တိုက်စစ်မှူးသစ် ထွက်ရှာဖြစ်အောင် ယူနိုက်တက် နည်းပြ ဆိုးရှားကို ပြောင်းလဲစေခဲ့တဲ့ ပွဲစဉ်

မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီလထဲက မြို့ခံ ပြိုင်ဘက် စီးတီးနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ရပြီးနောက် နည်းပြ ဆိုးရှားဟာ အသင်း အတွက် တိုက်စစ်မှူးသစ် တစ်ယောက် ခေါ်ကို ခေါ်ရမယ်လို့ ဆုံးဖြတ်ချက် ချဖြစ်ခဲ့ကြောင်း the Athletic သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

ပက်ဂွာဒီယိုလာရဲ့ စီးတီးဟာ မာရက်စ်၊ ဘာနာဒိုဆေးလ်ဗားတို့ သွင်းဂိုးတွေ အပြင် ပါရဲရား ကိုယ့် ဂိုး ကိုယ်သွင်းတဲ့ တစ်ဂိုး ပါ ရလိုက်တာကြောင့် သုံးဂိုးပြတ်နဲ့ အိုးထရက်ဖို့ဒ်မှာ နိုငပွဲ ယူခဲ့ပါတယ်။ ထိုပွဲမှာ ရက်ဖို့ဒ်က ပွဲပြီးခါနီး ဂိုးသွင်းခဲ့သော်လည်း ယူနိုက်တက် ကို မဆယ်တင်နိုင်ခဲ့တော့ပါဘူး။

ယူနိုက်တက်ဟာ ဒီရာသီ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ခဲ့ပေမယ့် စီးတီးနဲ့ ရင်ဆိုင်ရချိန်မှာ အသင်း တိုက်စစ်က အစွယ်မရှိဘဲ တိမ်မြုပ်နေခဲ့ပြီး ယူနိုက်တက် အားကိုးလာရတဲ့ လူငယ်တိုက်စစ် မေဆန်ဂရင်းဝုဒ်လည်း မလှုပ်ရှားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဆိုးရှားဟာ ထိုပွဲ အပြီးမှာ အသင်း တိုက်စစ်ရဲ့ လျော့ရဲမှုကို ပိုသဘောပေါက်ခဲ့ပြီး တိုက်စစ်မှူးသစ် တစ်ဦး အပူတပြင်း ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီမှာ တိုက်စစ်မှူးသစ် ခေါ်ဖို့ အသည်းအသန် လုပ်ဆောင်ခဲ့ပေမယ့် နော်ဝေသား လူငယ်ကြယ်ပွင့် ဟာလန်းကို လက်လွှတ်ခဲ့ရတာကြောင့် တိုက်စစ်မှူး အစ်ဟာလို ကို အမြန် အငှား ခေါ်ယူဖြစ်ခဲ့ပါတယ်။ နိုင်ဂျီးရီးယားသားဟာ ခြေစွမ်းကောင်းတွေ ပြသထားတာကြောင့် ယူနိုက်တက်က နောက်ထပ် ၆ လ အငှား သက်တမ်း တိုးထားပါတယ်။

ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ရေရှည် အတွက် အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ရှာဖွေနေဆဲ ဖြစ်ပြီး တိုက်စစ် အင်အားဖြည့်မှု တစ်ရပ် အနေနဲ့ ဒေါ့မွန်မှ တောင်ပံတိုက်စစ် ဆန်ချိုကိုလည်း ပစ်မှတ်ထားနေပါတယ်။

ဂရင်းဝုဒ်ရဲ့ လတ်တလော အစွမ်းပြမှုများကြောင့် ဆိုးရှားရဲ့ တိုက်စစ်ပစ်မှတ်တွေ ငြိမ်သက်သွားနိုင်တယ် ယူဆနေကြပေမယ့် ယူနိုက်တက် နည်းပြ ကတော့ မြို့ခံ ပြိုင်ဘက် ပေးခဲ့တဲ့ သင်ခန်းစာ ကြောင့် ပွဲကြီးတွေမှာပါ တကယ် အားထားနိုင်တဲ့ တိုက်စစ်မှူး ရှာဖွေနေဆဲ လို့ ယူနိုက်တက်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ထုတ်ဖော် အသိပေးခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ဇန္န၀ါရီလထဲက ျမိဳ႔ခံ ျပိဳင္ဘက္ စီးတီးနဲ႕ ရင္ဆုိင္ရတဲ့ ပြဲစဥ္မွာ ၃-၁ နဲ႕ ရွံဳးနိမ့္ခဲ့ရျပီးေနာက္ နည္းျပ ဆိုးရွားဟာ အသင္း အတြက္ တိုက္စစ္မွဴးသစ္ တစ္ေယာက္ ေခၚကို ေခၚရမယ္လို႔ ဆံုးျဖတ္ခ်က္ ခ်ျဖစ္ခဲ့ေၾကာင္း the Athletic သတင္းဌာနက ေဖာ္ထုတ္ခဲ့ပါတယ္။

