ချယ်ဆီးအသင်း အတွက် အဓိက ပြသနာကြီး ဖြစ်လာနေတဲ့ ကစားသမားအား ဆက်တန် ထောက်ပြ

ချယ်ဆီးတိုက်စစ်သမားဟောင်းကြီး ခရစ္စဆက်တန်ဟာ သူ့ရဲ့ အသင်းဟောင်း လန်ဒန်ကလပ်မှာ အဓိက ပြသနာကြီး ဖြစ်လာနေတာကတော့ ဂိုးသမား ကီပါ ပဲ ဖြစ်ပြီး နည်းပြ လမ်းပတ် အနေနဲ့ အပြောင်းအရွှေ့ ကာလမှ လှုပ်ရှားမှုတွေ လုပ်ရဦးမယ်လို့ ထောက်ပြ သုံးသပ်ခဲ့ပါတယ်။

ချယ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ်ဟာ အပြောင်းအရွှေ့ အတွက် အသုံးစရိတ်တွေ ထုတ်ပေး ပံ့ပိုးပေးနေပြီး လမ်းပတ်ဟာ ဇီယက်နဲ့ တီမိုဝါနာတို့ကို ကြိုတင်ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

၎င်းတို့ နှစ်ဦးက တက်ကြွနေတဲ့ ချယ်ဆီး အသင်းအတွက် အင်အားဖြည့်မှုကောင်း ဖြစ်ပေမယ့် အသင်းခံစစ်ပိုင်းမှာ ယိုပေါက်တွေ ရှိနေသေးတယ် လို့ ဆက်တန်က သတိပေးခဲ့ပါတယ်။

ချယ်ဆီးအသင်းရဲ့ ဒီရာသီ ကောင်းတဲ့ တိုးတက်မှုတွေ ကို မေးမြန်းရာမှာ – ” မေဆန်မောင့် တို့လို ကစားသမားတွေ ရှေ့တန်း ရောက်လာတာ၊ တမ်မီ အေဗရာဟမ်တို့ ကစားခွင့် ရလာတာတွေပေါ့။ ဒါ့အပြင် ဇီယက်နဲ့ ဝါနာတို့ကို ခေါ်ယူလိုက်တာက အကွက်ကောင်းတွေပဲ ဖြစ်တယ်။ ဒီတော့ စောင့်ကြည့်ချင်စရာတွေက ရှိနေပါတယ် ဒါပေမယ့် သူတို့ နောက်ထပ် နည်းနည်း လှုပ်ရှားဖို့တော့ လိုဦးမယ်။ ” လို့ ဆက်တန်က ဆိုခဲ့ပါတယ်။

” ဂိုးသမားကတော့ အသင်းအတွက် ပြသနာကြီး ဖြစ်လာနေတယ်လို့ ကျနော်ထင်တယ်။ ခံစစ်မှာ သူတို့ ဂိုးတွေ အများကြီး ပေးနေရတယ်။ ဖရန့်ကလည်း ဒါကို ကောင်းကောင်း သိမှာပါ။ ခုနေခါမှာတော့ ဒါကို စိတ်ပူနေလို့ ဘာမှ မထူးဘူး ဖြစ်လိမ့်မယ်။ ဒါပေမယ့် ချန်ပီယံလိဂ် တစ်နေရာ ဝင်ခွင့် ရအောင် လုပ်ပြီး ဒီကနေ ဘဏ္ဍာရေးက ခိုင်မာလာမှာပါ။ ဘောလုံး ရာသီ ပြီးတာနဲ့ အခု ဖြစ်နေတဲ့ ပြသနာတွေ တခါတည်း ရှင်းရုံပဲ။ ” လို့ ဆက်တန်က သုံးသပ် အကြံပြုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဈေးကွက်ထဲမှာလည်း ဂိုးသမား ရှာဖွေမှုတွေ ဆက်လက် ပြုလုပ်နေသေးပြီး အက်သလက်တီကိုမှ အော့ဘလက်ကို ဦးစားပေး ပြန်လည် ချဉ်းကပ်နေပါတယ်။ လမ်းပတ် ကိုယ်တိုင်ကလည်း လက်ရှိ ဂိုးသမား ကီပါကို နောက်ရာသီမှာ ဆက်လက် အားထားဖို့ လိုလားပုံ မပြတော့ဘူးလို့ ယူဆရပါတယ်။

