မန်ချက်စတာ ယူနိုက်တက် Vs ချယ်ဆီး အက်ဖ်အေ ဆီမီးဖိုင်နယ်ပွဲအတွက် လော်ရိုး ခန့်မှန်း

၂၀၂၀ ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ ချယ်ဆီး၊ အာဆင်နယ်နဲ့ စီးတီးတို့ ထိပ်တိုက် တွေ့ဆုံနေကြ တာကြောင့် ဗိုလ်လုပွဲကတော့ လန်ဒန်ဒါဘီ ဖြစ်သွားနိုင်သလို မန်ချက်စတာ ဒါဘီလည်း ဖြစ်သွားနိုင်ခြေတွေ ရှိနေပါတယ်။

ပထမပွဲစဉ် ဖြစ်တဲ့ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ ပွဲစဉ်က ဇူလိုင် ၁၉ ရက် (တနင်္ဂနွေနေ့) ည ၁၁း၃၀ နာရီ ဖြစ်ပါတယ်။ ဒီပွဲ အတွက် ဘီဘီစီမှ လော်ရိုးက အခုလို သုံးသပ်ခန့်မှန်းထားပါတယ်။

” ပရီးမီးယားလိဂ်မှာတော့ ယူနိုက်တက်နဲ့ ချယ်ဆီးတို့က လက်စတာကို ထိပ်သီးလေးသင်း အပြင်ထုတ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ယူသွားမယ်လို့ ကျနော် ထောက်ခံထားတယ်။ ဒါပေမယ့် ဒီနှစ်သင်း ထိပ်တိုက်တွေ့ရင်တော့ ယူနိုက်တက်က ပို အသာရနိုင်ပါတယ်။ ဒီတနင်္ဂနွေနေ့က သူတို့ရဲ့ ဒီရာသီ ချယ်ဆီးအပေါ် စတုတ္ထမြောက် နိုင်ပွဲ ဖြစ်သွားပါလိမ့်မယ်။

ယူနိုက်တက် ပုံစံကောင်းရ တိုးတက်လာတာက တိုက်စစ်သုံးယောက်လုံး ကောင်းစွာ ကစားနိုင်နေရုံတင် မကပါဘူး။ ကျန် အသင်းသားတွေ အားလုံး ကလည်း စုစုစည်းစည်း အလုပ်ကောင်း လုပ်ပြနေတာ ပါဝင်ပါတယ်။

ချယ်ဆီးကလည်း တိုက်စစ် ဖိကစားရင် အန္တရာယ်ကြီးတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ခြိမ်းခြောက်နိုင်မှုမှာ ယူနိုက်တက်က ပိုသာတယ်လို့ ကျနော် ထင်မိတာပါ ဒါ့အပြင် ခံစစ်မှာလည်း သူတို့က ပိုကျစ်လစ်တယ်။ အရင်က လန်ဒန်အသင်းတွေချည်း ထိပ်တိုက်တွေ့တဲ့ အက်ဖ်အေဖလား ဖိုင်နယ်ပွဲတွေ ကြုံဖူးပါတယ်။

ဒီတကြိမ်မှာတော့ မန်ချက်စတာ အသင်းတွေ ဖြစ်တဲ့ စီးတီးနဲ့ ယူနိုက်တက်တို့ပဲ သြဂုတ် ၁ ရက်နေ့မှာ ထိပ်တိုက် တွေ့မယ်လို့ ကျနော် ထင်ပါတယ်။ တစ်ခု ရှိတာက မန်ချက်စတာ အသင်းတွေ ဆုံတဲ့ ဖိုင်နယ်ကို အသင်း ပရိသတ်တွေ လာမကြည့်နိုင်တာကတော့ စိတ်မကောင်းစရာပါပဲ။ ” လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် 2-0 ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi – ၂၀၂၀ ရဲ႕ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲမွာ မန္ခ်က္စတာ ယူနုိက္တက္ နဲ႕ ခ်ယ္ဆီး၊ အာဆင္နယ္နဲ႕ စီးတီးတို႔ ထိပ္တိုက္ ေတြ႔ဆံုေနၾက တာေၾကာင့္ ဗိုလ္လုပြဲကေတာ့ လန္ဒန္ဒါဘီ ျဖစ္သြားနုိင္သလို မန္ခ်က္စတာ ဒါဘီလည္း ျဖစ္သြားနိုင္ေျခေတြ ရွိေနပါတယ္။