ပက္ဂြာဒီယိုလာရဲ႕ စီးတီးဟာ မာရက္စ္၊ ဘာနာဒိုေဆးလ္ဗားတို႔ သြင္းဂိုးေတြ အျပင္ ပါရဲရား ကိုယ့္ ဂိုး ကုိယ္သြင္းတဲ့ တစ္ဂိုး ပါ ရလိုက္တာေၾကာင့္ သံုးဂိုးျပတ္နဲ႕ အိုးထရက္ဖို႕ဒ္မွာ နုိငပြဲ ယူခဲ့ပါတယ္။ ထိုပြဲမွာ ရက္ဖို႔ဒ္က ပြဲျပီးခါနီး ဂိုးသြင္းခဲ့ေသာ္လည္း ယူနိုက္တက္ ကို မဆယ္တင္နုိင္ခဲ့ေတာ့ပါဘူး။

ယူနိုက္တက္ဟာ ဒီရာသီ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ခဲ့ေပမယ့္ စီးတီးနဲ႕ ရင္ဆုိင္ရခ်ိန္မွာ အသင္း တိုက္စစ္က အစြယ္မရွိဘဲ တိမ္ျမဳပ္ေနခဲ့ျပီး ယူနိုက္တက္ အားကိုးလာရတဲ့ လူငယ္တိုက္စစ္ ေမဆန္ဂရင္း၀ုဒ္လည္း မလႈပ္ရွားနိုင္ခဲ့တာ ေတြ႔ရပါတယ္။ ဆိုးရွားဟာ ထိုပြဲ အျပီးမွာ အသင္း တိုက္စစ္ရဲ႕ ေလ်ာ့ရဲမႈကို ပိုသေဘာေပါက္ခဲ့ျပီး တိုက္စစ္မွဴးသစ္ တစ္ဦး အပူတျပင္း ရွာေဖြခဲ့တယ္လို႔ သိရပါတယ္။

ဇန္န၀ါရီမွာ တိုက္စစ္မွဴးသစ္ ေခၚဖို႔ အသည္းအသန္ လုပ္ေဆာင္ခဲ့ေပမယ့္ ေနာ္ေ၀သား လူငယ္ၾကယ္ပြင့္ ဟာလန္းကို လက္လႊတ္ခဲ့ရတာေၾကာင့္ တိုက္စစ္မွဴး အစ္ဟာလို ကို အျမန္ အငွား ေခၚယူျဖစ္ခဲ့ပါတယ္။ နိုင္ဂ်ီးရီးယားသားဟာ ေျခစြမ္းေကာင္းေတြ ျပသထားတာေၾကာင့္ ယူနုိက္တက္က ေနာက္ထပ္ ၆ လ အငွား သက္တမ္း တိုးထားပါတယ္။

ဒါေပမယ့္ ယူနုိက္တက္ နည္းျပ ဆိုးရွားဟာ ေရရွည္ အတြက္ အေထာင္ တိုက္စစ္မွဴး တစ္ဦး ေခၚယူဖို႔ ရွာေဖြေနဆဲ ျဖစ္ျပီး တိုက္စစ္ အင္အားျဖည့္မႈ တစ္ရပ္ အေနနဲ႕ ေဒါ့မြန္မွ ေတာင္ပံတိုက္စစ္ ဆန္ခ်ိဳကိုလည္း ပစ္မွတ္ထားေနပါတယ္။

ဂရင္း၀ုဒ္ရဲ႕ လတ္တေလာ အစြမ္းျပမႈမ်ားေၾကာင့္ ဆိုးရွားရဲ႕ တိုက္စစ္ပစ္မွတ္ေတြ ျငိမ္သက္သြားနုိင္တယ္ ယူဆေနၾကေပမယ့္ ယူနုိက္တက္ နည္းျပ ကေတာ့ ျမိဳ႔ခံ ျပိဳင္ဘက္ ေပးခဲ့တဲ့ သင္ခန္းစာ ေၾကာင့္ ပြဲၾကီးေတြမွာပါ တကယ္ အားထားနုိင္တဲ့ တိုက္စစ္မွဴး ရွာေဖြေနဆဲ လို႔ ယူနုိက္တက္နဲ႕ နီးစပ္တဲ့ အသိုင္းအ၀ိုင္းက ထုတ္ေဖာ္ အသိေပးခဲ့ပါတယ္။