ယူနိုက်တက် ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ သက်တမ်းတိုး သတင်းကောင်း ကြားရတော့မည်

မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာပဲ ပြင်သစ်သား ကွင်းလယ်ကစားသမား ပေါ့ဘာကို နောက်ထပ် ၅ နှစ် သက်တမ်းတိုး စာချုပ်သစ်တစ်ရပ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။ အသင်းက ထွက်ခွာမယ့် သတင်းများ မကြာခဏ ထွက်ခဲ့ဖူးပေမယ့် ကမ္ဘာ့အဆင့် ခြေစွမ်း ရှိ ကစားသမား ဖြစ်တဲ့ ပေါ့ဘာကို အသင်းမှာ ဆက်ထိန်းဖို့ ပရိသတ်တွေ အနည်းနဲ့ အများ မျှော်လင့်ခဲ့ကြပါတယ်။

၂၀၁၆ မှာ ငါးနှစ်စာချုပ်နဲ့ ဂျူဗင်တပ်ကနေ ယူနိုက်တက်ထံ ပြန်လာခဲ့တဲ့ ပေါ့ဘာဟာ လက်ရှိ စာချုပ်မှာ တစ်နှစ် ကျန်ရှိတာ ဖြစ်ပြီး ယူနိုက်တက်ကတော့ ပြင်သစ်သားကို အသင်းမှာ ဆက်ထိန်းဖို့ အစဉ်တစိုက် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဆိုးရှား ရောက်လာပြီး ယူနိုက်တက်ကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်ခဲ့တာက ပေါ့ဘာ ယူနိုက်တက်မှာ ဆက်နေဖို့ အရေးပါတဲ့ အကြောင်း တစ်ချက် ဖြစ်ခဲ့တဲ့ အပြင် ကွင်းလယ် ကစားသမားသစ် ဘရူနို ဖာနန်ဒက်စ်နဲ့ အတူ တွဲဖက် ခြေစွမ်းပြလာနိုင်တာက ပေါ့ဘာကို စိတ်ဒုန်းဒုန်း ချ သွားစေတဲ့ အကြောင်းတွေလို့ ဆိုနိုင်ပါတယ်။

ပေါ့ဘာကို ၎င်းရဲ့ အသင်းဟောင်း ဂျူဗင်တပ်နဲ့ လာလီဂါ ထိပ်သီး ရီးရဲလ် မက်ဒရစ်တို့က ခေါ်ယူလိုကြပေမယ့် လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ကြောင့် ကလပ်အသင်းများဟာ ဘဏ္ဍာရေး အကြပ်အတည်းတွေ ကြုံနေရတာကြောင့် ပေါ့ဘာအတွက် ယူနိုက်တက် တောင်းဆိုထားတဲ့ ပေါင် သန်ုး ၁၀၀ ပြောင်းရွှေ့ကြေးနဲ့ တစ်ပတ် ပေါင် ၂သိန်းခွဲ လစာကို ပေးအပ်နိုင်ဖို့ အခက်အခဲ ရှိလာကြပါတယ်။

ကစားသမား ကိုယ်တိုင်ကလည်း မန်ချက်စတာ ကလပ်မှာ ပြန်လည် ပျော်ရွှင်နေပြီဖြစ်တာကြောင့် အသင်းနဲ့ သက်တမ်းတိုး စာချုပ် ကိစ္စ ပြောဆိုမှုများ စတင်ထားပြီလို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ထုတ်ထားပါတယ်။ ပေါ့ဘာ အသင်းမှာ ဆက်နေမယ် ဆုံးဖြတ်လိုက်တာကြောင့် အစားထိုး ခေါ်ဖို့ ယူနိုက်တက် ချိတ်ဆက်ထားတဲ့ ဂျက် ဂရေးလစ်ချ် ကိစ္စကတော့ မှေးမှိန်သွားရဖို့ ရှိနေပါတယ်။

ပေါ့ဘာဟာ ဘောလုံးပွဲတွေ ပြန်စတင်တည်းက ပုံစံကောင်းများ ပြသနေခဲ့ပါတယ်။ ဒါပေမယ့် တနင်္လာနေ့ က ဆောက်သမ်တန်ကို သရေကျတဲ့ ပွဲမှာတော့ ပုံမှန်ခြေစွမ်းထက် အနည်းငယ် လျော့နေခဲ့တာ တွေ့ရပါတယ်။ ပေါ့ဘာဟာ ဒဏ်ရာကြောင့် ၆ လ လောက် ပွဲတွေနဲ့ ဝေးကွာခဲ့ရတာ ဖြစ်ပြီး ယူနိုက်တက် နောက်ဆုံး ကစားထားတဲ့ ငါးပွဲလုံးမှာတော့ ပွဲထွက် ပါဝင်ခွင့် ရထားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ လက္ရွိ ေဘာလံုးရာသီ အကုန္မွာပဲ ျပင္သစ္သား ကြင္းလယ္ကစားသမား ေပါ့ဘာကို ေနာက္ထပ္ ၅ နွစ္ သက္တမ္းတိုး စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုေတာ့မွာ ျဖစ္ပါတယ္။ အသင္းက ထြက္ခြာမယ့္ သတင္းမ်ား မၾကာခဏ ထြက္ခဲ့ဖူးေပမယ့္ ကမၻာ့အဆင့္ ေျခစြမ္း ရွိ ကစားသမား ျဖစ္တဲ့ ေပါ့ဘာကို အသင္းမွာ ဆက္ထိန္းဖို႔ ပရိသတ္ေတြ အနည္းနဲ႕ အမ်ား ေမွ်ာ္လင့္ခဲ့ၾကပါတယ္။

