ခရစ္စတယ်ပဲလေ့စ် Vs မန်ယူနိုက်တက် ပွဲအတွက် ဘီဘီစီမှ လော်ရိုး သုံးသပ်ခန့်မှန်း

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အမှားခံလို့ မရတော့ဘဲ ပွဲစဉ်တိုင်း အရေးကြီးလာပြီ ဖြစ်တဲ့ ယူနိုက်တက်ဟာ ဒီတပတ်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ်ရဲ့ အစောပိုင်း ပွဲစဉ်မှာတော့ ချယ်ဆီးက နောဝစ်ချ်ကို အနိုင်ကန်သွားပြီး ဖြစ်တာကြောင့် လက်စတာနဲ့ ယူနိုက်တက်တို့မှာ အမှတ်လျော့တဲ့သူက ခံရမယ့် အနေအထား ရှိနေပါတယ်။

ပဲလေ့စ် နဲ့ ယူနိုက်တက်တို့ ပွဲချိန် ကတော့ ဇူလိုင် ၁၇ ရက် (သောကြာနေ့) နံနက် ၁း၄၅ နာရီ မှာပါ။ ဒီပွဲ အတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေ ထွက်ပေါ်နေပါပြီ။

” ပဲလေ့စ်ဟာ အခုဆို လိဂ်ပွဲ ငါးပွဲဆက် ရှုံးနိမ့်ထားပြီး ယူနိုက်တက်ကတော့ ဆောက်သမ်တန်ကိုသာ သရေမကျခဲ့ရင် ငါးပွဲဆက် နိုင်ပွဲ ပြောခွင့် ရခဲ့မယ့် အသင်း ဖြစ်ပါတယ်။ ပုံစံကောင်း ရထားပြီး တွန်းအားတွေ ရှိထားတဲ့ အသင်းကို ကျော်ဖြတ်ကို့က ခက်ခဲပါတယ်။ ယူနိုက်တက်ကို ပဲလေ့စ်တို့ ဂိုးလည်း သွင်းနိုင်မှာ မဟုတ်သလို ရပ်တန့်နိုင်မှာလည်း မဟုတ်ပါဘူး။ ” လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ ခရစ္စတယ်ပဲလေ့စ် 0-2 မန်ယူနိုက်တက် ဖြစ်ပါတယ်။

Zawgyi – ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ အမွားခံလို႔ မရေတာ့ဘဲ ပြဲစဥ္တိုင္း အေရးၾကီးလာျပီ ျဖစ္တဲ့ ယူနုိက္တက္ဟာ ဒီတပတ္မွာ ခရစၥတယ္ပဲေလ့စ္ အသင္းနဲ႕ ေတြ႔ဆံုေနျပီး အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ဒီတစ္ပတ္ရဲ႕ အေစာပိုင္း ပြဲစဥ္မွာေတာ့ ခ်ယ္ဆီးက ေနာ၀စ္ခ်္ကို အနိုင္ကန္သြားျပီး ျဖစ္တာေၾကာင့္ လက္စတာနဲ႕ ယူနိုက္တက္တို႔မွာ အမွတ္ေလ်ာ့တဲ့သူက ခံရမယ့္ အေနအထား ရွိေနပါတယ္။

ပဲေလ့စ္ နဲ႕ ယူနုိက္တက္တို႔ ပြဲခ်ိန္ ကေတာ့ ဇူလိုင္ ၁၇ ရက္ (ေသာၾကာေန႔) နံနက္ ၁း၄၅ နာရီ မွာပါ။ ဒီပြဲ အတြက္ ဘီဘီစီမွ ေလာ္ရိုးရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ေတြ ထြက္ေပၚေနပါျပီ။

” ပဲေလ့စ္ဟာ အခုဆို လိဂ္ပြဲ ငါးပြဲဆက္ ရွံဳးနိမ့္ထားျပီး ယူနုိက္တက္ကေတာ့ ေဆာက္သမ္တန္ကိုသာ သေရမက်ခဲ့ရင္ ငါးပြဲဆက္ နုိင္ပြဲ ေျပာခြင့္ ရခဲ့မယ့္ အသင္း ျဖစ္ပါတယ္။ ပံုစံေကာင္း ရထားျပီး တြန္းအားေတြ ရွိထားတဲ့ အသင္းကို ေက်ာ္ျဖတ္ကို႔က ခက္ခဲပါတယ္။ ယူနုိက္တက္ကို ပဲေလ့စ္တို႔ ဂိုးလည္း သြင္းနုိင္မွာ မဟုတ္သလို ရပ္တန္႔နုိင္မွာလည္း မဟုတ္ပါဘူး။ ” လို႔ ေလာ္ရိုးက ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ ခရစၥတယ္ပဲေလ့စ္ 0-2 မန္ယူနိုက္တက္ ျဖစ္ပါတယ္။