အနိုင်လည်းရ ဂိုးလည်းသွင်းပေမယ့် ယူနိုက်တက် တိုက်စစ်သမားတွေကို အားမရ ဖြစ်နေဆဲ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက်ဟာ ညက ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အနီးစပ်ဆုံး ဆက်လက် ဖိအားပေးနိုင်ခဲ့ပေမယ့် ယူနိုက်တက် နည်းပြ ဆိုးရှားက အသင်း တိုက်စစ်သမားတွေရဲ့ ယုံကြည်မှု လျော့ပါးနေမှုတွေကို ထောက်ပြခဲ့ပြီး သတိပေးခဲ့ပါတယ်။

ဆိုးရှားက နိုင်ပွဲ ရလဒ် အပေါ် ကျေနပ်ပေမယ့် အသင်း တိုက်စစ်သမားတွေဟာ ဘောလုံး ပိုင်ဆိုင်မှု ရနေချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိနဲ့ တိုက်စစ် ဆင်သင့်တယ်လို့ ပြောဆိုခဲ့တာပါ။ ပဲလေ့စ်နဲ့ ပွဲမှာ ဂိုးသွင်းခဲ့တာက အသင်း တိုက်စစ်မှူးတွေ ဖြစ်တဲ့ ရက်ဖို့ဒ်နဲ့ မာရှယ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ရဲ့ အမြင်နဲ့ ဆို ဒိထက် ပိုပြီး ပြီးပြည့်စုံတဲ့ အနေအထားမျိုး ရှိသင့်တယ်လို့ နည်းပြ ဆိုးရှားက ယုံကြည်နေပြီး အသင်းသားတွေကို ဆက်လက် တွန်းအားပေးခဲ့ပါတယ်။

” ပွဲကတော့ ခက်ခဲတဲ့ ပွဲပါ။ ဘောလုံး ပေးပို့တဲ့ နေရာမှာဆို ကျနော်တို့ ဟန်ချက် ညီညီ မဖြစ်ခဲ့ဘူး ဒါပေမယ့် အလန်းစား ဂိုး နှစ်ဂိုးက ကျနေ်ာတို့ကို ကယ်တင်နိုင်ခဲ့တယ်။ ဂိုး အဆုံးသတ်တာ ကောင်းမွန်ခဲ့ပါတယ်။ ဘောလုံး ပေးပို့ရင်း ကစားကွက် ပြန်တည်တွေလည်း မဆိုးပါဘူး။

ဒါပေမယ့် ကျနေ်ာတို့က လုံလောက်တဲ့ ကောင်းမွန်မှုမျိုးတော့ မဟုတ်ခဲ့ဘူး။ ကျနော်တို့ အနေနဲ့ ပြိုင်ဘက် အသင်းကို မွှေနှောက်တဲ့ အခါမှာ ဒိထက် ပိုပြီး ထိထိ ရောက်ရောက် ရှိဖို့ လိုအပ်ပါတယ်။ ပဲလေ့စ်ကတော့ သိပ်ကောင်းခဲ့တယ်။ သန်မာတယ် နည်းစနစ် ကျေညက်တယ်။” လို့ ဆိုးရှားက သုးသပ် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီပွဲကို အနိုင်ယူလိုက်တာကြောင့် အဆင့် ၄ အတွင်း ဝင်နိုင်ဖို့ မျှော်လင့်ချက်ကောင်း ရှိနေဆဲ ဖြစ်ပြီး ပြိုင်ပွဲ နောက်ဆုံးပွဲမှာ လက်ရှိ ၄ နေရာမှ လက်စတာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အနိုင် ကစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ညက ခရစၥတယ္ပဲေလ့စ္နဲ႕ ပြဲမွာ ၂-၀ နဲ႕ အနုိင္ရခဲ့ျပီး ခ်န္ပီယံလိဂ္၀င္ခြင့္ အတြက္ အနီးစပ္ဆံုး ဆက္လက္ ဖိအားေပးနုိင္ခဲ့ေပမယ့္ ယူနုိက္တက္ နည္းျပ ဆိုးရွားက အသင္း တိုက္စစ္သမားေတြရဲ႕ ယံုၾကည္မႈ ေလ်ာ့ပါးေနမႈေတြကို ေထာက္ျပခဲ့ျပီး သတိေပးခဲ့ပါတယ္။

