အက်ဖ်အေဖလား နိုင်ပွဲအပြီး စပါးအသင်းကို ကျေးဇူးတင်စကား လှမ်းပြောလိုက်တဲ့ ချယ်ဆီးတိုက်စစ်မှူး ဂျီရူး

ချယ်ဆီးအသင်းဟာ ညက အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်ပါတယ်။ တဖက်မှာလည်း ပရီးမီးယားလိဂ် ညကပွဲမှာ စပါးအသင်းက လက်စတာကို အနိုင်ယူလိုက်တာကြောင့် လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းအား ကျေးဇူးပဲလို့ ချယ်ဆီးတိုက်စစ်မှူး ဂျီရူးက စကားပါးလိုက်ပါတယ်။

ပြင်သစ်သားဟာ ညက ဝင်ဘာလေက အက်ဖ်အေပွဲမှာ ကိုယ်တိုင် ဂိုးသွင်းခဲ့ကာ ခြေစွမ်းပြခဲ့ပါတယ်။ ဖရန့်လမ်းပတ်ရဲ့ အသင်း ဒီဘက်မှာ အက်ဖ်အေပွဲ ကစားနေချိန် ပရီးမီးယားလိဂ်ဘက်မှာ စပါးက လက်စတာကို ၃-၀ နဲ့ အနိုင်ယူလိုက်တာကြောင့် ချယ်ဆီးရဲ့ ထိပ်သီးလေးသင်း ပြေးလမ်းက ပို ဖြောင့်ဖြူးခဲ့ပြီ ဆိုရမှာပါ။

လမ်းပတ်ရဲ့ ချယ်ဆီး အသင်း အတွက်တော့ အပျော်ပေါ် အပျော်တွေ ဆင့်တဲ့ ည ဖြစ်ခဲ့ပါတယ်။ ချယ်ဆီးဟာ လက်ကျန် နှစ်ပွဲမှာ လီဗာပူး၊ ဝုဗ်တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် ထိုနှစ်ပွဲထဲက အနည်းဆုံး တစ်ပွဲ နိုင်ရင်ပဲ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် သေချာနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ချယ်ဆီးတိုက်စစ်မှူး ဂျီရူးကတော့ နည်းပြဟောင်း မော်ရင်ညို ကိုင်တွယ်နေတဲ့ စပါးအသင်းကို ဒီဘက်က အက်ဖ်အေပွဲ အပြီးမှာ လှမ်းပြီး ကျေးဇူးတင်စကား ပါးလိုက်ပါတယ်။

” ကဲ နောက်ထပ် ဗိုလ်လုပွဲ တစ်ခုတော့ ရောက်ပြီ ပေါ့ဗျာ။ အာဆင်နယ်နဲ့ ပွဲကြီးတစ်ပွဲ ရင်ဆိုင်ရတော့မယ်။ ဒီနေ့ ကစားသွားတဲ့ အသင်း စွမ်းေ်ဆာင်ရည်ကို ကျနော်တို့ ကျေနပ်နေကြပါတယ်။ နောက်ပြီး စပါးကိုလည်း ကျေးဇူးတင်ပါတယ်။ လက်စတာ ဒီနေ့ နိုင်ပွဲ ရမသွားဘူး။ အခု ကျနေ်ာတို့ ပရီးမီးယားလိဂ်ဘက်ကို ပြန်လှည့် အာရုံစိုက်ရမယ်။ ကျနော်တို့ ထိပ်ဆုံး သုံးသင်းထဲ ဝင်ချင်တယ် နောက်ပြီး အက်ဖ်အေဖလားလည်း ရချင်ပါတယ်။ ” လို့ ဂျီရူးက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ လက်ကျန်နှစ်ပွဲမှာ ဒီတစ်ပတ် ကြားရက်မှာတော့ အန်းဖီးသွားပြီး လီဗာပူးကို ရင်ဆိုင်ရမှာ ဖြစ်ကာ နောက်ဆုံးပွဲကိုတော့ စတန်းဖို့ဘရစ်ချ်မှာ ဝုဗ်ကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ညက အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္မွာ မန္ခ်က္စတာ ယူနိုက္တက္ကို ၃-၁ နဲ႕ အနုိင္ယူျပီး ဗိုလ္လုပြဲသို႔ တက္ေရာက္သြားျပီ ျဖစ္ပါတယ္။ တဖက္မွာလည္း ပရီးမီးယားလိဂ္ ညကပြဲမွာ စပါးအသငး္က လက္စတာကို အနုိင္ယူလိုက္တာေၾကာင့္ လန္ဒန္ျမိဳ႔ခံျပိဳင္ဘက္ စပါးအသင္းအား ေက်းဇူးပဲလို႔ ခ်ယ္ဆီးတိုက္စစ္မွဴး ဂ်ီရူးက စကားပါးလိုက္ပါတယ္။

