အက်ဖ်အေ ဆီမီးဖိုင်နယ်ပွဲမှာ ယူနိုက်တက်ထက် ချယ်ဆီးက အားသာချက်ကြီး ရှိတယ်လို့ ဆိုးရှား ဆို

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ လာမယ့် တနင်္ဂနွေ ဝင်ဘာလေမှာ ကန်ရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲမှာ ယူနိုက်တက်ထက် ပြိုင်ဘက် ချယ်ဆီးအသင်းက အားသာချက်ကြီး တစ်ရပ် ရှိထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ထိုပွဲမတိုင်ခင်မှာ ပရီးမီးယားလိဂ်ပွဲ စော ကစားထားတဲ့ ချယ်ဆီးက ယူနိုက်တက်ထက် ၄၈ နာရီ လောက် ပို အနားရထားမှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ နောဝစ်ချ်နဲ့ ကစားပြီး ဖြစ်ပေမယ့် ယူနိုက်တက်ကတော့ ကြာသပတေးနေ့မှ ဆဲလ်ဟက်ပါ့ခ်မှာ ပဲလေ့စ်ကို သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ချယ်ဆီးက ယူနိုက်တက်ထက် နားရက်နှစ်ရက် ပိုရပြီး ပြင်ဆင်ချိန် ပို ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ နော်ဝေသား နည်းပြကြီးကတော့ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားဟာ အသင်း အတွက် မမျှတဘဲ ချယ်ဆီးက နားချိန် ပိုရတဲ့ အပေါ် မပျော်ရွှင် ဖြစ်နေပါတယ်။

” ကျနော့် အသင်းသားတွေကတော့ ဒီနှစ်ပိုင်း အတွင်း ကြံ့ခိုင်မှု ဒိထက် ပြည့်တဲ့ အနေအထား မကြုံဖူးသေးဘူး လို့တောင် ပြောရမှာပါ။ ပုံမှန် အဆင့်ထက် ပို ကြံ့ခိုင်နေတဲ့ လူငယ် ကစားသမားလေးတွေလည်း ရှိတယ်။ ဒါပေမယ့် တွေးပူစရာတော့ ရှိတာပေါ့။ သူတို့ (ချယ်ဆီး) ဆို ကျနော်တို့ထက် ၄၈ နာရီ ပို အနားရထားတယ်။ ပို အားဖြည့်ချိန်ရတယ်။ ဒါကတော့ မတရားလှဘူး။

ဒီလို ပွဲတွေ ပြန်စတဲ့ အချိန်မှာ မျှတတဲ့ ပွဲစဉ်ဇယား ပြင်ဆင်ဖို့ ကျနော်တို့ ပြောဆိုခဲ့ကြတယ်။ တကယ်တမ်းမှာ ဖြစ်မလာခဲ့ဘူး။ ကျနော့် အနေနဲ့ ကြာသပတေးနေ့ ကိစ္စပဲ လောလောဆယ် တွေးနိုင်တယ်။ ဒါကို နိုင်အောင် အာရုံစိုက် ကန်ရမယ်။ ဒီပွဲပြီးမှ နောက်တစ်ပွဲပေါ့။ ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာလည်း နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ကြိုးစားနေရဆဲ ဖြစ်တာကြောင့် အမှားခံလို့ မရဘဲ ဆိုးရှားက ကြယ်ပွင့် ကစားသမားတွေကို အနားမပေးဘဲ ကစားစေရမှာ ဖြစ်ပါတယ်။ ချယ်ဆီးကတော့ ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာ ရထားတာကြောင့် ပိုပြီး အေးဆေးတဲ့ အနေအထား ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ နည္းျပ ဆိုးရွားကေတာ့ လာမယ့္ တနဂၤေႏြ ၀င္ဘာေလမွာ ကန္ရမယ့္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ ပြဲမွာ ယူနုိက္တက္ထက္ ျပိဳင္ဘက္ ခ်ယ္ဆီးအသင္းက အားသာခ်က္ၾကီး တစ္ရပ္ ရွိထားတယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ထိုပြဲမတိုင္ခင္မွာ ပရီးမီးယားလိဂ္ပြဲ ေစာ ကစားထားတဲ့ ခ်ယ္ဆီးက ယူနုိက္တက္ထက္ ၄၈ နာရီ ေလာက္ ပို အနားရထားမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ေနာ၀စ္ခ်္နဲ႕ ကစားျပီး ျဖစ္ေပမယ့္ ယူနုိက္တက္ကေတာ့ ၾကာသပေတးေန႕မွ ဆဲလ္ဟက္ပါ့ခ္မွာ ပဲေလ့စ္ကို သြားေရာက္ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ခ်ယ္ဆီးက ယူနုိက္တက္ထက္ နားရက္နွစ္ရက္ ပိုရျပီး ျပင္ဆင္ခ်ိန္ ပို ရမွာ ျဖစ္ပါတယ္။