ဆိုးရွားက နုိင္ပြဲ ရလဒ္ အေပၚ ေက်နပ္ေပမယ့္ အသင္း တိုက္စစ္သမားေတြဟာ ေဘာလံုး ပိုင္ဆိုင္မႈ ရေနခ်ိန္မွာ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ရွိရွိနဲ႕ တိုက္စစ္ ဆင္သင့္တယ္လို႔ ေျပာဆိုခဲ့တာပါ။ ပဲေလ့စ္နဲ႕ ပြဲမွာ ဂိုးသြင္းခဲ့တာက အသင္း တိုက္စစ္မွဴးေတြ ျဖစ္တဲ့ ရက္ဖို႔ဒ္နဲ႕ မာရွယ္တို႔က တစ္ဂိုးစီ သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ယူနိုက္တက္ရဲ႕ အျမင္နဲ႕ ဆို ဒိထက္ ပိုျပီး ျပီးျပည့္စံုတဲ့ အေနအထားမ်ိဳး ရွိသင့္တယ္လို႔ နည္းျပ ဆိုးရွားက ယံုၾကည္ေနျပီး အသင္းသားေတြကို ဆက္လက္ တြန္းအားေပးခဲ့ပါတယ္။

” ပြဲကေတာ့ ခက္ခဲတဲ့ ပြဲပါ။ ေဘာလံုး ေပးပို႔တဲ့ ေနရာမွာဆို က်ေနာ္တုိ႔ ဟန္ခ်က္ ညီညီ မျဖစ္ခဲ့ဘူး ဒါေပမယ့္ အလန္းစား ဂိုး နွစ္ဂိုးက က်ေန္ာတို႔ကို ကယ္တင္နုိင္ခဲ့တယ္။ ဂိုး အဆံုးသတ္တာ ေကာင္းမြန္ခဲ့ပါတယ္။ ေဘာလံုး ေပးပို႔ရင္း ကစားကြက္ ျပန္တည္ေတြလည္း မဆိုးပါဘူး။

ဒါေပမယ့္ က်ေန္ာတို႔က လံုေလာက္တဲ့ ေကာင္းမြန္မႈမ်ိဳးေတာ့ မဟုတ္ခဲ့ဘူး။ က်ေနာ္တို႔ အေနနဲ႕ ျပိဳင္ဘက္ အသင္းကို ေမႊေနွာက္တဲ့ အခါမွာ ဒိထက္ ပိုျပီး ထိထိ ေရာက္ေရာက္ ရွိဖို႔ လိုအပ္ပါတယ္။ ပဲေလ့စ္ကေတာ့ သိပ္ေကာင္းခဲ့တယ္။ သန္မာတယ္ နည္းစနစ္ ေက်ညက္တယ္။” လို႔ ဆိုးရွားက သုးသပ္ ေျပာဆိုခဲ့ပါတယ္။

ယူနုိက္တက္ဟာ ဒီပြဲကို အနုိင္ယူလိုက္တာေၾကာင့္ အဆင့္ ၄ အတြင္း ၀င္နုိင္ဖို႔ ေမွ်ာ္လင့္ခ်က္ေကာင္း ရွိေနဆဲ ျဖစ္ျပီး ျပိဳင္ပြဲ ေနာက္ဆံုးပြဲမွာ လက္ရွိ ၄ ေနရာမွ လက္စတာနဲ႕ ရင္ဆုိင္ရမွာ ျဖစ္ျပီး အနုိင္ ကစားဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။