မန်ချက်စတာ ယူနိုက်တက် နဲ့ ချယ်ဆီး အသင်းတို့ ထိပ်တိုက် တွေ့ဆုံနေတဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်တွေ ထွက်ရှိနေပါပြီ။ ဒီပွဲစဉ်ကို ဇူလိုင် ၁၉ ရက် (တနင်္ဂနွေနေ့) ည ၁၁း၃၀ နာရီ၊ ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
” ဒီ တနင်္ဂနွေနေ့ ဆီမီးဖိုင်နယ်ကတော့ ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ ပြိုင်ဆိုင်နေတဲ့ အသင်း နှစ်သင်း ထိပ်တိုက် ဆုံတာ ဖြစ်နေပါတယ်။ ကစားသမား ဘဝမှာလည်း ဒီအသင်း နှစ်သင်း မန်နေဂျာတွေက အက်ဖ်အေဖလားကို နှစ်ယောက်ပေါင်း ၆ ကြိမ် ဆွတ်ခူးထားပါတယ်။
ဖရန့်လမ်းပတ်က လေးကြိမ် ဗိုလ်စွဲပြီး ဆိုးရှားကတော့ နှစ်ကြိမ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီမန်နေဂျာ နှစ်ဦးလုံးက ဒီပြိုင်ပွဲ ဘယ်လောက် အရေးကြီးတယ် ဆိုတာ သိမြင်ထားကြပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ချယ်ဆီးနဲ့ ဆုံထားတဲ့ သုံးကြိမ်လုံး အနိုင်ရထားပြီး ပွဲ အားလုံး ပေါင်းရင် ၈ ဂိုးသွင်း ၁ ဂိုးသာ ပေးထားရပါတယ်။ ဒီပွဲကိုလည်း ယူနိုက်တက်က ၁၉ ပွဲ ရှုံးပွဲ မရှိ မှတ်တမ်းကောင်းနဲ့ လာရောက် ကစားမှာပါ။
ချယ်ဆီးက နောက်ဆုံး ကစားထားတဲ့ နောဝစ်ချ်နဲ့ ပရီးမီးယာလိဂ် ပွဲမှာ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရထားပြီး ဒီ တနင်္ဂနွေ ပွဲမှာတော့ လမ်းပတ်က သူ့လူတွေဆီကနေ ဒိထက် ပို မျှော်လင့်နေမှာပါ။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီကလည်း ချယ်ဆီးကို ဒီ အက်ဖ်အေဖလား ပြိုင်ပွဲကနေ ပဉ္စမ အဆင့်တည်းက အလဲထိုးခဲ့ပါတယ်။ ဒီပွဲမှာလည်း သူတို့ ထပ်မံ လုပ်ပြနိုင်သေးပြီး ဒီနှစ်ကတော့ ဆီမီးဖိုင်နယ် ဖြစ်သွားပါပြီ။ ကျနော်ကတော့ မန်ချက်စတာ ယူနိုက်တက် ၃-၁ လောက်နဲ့ နိုင်မယ် ယူဆပါတယ်။ ဒီတစ်ဆင့် ပြီးရင် ဗိုလ်လုပွဲမှာ မန်ချက်စတာကလပ်တွေချင်း ဆုံတဲ့ ပွဲကောင်း ဖြစ်လာဦးမှာပါ။ ” လို့ အိုဝင်က သုံးသပ် ထားပါတယ်။
