ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (14/07/20)

အမ်ဘာပေ နေရာ အစားထိုးနိုင်ရန် အတွက် ပီအက်စ်ဂျီက တိုက်စစ်သမား တစ်ဦး ရှာဖွေနေရာ ယူနိုက်တက်ရဲ့ ရက်ဖို့ဒ်ကို မျက်စိကျနေပြီး ယူနိုက်တက် ဘက်ကလည်း အင်္ဂလန်သား အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ဝန်းကျင် ရရင်တော့ လက်လွှတ်ဖွယ် ရှိနေပါတယ်။

ယူနိုက်တက်နဲ့ ဆောက်သမ်တန် သရေကျတဲ့ပွဲမှာ ဂရင်းဝုဒ်ကို ညံ့ဖျင်းတဲ့ ဖျက်ထုတ်မှုလုပ်ခဲ့တဲ့ ရိုမီယို အား ဘာ ပြစ်ဒဏ်မှ မပေးသလို VAR လည်း မကြည့်တာကြောင့် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ထိုဖျက်ထုတ်မှုက အခန့်မသင့်ရင် ဂရင်းဝုဒ် ခြေထောက် ကျိုးသွားနိုင်တယ်လို့ နဗီးလ်က သုံးသပ်ခဲ့ပါတယ်။

လက်စတာနဲ့ ချယ်ဆီးတို့ကို ကျော်တက်နိုင်ခွင့် ရှိခဲ့ပေမယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့တဲ့သူ့အသင်းကို ဆိုးရှားကတော့ အပြစ်မတင်ခဲ့ဘဲ ဒါဟာ လူငယ်ကစားသမားတွေအတွက် သင်ခန်းစာ ယူရမယ့်အရာပဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူ ပေါ စခိုးလ် ကတော့ ညက ကစားခဲ့တဲ့ပွဲပြီးခါနီးမှ ခွင့်ပြုလိုက်ရတဲ့ စိန့်အသင်းရဲ့ ဒုတိယ ချေပဂိုးနဲ့ ပတ်သတ်ပြီး ခံစစ်မှူး လင်ဒီလော့ဖ်ကို ပြင်းပြင်းထန်ထန် အပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားက အသင်းသားအားလုံး စိတ်ပျက်နေမှာ သေချာပေမယ့် လက်ကျန်ပွဲစဉ်တွေ အတွက် အားတင်းပြီး လိုချင်တဲ့ ရလဒ်အတွက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်ဆီး အပါအဝင် အခြား ပြိုင်ဘက် အသင်းတွေ ဘာလုပ်မယ် ဆိုတာ တွေးပူနေမှာ မဟုတ်ဘဲ ကိုယ့် အလုပ် ကိုယ် အာရုံစိုက် လုပ်သွားမှာ ဖြစ်ကြောင်း နည်းပြ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

လက်ရှိ မြင်နေရတဲ့ ၂၀၂၀ ယူနိုက်တက်ဟာ စိတ်လှုပ်ရှားစရာ အရည်အချင်းကောင်း ကစားသမားတွေ စုစည်း လာနေပြီ ဖြစ်ပြီး စောင့်ကြည့်ချင်စရာ ယူနိုက်တက် အသင်းတစ်သင်း ကို နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ် ပြန်မြင်လာရပြီလို့ စခိုးလ်က ဆိုခဲ့ပါတယ်။

Zawgyi – အမ္ဘာေပ ေနရာ အစားထိုးနုိင္ရန္ အတြက္ ပီအက္စ္ဂ်ီက တိုက္စစ္သမား တစ္ဦး ရွာေဖြေနရာ ယူနုိက္တက္ရဲ႕ ရက္ဖို႔ဒ္ကို မ်က္စိက်ေနျပီး ယူနုိက္တက္ ဘက္ကလည္း အဂၤလန္သား အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၀၀ ၀န္းက်င္ ရရင္ေတာ့ လက္လႊတ္ဖြယ္ ရွိေနပါတယ္။

ယူႏုိက္တက္နဲ႔ ေဆာက္သမ္တန္ သေရက်တဲ့ပြဲမွာ ဂရင္းဝုဒ္ကို ညံ့ဖ်င္းတဲ့ ဖ်က္ထုတ္မႈလုပ္ခဲ့တဲ့ ရိုမီယို အား ဘာ ျပစ္ဒဏ္မွ မေပးသလို VAR လည္း မၾကည့္တာေၾကာင့္ ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။ ထိုဖ်က္ထုတ္မႈက အခန္႔မသင့္ရင္ ဂရင္း၀ုဒ္ ေျခေထာက္ က်ိဳးသြားနုိင္တယ္လို႔ နဗီးလ္က သံုးသပ္ခဲ့ပါတယ္။

လက္စတာနဲ႕ ခ်ယ္ဆီးတို႔ကို ေက်ာ္တက္နုိင္ခြင့္ ရွိခဲ့ေပမယ့္ အခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့တဲ့သူ႔အသင္းကို ဆိုးရွားကေတာ့ အျပစ္မတင္ခဲ့ဘဲ ဒါဟာ လူငယ္ကစားသမားေတြအတြက္ သင္ခန္းစာ ယူရမယ့္အရာပဲ ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ ဂႏၲဝင္ ကြင္းလယ္လူ ေပါ စခိုးလ္ ကေတာ့ ညက ကစားခဲ့တဲ့ပြဲဲျပီးခါနီးမွ ခြင့္ျပဳလိုက္ရတဲ့ စိန္႔အသင္းရဲ႕ ဒုတိယ ေခ်ပဂိုးနဲ႔ ပတ္သတ္ၿပီး ခံစစ္မွဴး လင္ဒီေလာ့ဖ္ကို ျပင္းျပင္းထန္ထန္ အျပစ္တင္ ေဝဖန္သြားခဲ့ပါတယ္။

ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားက အသင္းသားအားလုံး စိတ္ပ်က္ေနမွာ ေသခ်ာေပမယ့္ လက္က်န္ပြဲစဥ္ေတြ အတြက္ အားတင္းၿပီး လိုခ်င္တဲ့ ရလဒ္အတြက္ ႀကိဳးစားသြားမယ္လို႔ ဆိုပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ခ်ယ္ဆီး အပါအ၀င္ အျခား ျပိဳင္ဘက္ အသင္းေတြ ဘာလုပ္မယ္ ဆိုတာ ေတြးပူေနမွာ မဟုတ္ဘဲ ကုိယ့္ အလုပ္ ကိုယ္ အာရံုစိုက္ လုပ္သြားမွာ ျဖစ္ေၾကာင္း နည္းျပ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

လက္ရွိ ျမင္ေနရတဲ့ ၂၀၂၀ ယူနုိက္တက္ဟာ စိတ္လႈပ္ရွားစရာ အရည္အခ်င္းေကာင္း ကစားသမားေတြ စုစည္း လာေနျပီ ျဖစ္ျပီး ေစာင့္ၾကည့္ခ်င္စရာ ယူနိုက္တက္ အသင္းတစ္သင္း ကို နွစ္ေပါင္းမ်ားစြာ အတြင္း ပထမဆံုး အၾကိမ္ ျပန္ျမင္လာရျပီလို႔ စခိုးလ္က ဆိုခဲ့ပါတယ္။