လုပ်ခ နှစ်ဆတိုးပြီး ယူနိုက်တက် သက်တမ်းတိုး စာချုပ် ချုပ်ဖို့ ကြိုးစားနေတဲ့ အရေးကြီး အသင်းသား

မန်ချက်စတာ ယူနိုက်တက် ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတဲ့ အသင်းရဲ့ အကယ်ဒမီထွက် တိုက်စစ်မှူးလေး မေဆန် ဂရင်းဝုဒ်ကို လက်ရှိ လုပ်ခရဲ့ နှစ်ဆ တိုးပေးပြီး သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန် ပြင်ဆင်နေပါတယ်။ ဂရင်းဝုဒ်ရဲ့ ခြေစွမ်းကို စိတ်ဝင်စား စောင့်ကြည့်နေတဲ့ ဥရောပ အသင်းကြီးတွေ ရှိလာတာကြောင့် ယူနိုက်တက်ကတော့ ဆယ်ကျော်သက်လူငယ်လေးကို ထိန်းထားနိုင်ရင် လှုပ်ရှားလာရပြီ ဖြစ်ပါတယ်။

တကယ်တော့ ယူနိုက်တက်က ဂရင်းဝုဒ်ကို လွန်ခဲ့တဲ့ ၉ လ လောက်ကပဲ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ထိုစဉ်က တစ်ပတ် လုပ်ခ ပေါင် ၈၀၀ သာ ရနေတဲ့ တိုက်စစ်မှူးလေးကို လစာ ပေါင် ၂ သောင်းခွဲထိ တိုးမြှင့်ပေးခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန်သားလေးကို ငွေအင်အားသုံးကာ ခေါ်ဖို့ စောင့်ကြည့်မှုတွေ ရှိနေတာကြောင့် နောက်ထပ် နှစ်ဆထိ လစာတိုးကာ စာချုပ်သစ် ချုပ်ရန် ယူနိုက်တက်က စီစဉ်လာပါတယ်။

ဒီတစ်ကြိမ် စာချုပ်သစ်မှာ လစာတိုးမြှင့်မှု အပြင် မက်မောဖွယ် ဘောနပ်စ် ဆုကြေးတွေနဲ့ နှစ်စဉ် လုပ်ခ တိုးမြှင့်သွားမယ့် အစီအစဉ်တွေပါ ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ် အရွယ် တိုက်စစ်သမားလေးဟာ ဒီရာသီ ယူနိုက်တက် အတွက် သွင်းဂိုး ၁၆ ဂိုးထိ ရှီနေပြီ ဖြစ်ပါတယ်။

ဒီရာသီ လက်ကျန်ပွဲတွေမှာ တစ်ဂိုး ထပ်သွင်းနိုင်ရင်ကို ဂရင်းဝုဒ်ဟာ ယူနိုက်တက်ရဲ့ ဂန္တဝင်ကြီးတွေ တင်ထားခဲ့တဲ့ တစ်ရာသီတည်း ၁၇ ဂိုး သွင်းတဲ့ ဆယ်ကျော်သက် လူငယ် ကစားသမားတွေထဲ ၄ ယောက်မြောက် ဖြစ်လာမှာ ဖြစ်ပါတယ်။ ယခင် စံချိန်တင်ထားသူတွေကတော့ ဂျော့ဂျ် ဘတ်စ်၊ ဘရိုင်ယန်ကစ်နဲ့ ဝိန်း ရွန်းနီတို့ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ အသက် ၆ နှစ်သားတည်းက ယူနိုက်တက် အကယ်ဒမီကို ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ်။ ဘရတ်ဖို့ဒ် ဒေသဖွား ဖြစ်ပေမယ့် ဂရင်းဝုဒ်ဟာ ယူနိုက်တက် ပရိသတ်လည်း ဖြစ်တာကြောင့် ဇာတိမြေကလပ် သူအားပေးတဲ့ ကလပ်အသင်း အတွက် ကစားပေးနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်အသင်းက ဘဝသစ် ပြောင်းချနိုင်လောက်တဲ့ ငွေကြေးနဲ့ ကမ်းလှမ်းမယ် ဆိုတဲ့ မက်လုံးကိုလည်း စိတ်မဝင်စားဘဲ ပယ်ချခဲ့သူ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ ေျခစြမ္းျပ ဂိုးေတြ သြင္းယူေနတဲ့ အသင္းရဲ႕ အကယ္ဒမီထြက္ တိုက္စစ္မွဴးေလး ေမဆန္ ဂရင္း၀ုဒ္ကို လက္ရွိ လုပ္ခရဲ႕ နွစ္ဆ တိုးေပးျပီး သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုရန္ ျပင္ဆင္ေနပါတယ္။ ဂရင္း၀ုဒ္ရဲ႕ ေျခစြမ္းကို စိတ္၀င္စား ေစာင့္ၾကည့္ေနတဲ့ ဥေရာပ အသင္းၾကီးေတြ ရွိလာတာေၾကာင့္ ယူနုိက္တက္ကေတာ့ ဆယ္ေက်ာ္သက္လူငယ္ေလးကို ထိန္းထားနုိင္ရင္ လႈပ္ရွားလာရျပီ ျဖစ္ပါတယ္။