၂၀၁၆ မွာ ငါးနွစ္စာခ်ဳပ္နဲ႕ ဂ်ဴဗင္တပ္ကေန ယူနိုက္တက္ထံ ျပန္လာခဲ့တဲ့ ေပါ့ဘာဟာ လက္ရွိ စာခ်ဳပ္မွာ တစ္နွစ္ က်န္ရွိတာ ျဖစ္ျပီး ယူနုိက္တက္ကေတာ့ ျပင္သစ္သားကို အသင္းမွာ ဆက္ထိန္းဖို႔ အစဥ္တစိုက္ ၾကိဳးပမ္းခဲ့တာ ျဖစ္ပါတယ္။

နည္းျပ ဆိုးရွား ေရာက္လာျပီး ယူနုိက္တက္ကို လမ္းေၾကာင္းမွန္ေပၚ ျပန္တင္ေပးနုိင္ခဲ့တာက ေပါ့ဘာ ယူနုိက္တက္မွာ ဆက္ေနဖို႔ အေရးပါတဲ့ အေၾကာင္း တစ္ခ်က္ ျဖစ္ခဲ့တဲ့ အျပင္ ကြင္းလယ္ ကစားသမားသစ္ ဘရူနို ဖာနန္ဒက္စ္နဲ႕ အတူ တြဲဖက္ ေျခစြမ္းျပလာနုိင္တာက ေပါ့ဘာကို စိတ္ဒုန္းဒုန္း ခ် သြားေစတဲ့ အေၾကာငး္ေတြလို႔ ဆိုနိုင္ပါတယ္။

ေပါ့ဘာကို ၄င္းရဲ႕ အသင္းေဟာင္း ဂ်ဴဗင္တပ္နဲ႕ လာလီဂါ ထိပ္သီး ရီးရဲလ္ မက္ဒရစ္တို႔က ေခၚယူလိုၾကေပမယ့္ လက္ရွိ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘး ေၾကာင့္ ကလပ္အသင္းမ်ားဟာ ဘ႑ာေရး အၾကပ္အတည္းေတြ ၾကံဳေနရတာေၾကာင့္ ေပါ့ဘာအတြက္ ယူနုိက္တက္ ေတာင္းဆုိထားတဲ့ ေပါင္ သန္ုး ၁၀၀ ေျပာင္းေရႊ႕ေၾကးနဲ႕ တစ္ပတ္ ေပါင္ ၂သိန္းခြဲ လစာကို ေပးအပ္နုိင္ဖို႔ အခက္အခဲ ရွိလာၾကပါတယ္။

ကစားသမား ကုိယ္တိုင္ကလည္း မန္ခ်က္စတာ ကလပ္မွာ ျပန္လည္ ေပ်ာ္ရႊင္ေနျပီျဖစ္တာေၾကာင့္ အသင္းနဲ႕ သက္တမ္းတိုး စာခ်ဳပ္ ကိစၥ ေျပာဆိုမႈမ်ား စတင္ထားျပီလို႔ အဂၤလန္သတင္းဌာနေတြက ေဖာ္ထုတ္ထားပါတယ္။ ေပါ့ဘာ အသင္းမွာ ဆက္ေနမယ္ ဆံုးျဖတ္လိုက္တာေၾကာင့္ အစားထုိး ေခၚဖို႔ ယူနုိက္တက္ ခ်ိတ္ဆက္ထားတဲ့ ဂ်က္ ဂေရးလစ္ခ်္ ကိစၥကေတာ့ ေမွးမွိန္သြားရဖို႔ ရွိေနပါတယ္။

ေပါ့ဘာဟာ ေဘာလံုးပြဲေတြ ျပန္စတင္တည္းက ပံုစံေကာင္းမ်ား ျပသေနခဲ့ပါတယ္။ ဒါေပမယ့္ တနလၤာေန႕ က ေဆာက္သမ္တန္ကို သေရက်တဲ့ ပြဲမွာေတာ့ ပံုမွန္ေျခစြမ္းထက္ အနည္းငယ္ ေလ်ာ့ေနခဲ့တာ ေတြ႔ရပါတယ္။ ေပါ့ဘာဟာ ဒဏ္ရာေၾကာင့္ ၆ လ ေလာက္ ပြဲေတြနဲ႕ ေ၀းကြာခဲ့ရတာ ျဖစ္ျပီး ယူနုိက္တက္ ေနာက္ဆံုး ကစားထားတဲ့ ငါးပြဲလံုးမွာေတာ့ ပြဲထြက္ ပါ၀င္ခြင့္ ရထားပါတယ္။