ယူနုိက္တက္ရဲ႕ ေနာ္ေ၀သား နည္းျပၾကီးကေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ဇယားဟာ အသင္း အတြက္ မမွ်တဘဲ ခ်ယ္ဆီးက နားခ်ိန္ ပိုရတဲ့ အေပၚ မေပ်ာ္ရႊင္ ျဖစ္ေနပါတယ္။

” က်ေနာ့္ အသင္းသားေတြကေတာ့ ဒီနွစ္ပိုင္း အတြင္း ၾကံ႕ခိုင္မႈ ဒိထက္ ျပည့္တဲ့ အေနအထား မၾကံဳဖူးေသးဘူး လို႔ေတာင္ ေျပာရမွာပါ။ ပံုမွန္ အဆင့္ထက္ ပို ၾကံ႕ခိုင္ေနတဲ့ လူငယ္ ကစားသမားေလးေတြလည္း ရွိတယ္။ ဒါေပမယ့္ ေတြးပူစရာေတာ့ ရွိတာေပါ့။ သူတို႔ (ခ်ယ္ဆီး) ဆို က်ေနာ္တုိ႕ထက္ ၄၈ နာရီ ပို အနားရထားတယ္။ ပို အားျဖည့္ခ်ိန္ရတယ္။ ဒါကေတာ့ မတရားလွဘူး။

ဒီလို ပြဲေတြ ျပန္စတဲ့ အခ်ိန္မွာ မွ်တတဲ့ ပြဲစဥ္ဇယား ျပင္ဆင္ဖို႔ က်ေနာ္တို႔ ေျပာဆိုခဲ့ၾကတယ္။ တကယ္တမ္းမွာ ျဖစ္မလာခဲ့ဘူး။ က်ေနာ့္ အေနနဲ႕ ၾကာသပေတးေန႔ ကိစၥပဲ ေလာေလာဆယ္ ေတြးနုိင္တယ္။ ဒါကို နုိင္ေအာင္ အာရံုစိုက္ ကန္ရမယ္။ ဒီပြဲျပီးမွ ေနာက္တစ္ပြဲေပါ့။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ယူနုိက္တက္ဟာ ပရီးမီးယားလိဂ္မွာလည္း ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႔ ၾကိဳးစားေနရဆဲ ျဖစ္တာေၾကာင့္ အမွားခံလို႔ မရဘဲ ဆိုးရွားက ၾကယ္ပြင့္ ကစားသမားေတြကို အနားမေပးဘဲ ကစားေစရမွာ ျဖစ္ပါတယ္။ ခ်ယ္ဆီးကေတာ့ ပရီးမီးယားလိဂ္မွာ အဆင့္ ၃ ေနရာ ရထားတာေၾကာင့္ ပိုျပီး ေအးေဆးတဲ့ အေနအထား ရွိေနပါတယ္။