ချယ်ဆီးအတွက် ပွဲဦးထွက်ရာသီမှာ ဆုဖလားကြီး ယူဆောင်ပေးလိုနေတဲ့ ပူလီဆစ်

ချယ်ဆီးအသင်းရဲ့ အမေရိကန်သား တောင်ပံတိုက်စစ်သမား ပူလီဆစ်ဟာ လန်ဒန်ကလပ်နဲ့ သူ့ရဲ့ ပွဲဦးထွက် ရာသီမှာ အင်္ဂလန်ရဲ့ အဓိက ဆုဖလား တစ်လုံး ဆွတ်ခူးပေးလိုနေပြီး ဆီမီးဖိုင်နယ် အဆင့် ရောက်နေပြီ ဖြစ်တဲ့ အက်ဖ်အေဖလား ကို အရယူဖို့ ပစ်မှတ်ထားနေပါတယ်။

ချယ်ဆီးဟာ အက်ဖ်အေဖလား ရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့ဆုံနေတာ ဖြစ်ပြီး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ရင် မန်စီးတီး ဒါမှမဟုတ် အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ လွယ်ကူတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပူလီဆစ်ကတော့ ဆုဖလား ယူဆောင်ပေးဖို့ စိတ်အား ထက်သန်နေပါတယ်။

” ချယ်ဆီးမှာ ဆိုရင် ကျနော်တို့က အနိုင်ချည်းပဲ ရချင်ကြတယ်။ ဒီဆုဖလားကလည်း ကြီးကျယ်ခမ်းနားတဲ့ ဆုဖလားပါ။ လမ်းပတ်က ဒီဖလားက သူ့အတွက်နဲ့ ကလပ်အသင်း အတွက် ဘယ်လို အဓိပ္ပါယ်တွေ ရှိလဲ ပြောပြထားပါတယ်။

ပရိသတ်တွေ လိုက်ပါ အားပေးခြင်း မပြုနိုင်ရင်တောင် သူတို့လည်း ဒီဖလား တန်ဖိုးကို နားလည် သဘောပေါက်ကြမှာပါ။ ဆူညံနေတဲ့ ပရိသတ်တွေ အသံ ကြားရမှာ မဟုတ်ဘူး ဒါပေမယ့် အခြေအနေတွေက ကျနေ်ာတို့ အတူတူပါပဲ။ အဲဒီကို သွားပြီး ကျနော်တို့ အနိုင်ယူချင်တယ်။

ဒီ အက်ဖ်အေဖလားကိုသာ ဗိုလ်စွဲလိုက်ရင် သိပ်ကို လန်းသွားမှာပါ။ အားလုံးက ဒီအတွက် တစ်သဘောထားတည်းပါပဲ။ ကျနော် ငယ်တုန်းက ပရီးမီးယားလိဂ် ပွဲတွေ ကြည့်ဖြစ်တယ်။ အက်ဖ်အေဖလား ဗိုလ်လုပွဲတွေလည်း ဟိုဟိုဒီဒီ ကြည့်ဖြစ်တယ်။ ဒီနိုင်ငံမှာတော့ ဒီဆုဖလားက တန်ဖိုးမြင့်ပါတယ်။ ဒါက ဆုဖလားကြီး တစ်ခုပါပဲ။ ကျနော်ကတော့ ဒီ အခွင့် အရေးအတွက် ရင်ခုန် စိတ်လှုပ်ရှားနေပါပြီ။

ဒီရာသီမှာက အတက်အကျတွေ အများကြီး ရှိခဲ့ ကြုံခဲ့တယ်။ ဒါပေမယ့် ကျနော်တို့က ယုံကြည်မှု အပြည့်နဲ့ ဒီဖလားကို ရယူသွားမှာပါ။ ဘောလုံး ရာသီ တစ်ခုကို ဆုဖလားနဲ့ ပိတ်သိမ်းရတာ အကောင်းဆုံးပဲ မဟုတ်လား။ ” လို့ ပူလီဆစ်က တက်ကြွစွာ ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ အေမရိကန္သား ေတာင္ပံတိုက္စစ္သမား ပူလီဆစ္ဟာ လန္ဒန္ကလပ္နဲ႕ သူ႔ရဲ႕ ပြဲဦးထြက္ ရာသီမွာ အဂၤလန္ရဲ႕ အဓိက ဆုဖလား တစ္လံုး ဆြတ္ခူးေပးလိုေနျပီး ဆီမီးဖိုင္နယ္ အဆင့္ ေရာက္ေနျပီ ျဖစ္တဲ့ အက္ဖ္ေအဖလား ကို အရယူဖို႔ ပစ္မွတ္ထားေနပါတယ္။

