ခရစ္စတယ်ပဲလေ့စ် Vs မန်ယူနိုက်တက် ပွဲ အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
Uni – ဆောက်သမ်တန်ကို အနိုင် မကန်နိုင်လို့ အဆင့် ၃ နေရာ တက်ခွင့် လွဲခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ထပ် ပွဲစဉ်မှာတော့ ခရစ္စတယ်ပဲလေ့စ် နဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။
ပွဲချိန် ကတော့ ဇူလိုင် ၁၇ ရက် (သောကြာနေ့) နံနက် ၁း၄၅ နာရီ မှာပါ။ ဒီပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ်ထားပါတယ်။
” ပဲလေစ့်ဟာ ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်တိုက် ရံှူးပွဲတွေ့မှုကို ရင်ဆိုင်ထားရတယ်။ အက်စတွန်ဗီလာကို ၂-၀ နဲ့ အရေးနိမ့်တဲ့ပွဲမှာ နောက်ဆုံး မိနစ်အတွင်း ဘန်တီကီက ထုတ်ပယ်ခံခဲ့ရတယ်။ ဒါကြောင့် ရာသီ အကုန်အထိ မန်နေဂျာ ရွိုင်ဟောင်ဆန်ဟာ တိုက်စစ်သမားကို အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူူး။
အခြားတစ်ဘက်မှာ ယူနိုက်တက်ကတော့ ဆောက်သမ်တန်ကို နောက်ကျမိနစ်အတွင်း စိတ်ပျက်ဖွယ်ရာ သွင်းဂိုးကို ပေးလိုက်ရပေမယ့် သူတို့က ကောင်းမွန်တဲ့ အခိုက်အတန့်ကို ပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။ သူတို့က လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကောင်းဆုံး အခွင့်အရေးတွေ ရဖို့လည်း လုပ်ဆောင်နေတာဖြစ်တယ်။
ယူနိုက်တက်က နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပြိုင်ပွဲ ၁၈ ပွဲဆက်တိုက် အရေးမနိမ့်ထားသလို အဲ့ထဲမှာ ၁၁ ပွဲက ပရီးမီးယားလိဂ်ပွဲ ဖြစ်ပါတယ်။ ပဲလေစ့်က ယူနိုက်တက်ကို ပြဿနာပေးဖို့ဆိုတာ ခက်ခဲလွန်းလှပြီး မန်နေဂျာဆိုးရှားရဲ့ အသင်းကပဲ အနိုင်ယူသွားလိမ့်မယ်လို့ ထင်ပါတယ်။ ” လို့ အိုဝင်က ဆိုပါတယ်။
မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ် ကတော့ ပထမပိုင်းကော၊ ဒုတိယပိုင်းမှာပါ ယူနိုက်တက် အနိုင်ရလဒ်ပဲ လို့ ဖြစ်ပါတယ်။