ျဖစ္ပါတယ္။ ပူလီဆစ္ အသင္းကို ေရာက္ကာစကလည္း ပထမရက္မွာ သူ႔ကို အေရးတယူ နႈတ္ဆက္မႈေတြ မရွိဘဲ အသင္းေဖာ္ေတြက ဖာသိဖာသာ ေနခဲ့ၾကပံုကို အေမရိကန္သားက တစြန္းတစ ဖြင့္ဟခဲ့ဖူးပါတယ္။