ခ်ယ္ဆီးဟာ အက္ဖ္ေအဖလား ရဲ႕ ဆီမီးဖိုင္နယ္ အဆင့္မွာ ယူနုိက္တက္နဲ႕ ထိပ္တိုက္ေတြ႔ဆံုေနတာ ျဖစ္ျပီး ဗိုလ္လုပြဲသို႔ တက္လွမ္းနုိင္ခဲ့ရင္ မန္စီးတီး ဒါမွမဟုတ္ အာဆင္နယ္နဲ႕ ရင္ဆုိင္ရမွာ ျဖစ္လို႔ လြယ္ကူတဲ့ အေနအထားေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ပူလီဆစ္ကေတာ့ ဆုဖလား ယူေဆာင္ေပးဖို႔ စိတ္အား ထက္သန္ေနပါတယ္။

” ခ်ယ္ဆီးမွာ ဆိုရင္ က်ေနာ္တို႔က အနုိင္ခ်ည္းပဲ ရခ်င္ၾကတယ္။ ဒီဆုဖလားကလည္း ၾကီးက်ယ္ခမ္းနားတဲ့ ဆုဖလားပါ။ လမ္းပတ္က ဒီဖလားက သူ႔အတြက္နဲ႕ ကလပ္အသင္း အတြက္ ဘယ္လို အဓိပၸါယ္ေတြ ရွိလဲ ေျပာျပထားပါတယ္။

ပရိသတ္ေတြ လိုက္ပါ အားေပးျခင္း မျပဳနုိင္ရင္ေတာင္ သူတို႔လည္း ဒီဖလား တန္ဖိုးကို နားလည္ သေဘာေပါက္ၾကမွာပါ။ ဆူညံေနတဲ့ ပရိသတ္ေတြ အသံ ၾကားရမွာ မဟုတ္ဘူး ဒါေပမယ့္ အေျခအေနေတြက က်ေန္ာတို႔ အတူတူပါပဲ။ အဲဒီကို သြားျပီး က်ေနာ္တို႔ အနုိင္ယူခ်င္တယ္။

ဒီ အက္ဖ္ေအဖလားကိုသာ ဗိုလ္စြဲလိုက္ရင္ သိပ္ကို လန္းသြားမွာပါ။ အားလံုးက ဒီအတြက္ တစ္သေဘာထားတည္းပါပဲ။ က်ေနာ္ ငယ္တုန္းက ပရီးမီးယားလိဂ္ ပြဲေတြ ၾကည့္ျဖစ္တယ္။ အက္ဖ္ေအဖလား ဗိုလ္လုပြဲေတြလည္း ဟိုဟိုဒီဒီ ၾကည့္ျဖစ္တယ္။ ဒီနုိင္ငံမွာေတာ့ ဒီဆုဖလားက တန္ဖိုးျမင့္ပါတယ္။ ဒါက ဆုဖလားၾကီး တစ္ခုပါပဲ။ က်ေနာ္ကေတာ့ ဒီ အခြင့္ အေရးအတြက္ ရင္ခုန္ စိတ္လႈပ္ရွားေနပါျပီ။

ဒီရာသီမွာက အတက္အက်ေတြ အမ်ားၾကီး ရွိခဲ့ ၾကံဳခဲ့တယ္။ ဒါေပမယ့္ က်ေနာ္တို႔က ယံုၾကည္မႈ အျပည့္နဲ႕ ဒီဖလားကို ရယူသြားမွာပါ။ ေဘာလံုး ရာသီ တစ္ခုကို ဆုဖလားနဲ႕ ပိတ္သိမ္းရတာ အေကာင္းဆံုးပဲ မဟုတ္လား။ ” လို႔ ပူလီဆစ္က တက္ၾကြစြာ ေျပာဆိုခဲ့ပါတယ္။