ပထမပြဲစဥ္ ျဖစ္တဲ့ ယူနိုက္တက္နဲ႕ ခ်ယ္ဆီးတို႔ ပြဲစဥ္က ဇူလိုင္ ၁၉ ရက္ (တနဂၤေႏြေန႔) ည ၁၁း၃၀ နာရီ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ ဘီဘီစီမွ ေလာ္ရိုးက အခုလို သံုးသပ္ခန္႔မွန္းထားပါတယ္။

” ပရီးမီးယားလိဂ္မွာေတာ့ ယူနုိက္တက္နဲ႕ ခ်ယ္ဆီးတိုု႔က လက္စတာကို ထိပ္သီးေလးသင္း အျပင္ထုတ္ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ ယူသြားမယ္လို႔ က်ေနာ္ ေထာက္ခံထားတယ္။ ဒါေပမယ့္ ဒီနွစ္သင္း ထိပ္တိုက္ေတြ႔ရင္ေတာ့ ယူနုိက္တက္က ပို အသာရနုိင္ပါတယ္။ ဒီတနဂၤေႏြေန႔က သူတို႔ရဲ႕ ဒီရာသီ ခ်ယ္ဆီးအေပၚ စတုတၳေျမာက္ နုိင္ပြဲ ျဖစ္သြားပါလိမ့္မယ္။

ယူနုိက္တက္ ပံုစံေကာငး္ရ တုိးတက္လာတာက တိုက္စစ္သံုးေယာက္လံုး ေကာင္းစြာ ကစားနုိင္ေနရံုတင္ မကပါဘူး။ က်န္ အသင္းသားေတြ အားလံုး ကလည္း စုစုစည္းစည္း အလုပ္ေကာင္း လုပ္ျပေနတာ ပါ၀င္ပါတယ္။

ခ်ယ္ဆီးကလည္း တိုက္စစ္ ဖိကစားရင္ အႏၱရာယ္ၾကီးတဲ့ အသင္း ျဖစ္ပါတယ္။ ဒါေပမယ့္ ျခိမ္းေျခာက္နုိင္မႈမွာ ယူနုိက္တက္က ပိုသာတယ္လို႔ က်ေနာ္ ထင္မိတာပါ ဒါ့အျပင္ ခံစစ္မွာလည္း သူတို႔က ပိုက်စ္လစ္တယ္။ အရင္က လန္ဒန္အသင္းေတြခ်ညး္ ထိပ္တိုက္ေတြ႔တဲ့ အက္ဖ္ေအဖလား ဖိုင္နယ္ပြဲေတြ ၾကံဳဖူးပါတယ္။

ဒီတၾကိမ္မွာေတာ့ မန္ခ်က္စတာ အသင္းေတြ ျဖစ္တဲ့ စီးတီးနဲ႕ ယူနုိက္တက္တို႔ပဲ ၾသဂုတ္ ၁ ရက္ေန႔မွာ ထိပ္တိုက္ ေတြ႔မယ္လို႔ က်ေနာ္ ထင္ပါတယ္။ တစ္ခု ရွိတာက မန္ခ်က္စတာ အသင္းေတြ ဆံုတဲ့ ဖိုင္နယ္ကို အသင္း ပရိသတ္ေတြ လာမၾကည့္နုိင္တာကေတာ့ စိတ္မေကာင္းစရာပါပဲ။ ” လို႔ ေလာ္ရိုးက ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ မန္ခ်က္စတာ ယူနုိက္တက္ 2-0 ခ်ယ္ဆီး ျဖစ္ပါတယ္။