တွဲကစားဖို့ ဟာဇက် ကိုယ်တိုင် ဘာလို့ သိပ်သဘောကျခဲ့သလဲ ဆိုတာ သက်သေပြနေတဲ့ ချယ်ဆီး တိုက်စစ်မှူး ဂျီရူး

ချယ်ဆီး အသင်းဟာ ငယ်ရွယ်တဲ့ အသင်းသားတွေကို ဒီရာသီမှာ နေရာပေးလာခဲ့ပေမယ့် ဝါရင့် ကစားသမားတွေက အသင်းရဲ့ အရေးကြီးဆုံး အစိတ်အပိုင်း အဖြစ် ပါဝင်နေဆဲ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဂျီရူးဟာ အခွင့်အရေး ပြန်ရလာချိန်မှာ တကျော့ပြန် အစွမ်းပြနေပြီး နောဝစ်ချ်နဲ့ ပွဲမှာ အရေးပါတဲ့ အနိုင်ဂိုး သွင်းပေးခဲ့ပါတယ်။

ချယ်ဆီး တိုက်စစ်သမားတွေထဲမှာ ဂျီရူးက အသံသြဇာလွှမ်းလွှမ်းနဲ့ အသင်းကို ကူညီဦးဆောင်ပေးနိုင်သူ ဖြစ်ပြီး လမ်းပတ် ဒီတလော ထောက်ပြတဲ့ ကစားသမားတွေချင်း ဆက်သွယ်ပြောဆိုမှု လိုအပ်နေတဲ့ အချက်ကိုလည်း ဖြေရှင်းပေးခဲ့ပါတယ်။

ဂျီရူးဟာ လူငယ်တွေ များနေတဲ့ ချယ်ဆီး အသင်းမှာ အရေးပါတဲ့ အသင်းသား အဖြစ် ရှိနေဆဲဖြစ်ပြီး လက်ရှိမှာလည်း တောင်ပံက အမေရိကန် ကြယ်ပွင့် ပူလီဆစ်နဲ့ အတွဲညီစွာ တွဲဖက် ကစားနေပါတယ်။ ဂျီရူးဟာ ပြိုင်ဘက် ကစားသမားတွေ အာရုံကို ဆွဲဆောင်နိုင်တဲ့ အထောင် တိုက်စစ်မှူးကောင်း ဖြစ်ပြီး အသင်းဖော်တွေကို ပိုပြီး လွတ်လပ်စွာ ကစားရအောင် ကူညီ ပေးနိုင်ပါတယ်။

အသက် ၃၃ နှစ် ရှိပြီ ဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ပွဲ ကစားခဲ့တာ ပွဲ ၂၀၀ ကျော်သွားပြီ ဖြစ်ပြီး သူ့ရဲ့ ကစားဟန်နဲ့ အားသာချက်ကို သတိမပြုမိသူတွေ အများအပြား ရှိကြပါတယ်။ ချယ်ဆီး ကြယ်ပွင့်ဟောင်း ဟာဇက် က ဂျီရူးရဲ့ အားသာချက်နဲ့ အရည်အချင်းကို ကောင်းစွာ သိမြင်သူ ဖြစ်ပြီး ပြင်သစ်သားနဲ့ တွဲဖက် ကစားရတာ အလွန်နှစ်ခြိုက် သဘောကျခဲ့ပါတယ်။

” အိုလီဗီယာ (ဂျီရူး) က ပြိုင်ဘက်တွေ ပစ်မှတ်ထားခံရပြီး အကောင်းဆုံး လှုပ်ရှားပေးနိုင်တဲ့ အထောင် တိုက်စစ်မှူး ပဲ။ သူက ဘောလုံးကို ရလာရင် ကိုင်ထားပြီး အသင်းဖော်တွေနဲ့ အတူ ရှေ့တက် တိုက်စစ်ဆင်တယ်။ ကျနော်တို့ (တောင်ပံ ကစားသမားတွေ) အတွက်တော့ ဂျီရူးနဲ့ တွဲ ကစားရတာ သိပ် သာသာယာယာ ရှိတယ်။ ” လို့ ဟာဇက် က ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။