Zawgyi – ခ်ယ္ဆီးတိုက္စစ္သမားေဟာင္းၾကီး ခရစၥဆက္တန္ဟာ သူ႔ရဲ႕ အသင္းေဟာင္း လန္ဒန္ကလပ္မွာ အဓိက ျပသနာၾကီး ျဖစ္လာေနတာကေတာ့ ဂိုးသမား ကီပါ ပဲ ျဖစ္ျပီး နည္းျပ လမ္းပတ္ အေနနဲ႕ အေျပာင္းအေရႊ႕ ကာလမွ လႈပ္ရွားမႈေတြ လုပ္ရဦးမယ္လို႔ ေထာက္ျပ သံုးသပ္ခဲ့ပါတယ္။

ခ်ယ္ဆီး အသင္းပိုင္ရွင္ ရိုမန္ ေအဗရာမိုဗစ္ခ်္ဟာ အေျပာင္းအေရႊ႕ အတြက္ အသံုးစရိတ္ေတြ ထုတ္ေပး ပံ့ပိုးေပးေနျပီး လမ္းပတ္ဟာ ဇီယက္နဲ႕ တီမို၀ါနာတို႔ကို ၾကိဳတင္ေခၚယူနုိင္ခဲ့ျပီး ျဖစ္ပါတယ္။

၄င္းတို႔ နွစ္ဦးက တက္ၾကြေနတဲ့ ခ်ယ္ဆီး အသင္းအတြက္ အင္အားျဖည့္မႈေကာင္း ျဖစ္ေပမယ့္ အသင္းခံစစ္ပိုင္းမွာ ယိုေပါက္ေတြ ရွိေနေသးတယ္ လို႔ ဆက္တန္က သတိေပးခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ ဒီရာသီ ေကာငး္တဲ့ တိုးတက္မႈေတြ ကို ေမးျမန္းရာမွာ – ” ေမဆန္ေမာင့္ တို႔လို ကစားသမားေတြ ေရွ႕တန္း ေရာက္လာတာ၊ တမ္မီ ေအဗရာဟမ္တို႔ ကစားခြင့္ ရလာတာေတြေပါ့။ ဒါ့အျပင္ ဇီယက္နဲ႕ ၀ါနာတို႔ကို ေခၚယူလိုက္တာက အကြက္ေကာင္းေတြပဲ ျဖစ္တယ္။ ဒီေတာ့ ေစာင့္ၾကည့္ခ်င္စရာေတြက ရွိေနပါတယ္ ဒါေပမယ့္ သူတို႔ ေနာက္ထပ္ နည္းနည္း လႈပ္ရွားဖို႔ေတာ့ လိုဦးမယ္။ ” လို႔ ဆက္တန္က ဆိုခဲ့ပါတယ္။

” ဂိုးသမားကေတာ့ အသင္းအတြက္ ျပသနာၾကီး ျဖစ္လာေနတယ္လို႔ က်ေနာ္ထင္တယ္။ ခံစစ္မွာ သူတို႔ ဂိုးေတြ အမ်ားၾကီး ေပးေနရတယ္။ ဖရန္႔ကလည္း ဒါကို ေကာင္းေကာင္း သိမွာပါ။ ခုေနခါမွာေတာ့ ဒါကို စိတ္ပူေနလို႔ ဘာမွ မထူးဘူး ျဖစ္လိမ့္မယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ တစ္ေနရာ ၀င္ခြင့္ ရေအာင္ လုပ္ျပီး ဒီကေန ဘ႑ာေရးက ခိုင္မာလာမွာပါ။ ေဘာလံုး ရာသီ ျပီးတာနဲ႕ အခု ျဖစ္ေနတဲ့ ျပသနာေတြ တခါတည္း ရွင္းရံုပဲ။ ” လို႔ ဆက္တန္က သံုးသပ္ အၾကံျပဳခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေစ်းကြက္ထဲမွာလည္း ဂိုးသမား ရွာေဖြမႈေတြ ဆက္လက္ ျပဳလုပ္ေနေသးျပီး အက္သလက္တီကိုမွ ေအာ့ဘလက္ကို ဦးစားေပး ျပန္လည္ ခ်ဥ္းကပ္ေနပါတယ္။ လမး္ပတ္ ကိုယ္တိုင္ကလည္း လက္ရွိ ဂိုးသမား ကီပါကို ေနာက္ရာသီမွာ ဆက္လက္ အားထားဖို႔ လိုလားပံု မျပေတာ့ဘူးလို႔ ယူဆရပါတယ္။