ျပင္သစ္သားဟာ ညက ၀င္ဘာေလက အက္ဖ္ေအပြဲမွာ ကုိယ္တိုင္ ဂိုးသြင္းခဲ့ကာ ေျခစြမ္းျပခဲ့ပါတယ္။ ဖရန္႔လမ္းပတ္ရဲ႕ အသင္း ဒီဘက္မွာ အက္ဖ္ေအပြဲ ကစားေနခ်ိန္ ပရီးမီးယားလိဂ္ဘက္မွာ စပါးက လက္စတာကို ၃-၀ နဲ႕ အနိုင္ယူလိုက္တာေၾကာင့္ ခ်ယ္ဆီးရဲ႕ ထိပ္သီးေလးသင္း ေျပးလမ္းက ပို ေျဖာင့္ျဖဴးခဲ့ျပီ ဆိုရမွာပါ။

လမ္းပတ္ရဲ႕ ခ်ယ္ဆီး အသင္း အတြက္ေတာ့ အေပ်ာ္ေပၚ အေပ်ာ္ေတြ ဆင့္တဲ့ ည ျဖစ္ခဲ့ပါတယ္။ ခ်ယ္ဆီးဟာ လက္က်န္ နွစ္ပြဲမွာ လီဗာပူး၊ ၀ုဗ္တို႔နဲ႕ ရင္ဆိုင္ရမွာ ျဖစ္ေပမယ့္ ထိုနွစ္ပြဲထဲက အနည္းဆံုး တစ္ပြဲ နုိင္ရင္ပဲ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ေသခ်ာနိုင္မွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ခ်ယ္ဆီးတိုက္စစ္မွဴး ဂ်ီရူးကေတာ့ နည္းျပေဟာင္း ေမာ္ရင္ညိဳ ကိုင္တြယ္ေနတဲ့ စပါးအသင္းကို ဒီဘက္က အက္ဖ္ေအပြဲ အျပီးမွာ လွမ္းျပီး ေက်းဇူးတင္စကား ပါးလိုက္ပါတယ္။

” ကဲ ေနာက္ထပ္ ဗိုလ္လုပြဲ တစ္ခုေတာ့ ေရာက္ျပီ ေပါ့ဗ်ာ။ အာဆင္နယ္နဲ႕ ပြဲၾကီးတစ္ပြဲ ရင္ဆုိင္ရေတာ့မယ္။ ဒီေန႕ ကစားသြားတဲ့ အသင္း စြမ္းေ္ဆာင္ရည္ကို က်ေနာ္တို႔ ေက်နပ္ေနၾကပါတယ္။ ေနာက္ျပီး စပါးကိုလည္း ေက်းဇူးတင္ပါတယ္။ လက္စတာ ဒီေန႔ နုိင္ပြဲ ရမသြားဘူး။ အခု က်ေန္ာတို႔ ပရီးမီးယားလိဂ္ဘက္ကို ျပန္လွည့္ အာရံုစိုက္ရမယ္။ က်ေနာ္တို႔ ထိပ္ဆံုး သံုးသင္းထဲ ၀င္ခ်င္တယ္ ေနာက္ျပီး အက္ဖ္ေအဖလားလည္း ရခ်င္ပါတယ္။ ” လို႔ ဂ်ီရူးက ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ လက္က်န္နွစ္ပြဲမွာ ဒီတစ္ပတ္ ၾကားရက္မွာေတာ့ အန္းဖီးသြားျပီး လီဗာပူးကို ရင္ဆိုင္ရမွာ ျဖစ္ကာ ေနာက္ဆံုးပြဲကိုေတာ့ စတန္းဖို႔ဘရစ္ခ်္မွာ ၀ုဗ္ကို ဧည့္ခံ ကစားရဖို႔ ရွိေနပါတယ္။