ချယ်ဆီးထက် လက်ဦးမှုယူပြီး ယူနိုက်တက် ခေါ်ယူသင့်တဲ့ ကစားသမား ဂျွန်ဘန်းစ် ထောက်ပြ

ပရီးမီးယားလိဂ်မှ ပြိုင်ဘက်ကလပ် ချယ်ဆီးအသင်းထက် အရင် လက်ဦးမှု ယူပြီး ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား ဒီကလန် ရိုက်စ်ကို ယူနိုက်တက်တို့ ခေါ်ယူသင့်ကြောင်း လီဗာပူး ကစားသမားဟောင်းကြီါ် ဂျွန်ဘန်းစ်က တိုက်တွန်းထောက်ပြသွားခဲ့ပါတယ်။

ရိုက်စ်ဟာ အရှေ့လန်ဒန်ကလပ်မှာ ဒီရာသီ ထူးချွန်တဲ့ အစွမ်းများ ပြသထားပြီး ဝက်စ်ဟမ်းတို့ ပရီးမီးယားလိဂ်မှာ နောက်တစ်ရာသီ ဆက်လက် တင်ကျန်အောင် အဓိက ကူညီစွမ်းဆောင်ပေးထားသူလည်း ဖြစ်ပါတယ်။ အသက် ၂၁ နှစ် အရွယ် အင်္ဂလန်သားရဲ့ ခြေစွမ်းကို မျက်စိကျနေတဲ့ ကလပ်အသင်း အများအပြား ရှိနေပြီး ၎င်းရဲ့ အသင်းဟောင်း ချယ်ဆီးလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။

ချယ်ဆီးအကယ်ဒမီထွက် ကစားသမား ဖြစ်တဲ့ ရိုက်စ်ဟာ အသက် ၁၅ နှစ်မှာ ဝက်စ်ဟမ်းသို့ ကူးပြောင်းသွားခဲ့သူပါ။ ရိုက်စ်ကို လက်ရှိ အချိန်မှာတော့ ယူနိုက်တက်ကလည်း ချိတ်ဆက်နေပြီး ခေါ်ယူမှုကောင်းလည်း ဖြစ်လာနိုင်တယ်လို့ ဂျွန်ဘန်းစ်က ထောက်ခံလိုက်ပါတယ်။

” ဒီကလန် ရိုက်စ်နဲ့ ပတ်သတ်ပြီး အပြောင်းအရွှေ့ သတင်းတွေက ထွက်နေပါတယ်။ သူက ယူနိုက်တက်ကို သွားရင် ကွင်းလယ်ခံစစ်နေရာ ကိ သိမ်းနိုင်မလား ကျနော် သိပ်တော့ မသေချာပါဘူး။ အထူးသဖြင့် မာတစ်က ခုမှ ၂ နှစ် သက်တမ်း တိုးထားတာ ဖြစ်တယ်။ ဒါပေမယ့် ယူနိုက်တက် အနေနဲ့ ကြည့်ရင် ရိုက်စ်က ငယ်ရွယ် ထူးချွန်တဲ့ အင်္ဂလန်သား ကစားသမား တစ်ဦး ဖြစ်တယ်။ ဒီတော့ ယူနိုက်တက် အတွက် ခေါ်ယူမှုကောင်း တစ်ခု ဖြစ်လာနိုင်ပါတယ်။

လက်ရှိမှာ သူက ဝက်စ်ဟမ်း ကစားသမား ဖြစ်တယ် ဆိုတာမှန်ပါတယ်။ ဒါပေမယ့် နေရာ ရွှေ့ပြောင်းရမယ် ဆိုရင် သူ့အတွက် မန်ချက်စတာ ယူနိုက်တက်က နေရာကောင်း တစ်ခုပါ။ ” လို့ ဂျွန်ဘန်းစ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ပေါ့ဘာက ဖာနန်ဒက်စ်နဲ့ အတူ တွဲဖက်ပြီး တိုက်စစ်ကို ပိုမို လိုက်ပါ ကစား တာဝန်ယူနေပါတယ်။ ဒါကြောင့် ရိုက်စ်ကိုသာ ခေါ်ယူနိုင်ရင်လည်း ယူနိုက်တက် အတွက် အင်အားဖြည့်မှုကောင်း တစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ လာမယ့် နွေအတွက် ဆန်ချိုနဲ့ ဂရေးလစ်ချ်တို့ကို ဦးစားပေး ပစ်မှတ်ထားနေပါတယ်။