အိုဝင် ခန့်မှန်းရလဒ်ကတော့ နှစ်သင်းလုံး ဂိုးသွင်းပြီး ယူနိုက်တက် အနိုင် (သို့မဟုတ်) ယူနိုက်တက် ၃-၁ ချယ်ဆီး ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ နဲ႕ ခ်ယ္ဆီး အသင္းတို႔ ထိပ္တိုက္ ေတြ႔ဆံုေနတဲ့ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္ရဲ႕ သံုးသပ္ခ်က္ေတြ ထြက္ရွိေနပါျပီ။ ဒီပြဲစဥ္ကို ဇူလိုင္ ၁၉ ရက္ (တနဂၤေႏြေန႔) ည ၁၁း၃၀ နာရီ၊ ၀င္ဘာေလကြင္းမွာ ယွဥ္ျပိဳင္ ကစားၾကမွာ ျဖစ္ပါတယ္။
” ဒီ တနဂၤေႏြေန႔ ဆီမီးဖိုင္နယ္ကေတာ့ ပရီးမီးယားလိဂ္မွာလည္း ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ ျပိဳင္ဆိုင္ေနတဲ့ အသင္း နွစ္သင္း ထိပ္တိုက္ ဆံုတာ ျဖစ္ေနပါတယ္။ ကစားသမား ဘ၀မွာလည္း ဒီအသင္း နွစ္သင္း မန္ေနဂ်ာေတြက အက္ဖ္ေအဖလားကို နွစ္ေယာက္ေပါင္း ၆ ၾကိမ္ ဆြတ္ခူးထားပါတယ္။
ဖရန္႔လမ္းပတ္က ေလးၾကိမ္ ဗိုလ္စြဲျပီး ဆိုးရွားကေတာ့ နွစ္ၾကိမ္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီမန္ေနဂ်ာ နွစ္ဦးလံုးက ဒီျပိဳင္ပြဲ ဘယ္ေလာက္ အေရးၾကီးတယ္ ဆိုတာ သိျမင္ထားၾကပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီရာသီ ခ်ယ္ဆီးနဲ႕ ဆံုထားတဲ့ သံုးၾကိမ္လံုး အနုိင္ရထားျပီး ပဲြ အားလံုး ေပါင္းရင္ ၈ ဂိုးသြင္း ၁ ဂိုးသာ ေပးထားရပါတယ္။ ဒီပြဲကိုလည္း ယူနုိက္တက္က ၁၉ ပြဲ ရွံဳးပြဲ မရွိ မွတ္တမ္းေကာင္းနဲ႕ လာေရာက္ ကစားမွာပါ။
ခ်ယ္ဆီးက ေနာက္ဆံုး ကစားထားတဲ့ ေနာ၀စ္ခ်္နဲ႕ ပရီးမီးယာလိဂ္ ပြဲမွာ က်ဥ္းေျမာင္းတဲ့ ရလဒ္နဲ႕ အနုိင္ရထားျပီး ဒီ တနဂၤေႏြ ပြဲမွာေတာ့ လမ္းပတ္က သူ႔လူေတြဆီကေန ဒိထက္ ပို ေမွ်ာ္လင့္ေနမွာပါ။
ယူနုိက္တက္ဟာ ျပီးခဲ့တဲ့ ရာသီကလည္း ခ်ယ္ဆီးကို ဒီ အက္ဖ္ေအဖလား ျပိဳင္ပြဲကေန ပဥၥမ အဆင့္တည္းက အလဲထိုးခဲ့ပါတယ္။ ဒီပြဲမွာလည္း သူတို႔ ထပ္မံ လုပ္ျပနိုင္ေသးျပီး ဒီနွစ္ကေတာ့ ဆီမီးဖိုင္နယ္ ျဖစ္သြားပါျပီ။ က်ေနာ္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ ၃-၁ ေလာက္နဲ႕ နုိင္မယ္ ယူဆပါတယ္။ ဒီတစ္ဆင့္ ျပီးရင္ ဗိုလ္လုပြဲမွာ မန္ခ်က္စတာကလပ္ေတြခ်င္း ဆံုတဲ့ ပြဲေကာင္း ျဖစ္လာဦးမွာပါ။ ” လို႔ အို၀င္က သံုးသပ္ ထားပါတယ္။
အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ နွစ္သင္းလံုး ဂိုးသြင္းျပီး ယူနုိက္တက္ အနုိင္ (သို႔မဟုတ္) ယူနိုက္တက္ ၃-၁ ခ်ယ္ဆီး ျဖစ္ပါတယ္။