လီဗာပူးနဲ့ စီးတီးကို အမှီလိုက်ဖို့ ယူနိုက်တက် အနေအထား အကြောင်း ဆိုးရှား သုံးသပ်ပြောဆို

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ထိပ်တန်းရောက်နေတဲ့ မန်စီးတီး၊ လီဗာပူးတို့ ပြိုင်ဘက်နှစ်သင်းကို လိုက်မှီနိုင်ဖို့ လမ်းကြောင်းမှန် ပေါ်မှာ ရှိနေကြောင်း နည်းပြ ဆိုးရှားက သုံးသပ် ပြောဆိုခဲ့ပါတယ်။

ဒီတစ်ပတ် ချယ်ဆီးနဲ့ အက်ဖ်အေ ဆီမီးဖိုင်နယ် ပွဲစဉ် မတိုင်ခင်မှာ ယူနိုက်တက် က ပြိုင်ပွဲစုံ ၁၉ ပွဲ ရှုံးပွဲ မရှိ ပုံစံကောင်း ရရှိထားပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်း ဝင်ဖို့ တွန်းအားပေး ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆာအဲလက်စ် အနားယူပြီးနောက်ပြီး အကောင်းဆုံး ပုံစံမျိုး လက်ရှိမှာ ကစားနေတယ်လို့ ချီးကျူးမှုတွေလည်း ခံယူနေရပါတယ်။

ယူနိုက်တက်ရဲ့ လက်ရှိ အနေအထား အကြောင်းနဲ့ ပြိုင်ဘက် ထိပ်သီး နှစ်သင်းထံ အမှီလိုက်ဖို့ အနေအထား အကြောင်းတွေကို ဆိုးရှားက အခုလို ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ဟာ အရင် တစ်နှစ်ကထက် အများကြီး ပိုကောင်းတဲ့ အနေအထား ရောက်နေပါပြီ။ ဒါပေမယ့် ဒါက အစ နိဒါန်းပဲ ရှိသေးတယ်။ အခု အတိုင်း ဆက်ပြီး တိုးတက် ကြီးထွားလာရဦးမယ်။ ကျနော်တို့ ရှေ့မှာ ရှိနေတဲ့ အသင်းတွေနဲ့ ပိုပြီး နီးကပ်လာအောင် ကြိုးစားရဦးမှာပါ။ အချိန်ကျလာရင် ကျနော်တို့ သူတို့ ရှေ့ကို ကျော်တက်နိုင်မယ် မျှော်လင့်ပါတယ်။

ဒါ က စိန်ခေါ်မှုကြီးတော့ ဖြစ်တယ်။ သူတို့ (လီဗာပူး၊ မန်စီးတီးတို့)က ထိပ်သီး နှစ်သင်း ဖြစ်နေတယ်။ ပြီးခဲ့တဲ့ နှစ်နှစ် အတွင်း သူတို့က လုံး၀ အလန်းစား လုပ်ပြထားတယ်။ ကျနေ်ာတို့နဲ့ ရော အခြားအသင်းတွေကပါ လိုက်နေရတဲ့ အဆင့် ဖြစ်နေတယ်။ ရင်ဆိုင်စရာ စိန်ခေါ်မှုတွေကတော့ ကျနော်တို့လက်ထဲ အပြည့်ပဲ။ ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပုံစံကောင်းများ ဆက်တိုက် ရနေပြီး လော့ဒ်ဒေါင်း ကာလ ပြီး ဘောလုံးပွဲတွေ ပြန်လည် စတင်တည်းက ရှုံးပွဲ လုံး၀ မရှိဘဲ အခြေအနေကောင်းများ ပိုင်ဆိုင်ထားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ပရီးမီးယားလိဂ္မွာ ထိပ္တန္းေရာက္ေနတဲ့ မန္စီးတီး၊ လီဗာပူးတို႔ ျပိဳင္ဘက္နွစ္သင္းကို လိုက္မွီနိုင္ဖို႔ လမ္းေၾကာင္းမွန္ ေပၚမွာ ရွိေနေၾကာင္း နည္းျပ ဆိုးရွားက သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ဒီတစ္ပတ္ ခ်ယ္ဆီးနဲ႕ အက္ဖ္ေအ ဆီမီးဖိုင္နယ္ ပြဲစဥ္ မတိုင္ခင္မွာ ယူနုိက္တက္ က ျပိဳင္ပြဲစံု ၁၉ ပြဲ ရွံဳးပြဲ မရွိ ပံုစံေကာင္း ရရွိထားျပီး ပရီးမီးယားလိဂ္မွာ အဆင့္ ၄ အတြင္း ၀င္ဖို႔ တြန္းအားေပး ၾကိဳးစားေနဆဲ ျဖစ္ပါတယ္။ ယူနိုက္တက္ဟာ ဆာအဲလက္စ္ အနားယူျပီးေနာက္ျပီး အေကာင္းဆံုး ပံုစံမ်ိဳး လက္ရွိမွာ ကစားေနတယ္လို႔ ခ်ီးက်ဴးမႈေတြလည္း ခံယူေနရပါတယ္။

ယူနိုက္တက္ရဲ႕ လက္ရွိ အေနအထား အေၾကာင္းနဲ႔ ျပိဳင္ဘက္ ထိပ္သီး နွစ္သင္းထံ အမွီလိုက္ဖို႔ အေနအထား အေၾကာင္းေတြကို ဆိုးရွားက အခုလို ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ဟာ အရင္ တစ္နွစ္ကထက္ အမ်ားၾကီး ပိုေကာင္းတဲ့ အေနအထား ေရာက္ေနပါျပီ။ ဒါေပမယ့္ ဒါက အစ နိဒါန္းပဲ ရွိေသးတယ္။ အခု အတိုင္း ဆက္ျပီး တိုးတက္ ၾကီးထြားလာရဦးမယ္။ က်ေနာ္တို႔ ေရွ႕မွာ ရွိေနတဲ့ အသင္းေတြနဲ႕ ပိုျပီး နီးကပ္လာေအာင္ ၾကိဳးစားရဦးမွာပါ။ အခ်ိန္က်လာရင္ က်ေနာ္တို႔ သူတို႔ ေရွ႕ကို ေက်ာ္တက္နိုင္မယ္ ေမွ်ာ္လင့္ပါတယ္။

ဒါ က စိန္ေခၚမႈၾကီးေတာ့ ျဖစ္တယ္။ သူတို႔ (လီဗာပူး၊ မန္စီးတီးတို႔)က ထိပ္သီး နွစ္သင္း ျဖစ္ေနတယ္။ ျပီးခဲ့တဲ့ နွစ္နွစ္ အတြင္း သူတို႔က လံုး၀ အလန္းစား လုပ္ျပထားတယ္။ က်ေန္ာတိို႔နဲ႕ ေရာ အျခားအသင္းေတြကပါ လိုက္ေနရတဲ့ အဆင့္ ျဖစ္ေနတယ္။ ရင္ဆိုင္စရာ စိန္ေခၚမႈေတြကေတာ့ က်ေနာ္တို႔လက္ထဲ အျပည့္ပဲ။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ယူနုိက္တက္ဟာ ပံုစံေကာင္းမ်ား ဆက္တိုက္ ရေနျပီး ေလာ့ဒ္ေဒါင္း ကာလ ျပီး ေဘာလံုးပြဲေတြ ျပန္လည္ စတင္တည္းက ရွံဳးပြဲ လံုး၀ မရွိဘဲ အေျခအေနေကာင္းမ်ား ပိုင္ဆိုင္ထားပါတယ္။