Zawgyi – ပရီးမီးယားလိဂ္မွ ျပိဳင္ဘက္ကလပ္ ခ်ယ္ဆီးအသင္းထက္ အရင္ လက္ဦးမႈ ယူျပီး ၀က္စ္ဟမ္း ကြင္းလယ္ ကစားသမား ဒီကလန္ ရိုက္စ္ကို ယူနိုက္တက္တို႔ ေခၚယူသင့္ေၾကာင္း လီဗာပူး ကစားသမားေဟာင္းၾကီၚ ဂၽြန္ဘန္းစ္က တိုက္တြန္းေထာက္ျပသြားခဲ့ပါတယ္။

ရိုက္စ္ဟာ အေရွ႕လန္ဒန္ကလပ္မွာ ဒီရာသီ ထူးခၽြန္တဲ့ အစြမ္းမ်ား ျပသထားျပီး ၀က္စ္ဟမ္းတို႔ ပရီးမီးယားလိဂ္မွာ ေနာက္တစ္ရာသီ ဆက္လက္ တင္က်န္ေအာင္ အဓိက ကူညီစြမ္းေဆာင္ေပးထားသူလည္း ျဖစ္ပါတယ္။ အသက္ ၂၁ နွစ္ အရြယ္ အဂၤလန္သားရဲ႕ ေျခစြမ္းကို မ်က္စိက်ေနတဲ့ ကလပ္အသင္း အမ်ားအျပား ရွိေနျပီး ၄င္းရဲ႕ အသင္းေဟာင္း ခ်ယ္ဆီးလည္း ထိပ္ဆံုးက ပါ၀င္ေနပါတယ္။

ခ်ယ္ဆီးအကယ္ဒမီထြက္ ကစားသမား ျဖစ္တဲ့ ရိုက္စ္ဟာ အသက္ ၁၅ နွစ္မွာ ၀က္စ္ဟမ္းသို႔ ကူးေျပာငး္သြားခဲ့သူပါ။ ရိုက္စ္ကို လက္ရွိ အခ်ိန္မွာေတာ့ ယူနိုက္တက္ကလည္း ခ်ိတ္ဆက္ေနျပီး ေခၚယူမႈေကာင္းလည္း ျဖစ္လာနုိင္တယ္လို႔ ဂၽြန္ဘန္းစ္က ေထာက္ခံလိုက္ပါတယ္။

” ဒီကလန္ ရိုက္စ္နဲ႕ ပတ္သတ္ျပီး အေျပာင္းအေရႊ႕ သတင္းေတြက ထြက္ေနပါတယ္။ သူက ယူနုိက္တက္ကို သြားရင္ ကြင္းလယ္ခံစစ္ေနရာ ကိ သိမ္းနုိင္မလား က်ေနာ္ သိပ္ေတာ့ မေသခ်ာပါဘူး။ အထူးသျဖင့္ မာတစ္က ခုမွ ၂ နွစ္ သက္တမ္း တိုးထားတာ ျဖစ္တယ္။ ဒါေပမယ့္ ယူနိုက္တက္ အေနနဲ႕ ၾကည့္ရင္ ရိုက္စ္က ငယ္ရြယ္ ထူးခၽြန္တဲ့ အဂၤလန္သား ကစားသမား တစ္ဦး ျဖစ္တယ္။ ဒီေတာ့ ယူနိုက္တက္ အတြက္ ေခၚယူမႈေကာင္း တစ္ခု ျဖစ္လာနုိင္ပါတယ္။

လက္ရွိမွာ သူက ၀က္စ္ဟမ္း ကစားသမား ျဖစ္တယ္ ဆိုတာမွန္ပါတယ္။ ဒါေပမယ့္ ေနရာ ေရႊ႕ေျပာငး္ရမယ္ ဆိုရင္ သူ႔အတြက္ မန္ခ်က္စတာ ယူနိုက္တက္က ေနရာေကာင္း တစ္ခုပါ။ ” လို႔ ဂၽြန္ဘန္းစ္က သံုးသပ္ ေျပာဆုိခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ကြင္းလယ္မွာ ေပါ့ဘာက ဖာနန္ဒက္စ္နဲ႕ အတူ တြဲဖက္ျပီး တိုက္စစ္ကို ပိုမို လိုက္ပါ ကစား တာ၀န္ယူေနပါတယ္။ ဒါေၾကာင့္ ရိုက္စ္ကိုသာ ေခၚယူနုိင္ရင္လည္း ယူနိုက္တက္ အတြက္ အင္အားျဖည့္မႈေကာင္း တစ္ရပ္ ျဖစ္လာနိုင္ပါတယ္။ ဒါေပမယ့္ ယူနုိက္တက္ဟာ လာမယ့္ ေႏြအတြက္ ဆန္ခ်ိဳနဲ႕ ဂေရးလစ္ခ်္တို႔ကို ဦးစားေပး ပစ္မွတ္ထားေနပါတယ္။