မြင်ဖူးသမျှထဲ စကေးလ် အကောင်းဆုံး ကစားသမား ဘယ်သူလဲ ဖွင့်ဟလိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်က သူမြင်ဖူးသမျှထဲမှာ စကေးလ် အကောင်းဆုံး ကစားသမားကတော့ ခရစ္စတီယာနို ရိုနယ်ဒို ဖြစ်တယ်လို့ တခုတ်တရ ထုတ်ဖော် ချီးကျူးလိုက်ပြီး ကလပ်အသင်းဖော် မားကပ် ရက်ဖို့ဒ်ကလည်း အလန်းစား အရည်အသွေးတွေ ရှိထားတယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ရိုနယ်ဒိုကလည်း အိုးထရက်ဖို့ဒ်မှာ ကစားသွားတဲ့ ယူနိုက်တက် အသင်းသားဟောင်း ဖြစ်ပြီး ဖာနန်ဒက်စ်နဲ့တော့ ပေါ်တူဂီလက်ရွေးစင် အသင်းမှာ အတူ ကစားဖူးသူတွေ ဖြစ်ပါတယ်။ ဘလွန်းဒီအော ဆုတွေ အကြိမ်ကြိမ် သိမ်းပိုက်ဖူးတဲ့ ရိုနယ်ဒိုက ဖာနန်ဒက်စ် အတွက် အကောင်းဆုံး ကစားသမား ဖြစ်နေတာ အံ့အားသင့်စရာ မဟုတ်ပါဘူး။

” ခရစ္စတီယာနို (ရိုနယ်ဒို) ကတော့ ကျနော် မြင်ဖူးသမျှထဲ စကေးလ် အကောင်းဆုံး ကစားသမား တစ်ယောက်ပါပဲ။ အထူးသဖြင့် သူ့ ကစားသမား ဘ၀ အစောပိုင်း နှစ်တွေမှာ ဆိုရင်ပေါ့။ အဲဒီနောက် သူက ကစားပုံ နည်းနည်းပြောင်းခဲ့တယ်။ ဒါပေမယ့် အခုထိလည်း ပြိုင်ဘက်တွေ အတွက် ကာကွယ်ရခက်တဲ့ ကစားသမား တစ်ဦး ဖြစ်နေတုန်းပါပဲ။

ကျနော်နဲ့ အတူတူ ကစားဖူး ဒါမှမဟုတ် ပြိုင်ဘက် အဖြစ် ရင်ဆိုင်ဖူးတဲ့ ကစားသမားတွေထဲ သူကတော့ အကောင်းဆုံးသော ကစားသမားပါပဲ။ နောက်ပြီး ရက်ဖို့ဒ် ဆိုရင်လည်း ကောင်းမွန်တဲ့ နေရာယူမှုတွေနဲ့ အလန်းစား အရည်အချင်းတွေ ရှိနေတယ်။

ရကဖို့ဒ် တခါတလေ အချိန်မှန် နေရာမှန် ပေးပို့တာ ကန်သွင်းတာတွေ လုပ်နိုင်တာကကို တကယ့် ထိပ်တန်းပါပဲ။ သူက ကျနော့်ကို အံ့အားသင့်စရာတွေ အများကြီး သယ်ဆောင် လာခဲ့ပေးတယ်။ သူက ကမ္ဘာ့ အကောင်းဆုံး လူငယ် ကစားသမားတွေထဲက တစ်ယောက်ပါပဲ” လို့ ဖာနန်ဒက်စ်က ချီးကျူးခဲ့ပါတယ်။

ဒါ့အပြင် ဖာနန်ဒက်စ်ဟာ လုပ်အားနှုန်း ကောင်းလွန်းတဲ့ ကန်တေကိုလည်း ချီးကျူးခဲ့ပြီး ဘောလုံး ဦးနှောက်ကောင်းလွန်းတဲ့ နေရာမှာတော့ အီတလီ ဂန္တဝင်ကြီး ပီယာလိုနဲ့ ဘာစီလိုနာရဲ့ ကြယ်ပွင့်ဟောင်း အင်နီယေစတာ တို့ကို ရွေးချယ် ချီးကျူးခဲ့ပါတယ်။

Zawgyi – မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်က သူမြင်ဖူးသမျှထဲမှာ စကေးလ် အကောင်းဆုံး ကစားသမားကတော့ ခရစ္စတီယာနို ရိုနယ်ဒို ဖြစ်တယ်လို့ တခုတ်တရ ထုတ်ဖော် ချီးကျူးလိုက်ပြီး ကလပ်အသင်းဖော် မားကပ် ရက်ဖို့ဒ်ကလည်း အလန်းစား အရည်အသွေးတွေ ရှိထားတယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။