ဒီတလော သီတင်းပတ်များမှာ ပူလီဆစ်ကလည်း ချယ်ဆီး အသင်းမှာ ပုံမှန် ပွဲ ကစားခွင့် ရလာနေပြီး ဂျီရူးနဲ့ တွဲဖက် ကစား ခြေစွမ်းပြ လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီး အသင္းဟာ ငယ္ရြယ္တဲ့ အသင္းသားေတြကို ဒီရာသီမွာ ေနရာေပးလာခဲ့ေပမယ့္ ၀ါရင့္ ကစားသမားေတြက အသင္းရဲ႕ အေရးၾကီးဆံုး အစိတ္အပိုင္း အျဖစ္ ပါ၀င္ေနဆဲ ျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းရဲ႕ ၀ါရင့္တိုက္စစ္မွဴး ဂ်ီရူးဟာ အခြင့္အေရး ျပန္ရလာခ်ိန္မွာ တေက်ာ့ျပန္ အစြမ္းျပေနျပီး ေနာ၀စ္ခ်္နဲ႕ ပြဲမွာ အေရးပါတဲ့ အနုိင္ဂိုး သြင္းေပးခဲ့ပါတယ္။

ခ်ယ္ဆီး တိုက္စစ္သမားေတြထဲမွာ ဂ်ီရူးက အသံၾသဇာလႊမ္းလႊမ္းနဲ႕ အသင္းကို ကူညီဦးေဆာင္ေပးနုိင္သူ ျဖစ္ျပီး လမ္းပတ္ ဒီတေလာ ေထာက္ျပတဲ့ ကစားသမားေတြခ်င္း ဆက္သြယ္ေျပာဆိုမႈ လိုအပ္ေနတဲ့ အခ်က္ကိုလည္း ေျဖရွင္းေပးခဲ့ပါတယ္။

ဂ်ီရူးဟာ လူငယ္ေတြ မ်ားေနတဲ့ ခ်ယ္ဆီး အသင္းမွာ အေရးပါတဲ့ အသင္းသား အျဖစ္ ရွိေနဆဲျဖစ္ျပီး လက္ရွိမွာလည္း ေတာင္ပံက အေမရိကန္ ၾကယ္ပြင့္ ပူလီဆစ္နဲ႕ အတြဲညီစြာ တြဲဖက္ ကစားေနပါတယ္။ ဂ်ီရူးဟာ ျပိဳင္ဘက္ ကစားသမားေတြ အာရံုကို ဆြဲေဆာင္နုိင္တဲ့ အေထာင္ တိုက္စစ္မွဴးေကာင္း ျဖစ္ျပီး အသင္းေဖာ္ေတြကို ပိုျပီး လြတ္လပ္စြာ ကစားရေအာင္ ကူညီ ေပးနုိင္ပါတယ္။

အသက္ ၃၃ နွစ္ ရွိျပီ ျဖစ္တဲ့ ၀ါရင့္ တိုက္စစ္မွဴးဟာ ပရီးမီးယားလိဂ္ ပြဲ ကစားခဲ့တာ ပြဲ ၂၀၀ ေက်ာ္သြားျပီ ျဖစ္ျပီး သူ႔ရဲ႕ ကစားဟန္နဲ႕ အားသာခ်က္ကို သတိမျပဳမိသူေတြ အမ်ားအျပား ရွိၾကပါတယ္။ ခ်ယ္ဆီး ၾကယ္ပြင့္ေဟာင္း ဟာဇက္ က ဂ်ီရူးရဲ႕ အားသာခ်က္နဲ႕ အရည္အခ်င္းကို ေကာင္းစြာ သိျမင္သူ ျဖစ္ျပီး ျပင္သစ္သားနဲ႕ တြဲဖက္ ကစားရတာ အလြန္နွစ္ျခိဳက္ သေဘာက်ခဲ့ပါတယ္။

” အိုလီဗီယာ (ဂ်ီရူး) က ျပိဳင္ဘက္ေတြ ပစ္မွတ္ထားခံရျပီး အေကာင္းဆံုး လႈပ္ရွားေပးနုိင္တဲ့ အေထာင္ တိုက္စစ္မွဴး ပဲ။ သူက ေဘာလံုးကို ရလာရင္ ကိုင္ထားျပီး အသင္းေဖာ္ေတြနဲ႕ အတူ ေရွ႕တက္ တိုက္စစ္ဆင္တယ္။ က်ေနာ္တို႔ (ေတာင္ပံ ကစားသမားေတြ) အတြက္ေတာ့ ဂ်ီရူးနဲ႕ တြဲ ကစားရတာ သိပ္ သာသာယာယာ ရွိတယ္။ ” လို႔ ဟာဇက္ က ထုတ္ေဖာ္ ေျပာဆိုခဲ့ဖူးပါတယ္။

ဒီတေလာ သီတင္းပတ္မ်ားမွာ ပူလီဆစ္ကလည္း ခ်ယ္ဆီး အသင္းမွာ ပံုမွန္ ပြဲ ကစားခြင့္ ရလာေနျပီး ဂ်ီရူးနဲ႕ တြဲဖက္ ကစား ေျခစြမ္းျပ လာနိုင္ခဲ့တာ ျဖစ္ပါတယ္။