တကယ္ေတာ့ ယူနုိက္တက္က ဂရင္း၀ုဒ္ကို လြန္ခဲ့တဲ့ ၉ လ ေလာက္ကပဲ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာ ျဖစ္ျပီး ထိုစဥ္က တစ္ပတ္ လုပ္ခ ေပါင္ ၈၀၀ သာ ရေနတဲ့ တိုက္စစ္မွဴးေလးကို လစာ ေပါင္ ၂ ေသာင္းခြဲထိ တိုးျမွင့္ေပးခဲ့ပါတယ္။

ဒါေပမယ့္ အဂၤလန္သားေလးကို ေငြအင္အားသံုးကာ ေခၚဖို႔ ေစာင့္ၾကည့္မႈေတြ ရွိေနတာေၾကာင့္ ေနာက္ထပ္ နွစ္ဆထိ လစာတိုးကာ စာခ်ဳပ္သစ္ ခ်ဳပ္ရန္ ယူနုိက္တက္က စီစဥ္လာပါတယ္။

ဒီတစ္ၾကိမ္ စာခ်ဳပ္သစ္မွာ လစာတိုးျမွင့္မႈ အျပင္ မက္ေမာဖြယ္ ေဘာနပ္စ္ ဆုေၾကးေတြနဲ႕ နွစ္စဥ္ လုပ္ခ တိုးျမွင့္သြားမယ့္ အစီအစဥ္ေတြပါ ထည့္သြင္းသြားမယ္လုိ႔ သိရပါတယ္။ အသက္ ၁၈ နွစ္ အရြယ္ တိုက္စစ္သမားေလးဟာ ဒီရာသီ ယူနုိက္တက္ အတြက္ သြင္းဂိုး ၁၆ ဂိုးထိ ရွီေနျပီ ျဖစ္ပါတယ္။

ဒီရာသီ လက္က်န္ပြဲေတြမွာ တစ္ဂိုး ထပ္သြင္းနုိင္ရင္ကို ဂရင္း၀ုဒ္ဟာ ယူနုိက္တက္ရဲ႕ ဂႏၱ၀င္ၾကီးေတြ တင္ထားခဲ့တဲ့ တစ္ရာသီတည္း ၁၇ ဂိုး သြင္းတဲ့ ဆယ္ေက်ာ္သက္ လူငယ္ ကစားသမားေတြထဲ ၄ ေယာက္ေျမာက္ ျဖစ္လာမွာ ျဖစ္ပါတယ္။ ယခင္ စံခ်ိန္တင္ထားသူေတြကေတာ့ ေဂ်ာ့ဂ်္ ဘတ္စ္၊ ဘရိုင္ယန္ကစ္နဲ႕ ၀ိန္း ရြန္းနီတို႔ ျဖစ္ပါတယ္။

ဂရင္း၀ုဒ္ဟာ အသက္ ၆ နွစ္သားတည္းက ယူနုိက္တက္ အကယ္ဒမီကို ေရာက္ရွိ လာခဲ့သူ ျဖစ္ပါတယ္။ ဘရတ္ဖို႔ဒ္ ေဒသဖြား ျဖစ္ေပမယ့္ ဂရင္း၀ုဒ္ဟာ ယူနိုက္တက္ ပရိသတ္လည္း ျဖစ္တာေၾကာင့္ ဇာတိေျမကလပ္ သူအားေပးတဲ့ ကလပ္အသင္း အတြက္ ကစားေပးေနရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဂ်ဴဗင္တပ္အသင္းက ဘ၀သစ္ ေျပာင္းခ်နုိင္ေလာက္တဲ့ ေငြေၾကးနဲ႕ ကမ္းလွမ္းမယ္ ဆိုတဲ့ မက္လံုးကိုလည္း စိတ္မ၀င္စားဘဲ ပယ္ခ်ခဲ့သူ ျဖစ္ပါတယ္။