ဂျီရူးရဲ့ဂိုး ခွင့်ပြုလိုက်ရတာအတွက် နည်းပြ ဆိုးရှား ဝေဖန်ပြစ်တင်လိုက်တဲ့ ယူနိုက်တက်အသင်းသား

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက ညက အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲမှာ ချယ်ဆီးတိုက်စစ်မှူး ဂျီရူးရဲ့ သွင်းဂိုး ခွင့်ပြုလိုက်ရတဲ့ အပေါ် ခံစစ်မှူး ဗစ်တာ လင်ဒီအော့ဖ်အား ဝေဖန် ပြစ်တင်လိုက်ပါတယ်။ ထိုပွဲမှာ ချယ်ဆီးဟာ ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဂျီရူးရဲ့ သွင်းဂိုးက ချယ်ဆီးရဲ့ ဦးဆောင်ဂိုး ဖြစ်ပြီး ပထမပိုင်း ပြီးခါနီး နာကျင် အချိန်ပိုမှာ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်သား တိုက်စစ် ဆင်လာတာကို လင်ဒီလော့ဖ်က တားဆီး ဖျက်ထုတ်နိုင်ခြင်း မရှိတာကြောင့် ဂျီရူးက ဒီဂီယာကို ကျော်ကာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက ဒီဂီယာကိုလည်း ပွဲအပြီးမှာ ဆိုးရှားက သတိပေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဂျီရူး သွင်းဂိုး အတွက် လင်ဒီလော့ဖ် မတားဆီးနိုင်ခဲ့တဲ့ အပေါ် ပြစ်တင်ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။

” ဂျီရူး လှုပ်ရှားလာတာ ဂိုးနားကို ကပ်လာတာ ခင်ဗျားတို့ အားလုံးလည်း တွေ့ကြမှာပါ။ ကျနော်တို့ ဒိထက်ပိုပြီး ကောင်းမွန်အောင် ခံစစ် ကာ ကစားခဲ့သင့်တယ်။ ဒီလို အနေအထားမျိုးတွေမှာ ကျနော်တို့ နည်းနည်းစီ နောက်ကျနေခဲ့တယ်။ ဒုတိယဂိုးကလည်း တကယ်တော့ ကာကွယ်နိုင်ခဲ့သင့်တာပါ။

ပထမပိုင်းပြီး ပွဲနားချိန် မတိုင်ခင်လေးမှာ အခုလို ဂိုးပေးလိုက်ရတာက ကျနော်တို့ အတွက် ထိုးနှက်မှုကြီးပါပဲ။ အာရုံစူးစိုက်မှု လျော့သွားတယ် စိတ်ပျက်စရာပါပဲ။

ချယ်ဆီးက ကျနော်တို့ထက် ၄၈ နာရီ ပို အနားရထားတယ်။ ကျနော်က အချက်အလက်ကို ဖော်ပြတာပါ ဒါကို ဆင်ခြေ အဖြစ် သုံးမှာ မဟုတ်ဘူး။ ဖြစ်တာက ဖြစ်သွားခဲ့ပြီးပြီ။ ဆီမီးဖိုင်နယ်ပွဲ က မကစားရတာထက် စာရင် ကစားခွင့် ရတာ ပိုကောင်းတာပေါ့။ ဒါကို ပုံကြီးချဲ့ ပြောဆိုတာတွေ မလုပ်ပါဘူး။ ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားက ညက အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲမွာ ခ်ယ္ဆီးတိုက္စစ္မွဴး ဂ်ီရူးရဲ႕ သြင္းဂိုး ခြင့္ျပဳလိုက္ရတဲ့ အေပၚ ခံစစ္မွဴး ဗစ္တာ လင္ဒီေအာ့ဖ္အား ေ၀ဖန္ ျပစ္တင္လိုက္ပါတယ္။ ထိုပြဲမွာ ခ်ယ္ဆီးဟာ ယူနိုက္တက္ကို ၃-၁ နဲ႔ အနုိင္ယူျပီး ဗိုလ္လုပြဲ တက္သြားခဲ့ျပီ ျဖစ္ပါတယ္။

ဂ်ီရူးရဲ႕ သြင္းဂိုးက ခ်ယ္ဆီးရဲ႕ ဦးေဆာင္ဂိုး ျဖစ္ျပီး ပထမပိုင္း ျပီးခါနီး နာက်င္ အခ်ိန္ပိုမွာ သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။ ျပင္သစ္သား တိုက္စစ္ ဆင္လာတာကို လင္ဒီေလာ့ဖ္က တားဆီး ဖ်က္ထုတ္နုိင္ျခင္း မရွိတာေၾကာင့္ ဂ်ီရူးက ဒီဂီယာကို ေက်ာ္ကာ ဂိုးသြင္းနိုင္ခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားက ဒီဂီယာကိုလည္း ပြဲအျပီးမွာ ဆိုးရွားက သတိေပးမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ဂ်ီရူး သြင္းဂိုး အတြက္ လင္ဒီေလာ့ဖ္ မတားဆီးနုိင္ခဲ့တဲ့ အေပၚ ျပစ္တင္ေ၀ဖန္မႈ ျပဳလုပ္ခဲ့ပါတယ္။

” ဂ်ီရူး လႈပ္ရွားလာတာ ဂိုးနားကို ကပ္လာတာ ခင္ဗ်ားတို႔ အားလံုးလည္း ေတြ႔ၾကမွာပါ။ က်ေနာ္တို႔ ဒိထက္ပိုျပီး ေကာင္းမြန္ေအာင္ ခံစစ္ ကာ ကစားခဲ့သင့္တယ္။ ဒီလို အေနအထားမ်ိဳးေတြမွာ က်ေနာ္တို႔ နည္းနည္းစီ ေနာက္က်ေနခဲ့တယ္။ ဒုတိယဂိုးကလည္း တကယ္ေတာ့ ကာကြယ္နိုင္ခဲ့သင့္တာပါ။

ပထမပိုင္းျပီး ပြဲနားခ်ိန္ မတိုင္ခင္ေလးမွာ အခုလို ဂိုးေပးလိုက္ရတာက က်ေနာ္တုိ႔ အတြက္ ထိုးနွက္မႈၾကီးပါပဲ။ အာရံုစူးစိုက္မႈ ေလ်ာ့သြားတယ္ စိတ္ပ်က္စရာပါပဲ။

ခ်ယ္ဆီးက က်ေနာ္တို႔ထက္ ၄၈ နာရီ ပို အနားရထားတယ္။ က်ေနာ္က အခ်က္အလက္ကို ေဖာ္ျပတာပါ ဒါကို ဆင္ေျခ အျဖစ္ သံုးမွာ မဟုတ္ဘူး။ ျဖစ္တာက ျဖစ္သြားခဲ့ျပီးျပီ။ ဆီမီးဖိုင္နယ္ပြဲ က မကစားရတာထက္ စာရင္ ကစားခြင့္ ရတာ ပိုေကာင္းတာေပါ့။ ဒါကို ပံုၾကီးခ်ဲ႕ ေျပာဆိုတာေတြ မလုပ္ပါဘူး။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။