ယူရို သန်း ၁၂၀ လောက် သုံးမှ ချယ်ဆီးအသင်း အလိုရှိတဲ့ ဂိုးသမား ရနိုင်ခြေရှိနေ

ချယ်ဆီးအသင်းဟာ ဒီနွေမှာ ဂိုးသမားသစ် ခေါ်ယူဖို့ လှုပ်ရှားမှုတွေ ရှိနေပြီး လက်ရှိ ကမ္ဘာ့ အကောင်းဆုံးထဲ ပါဝင်နေကာ ချယ်ဆီး ပစ်မှတ်ထားနေတဲ့ အော့ဘလက်ကတော့ ဈေးချိုချိုနဲ့ ရနိုင်မယ့် အနေအထားမှာ ရှိနေပါဘူး။ အက်သလက်တီကို မက်ဒရစ် ဂိုးသမား ဂျန် အော့ဘလက်ရဲ့ စာချုပ် ဖျက်သိမ်းကြေးက ယူရို သန်း ၁၂၀ ရှိပါတယ်။

အသက် ၂၇ နှစ် အရွယ် ဂိုးသမားဟာ ဒီနွေမှာ အက်သလက်တီကိုက နေ ထွက်မလား ဆက်နေမလား မသေချာသေးဘဲ ရှိပေမယ့် တီကိုနည်းပြ ဆီမြွန်နီကတော့ ဆလိုဗက်ကီးယားသား ကို ဆက်ထိန်းဖို့ နည်းပေါင်းစုံ သုံးသွားရန် ပြင်ဆင်နေပါတယ်။

ဒါပေမယ့် ချယ်ဆီးနဲ့ အက်သလက်တီကို ကြား ဆက်ဆံရေးကတော့ လတ်တလော လုပ်ဆောင်ထားတဲ့ ကော်စတာ၊ မိုရာတာ၊ ကော်တိုရစ် စတဲ့ ကစားသမား အရောင်းအဝယ်တွေနဲ့ ပြေပြေလည်လည် ရှိနေပါတယ်။ ချယ်ဆီးနည်းပြ လမ်းပတ်ဟာ လက်ရှိ ဂိုးသမား ကီပါရဲ့ စွမ်းဆောင်ရည်ကို စိတ်တိုင်း မကျ ဖြစ်နေတာကြောင့် ထိပ်တန်း ဂိုးသမား တစ်ဦး ရှာဖွေနေပါတယ်။

ကီပါကလည်း ချယ်ဆီးတို့ ဂိုးသမား တစ်ယောက် အတွက် ကမ္ဘာ့စံချိန်တင်ကြေး ပေးကာ ခေါ်ထားရသူ ဖြစ်လို့ လွယ်လွယ်တော့ ခေါက်ထားလို့ မရဘဲ ရှိနေပါတယ်။ ဗလင်စီယာ အသင်းကတော့ ကီပါကို အငှား ခေါ်ယူဖို့ လတ်တလော ဆက်သွယ် မေးမြန်းထားပါတယ်။ ၎င်းတို့က စပိန်သားကို ၂ နှစ် အငှား စာချုပ်လောက်နဲ့ ခေါ်ပြီး အပြီးသတ် ဝယ်ယူခွင့်ပါ ထည့်သွှု်းထားချင်တာပါ။

ဒါပေမယ့် မြင့်မားတဲ့ ငှားရမ်းခနဲ့ ကီပါရဲ့ တစ်ပတ် လုပ်ခ ပေါင် ၁ သိန်း ၇ သောင်း လုပ်ခက ၎င်းကို အလိုရှိတဲ့ ကလပ်အသင်းတွေ အတွက် အတားအဆီး ဖြစ်နေပြီး ဆီဗီလာကလည်း နောက်ဆုတ်သွားပြီး ဖြစ်ပါတယ်။

ချယ်ဆီး အနေနဲ့ အော့ဘလက်မှ အော့ဘလက်ပဲ ခေါ်ယူချင်တယ် ဆိုရင်တော့ ကီပါကို လက်လွှတ်ဖို့ စဉ်းစားရမယ့် အပြင် အော့ဘလက်ရဲ့ စာချုပ်ပါ အတိုင်း ဖျက်သိမ်းကြေး ယူရို သန်း ၁၂၀ လောက် ပေးနိုင်မယ့် အဆင်ပြေနိုင်မယ့် အနေအထား ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီေႏြမွာ ဂိုးသမားသစ္ ေခၚယူဖို႔ လႈပ္ရွားမႈေတြ ရွိေနျပီး လက္ရွိ ကမၻာ့ အေကာင္းဆံုးထဲ ပါ၀င္ေနကာ ခ်ယ္ဆီး ပစ္မွတ္ထားေနတဲ့ ေအာ့ဘလက္ကေတာ့ ေစ်းခ်ိဳခ်ိဳနဲ႕ ရနုိင္မယ့္ အေနအထားမွာ ရွိေနပါဘူး။ အက္သလက္တီကို မက္ဒရစ္ ဂိုးသမား ဂ်န္ ေအာ့ဘလက္ရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကးက ယူရို သန္း ၁၂၀ ရွိပါတယ္။

အသက္ ၂၇ နွစ္ အရြယ္ ဂိုးသမားဟာ ဒီေႏြမွာ အက္သလက္တီကိုက ေန ထြက္မလား ဆက္ေနမလား မေသခ်ာေသးဘဲ ရွိေပမယ့္ တီကိုနည္းျပ ဆီျမြန္နီကေတာ့ ဆလိုဗက္ကီးယားသား ကုိ ဆက္ထိန္းဖို႔ နည္းေပါင္းစံု သံုးသြားရန္ ျပင္ဆင္ေနပါတယ္။

ဒါေပမယ့္ ခ်ယ္ဆီးနဲ႕ အက္သလက္တီကို ၾကား ဆက္ဆံေရးကေတာ့ လတ္တေလာ လုပ္ေဆာင္ထားတဲ့ ေကာ္စတာ၊ မိုရာတာ၊ ေကာ္တိုရစ္ စတဲ့ ကစားသမား အေရာင္းအ၀ယ္ေတြနဲ႕ ေျပေျပလည္လည္ ရွိေနပါတယ္။ ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ လက္ရွိ ဂိုးသမား ကီပါရဲ႕ စြမ္းေဆာင္ရည္ကို စိတ္တိုင္း မက် ျဖစ္ေနတာေၾကာင့္ ထိပ္တန္း ဂိုးသမား တစ္ဦး ရွာေဖြေနပါတယ္။

ကီပါကလည္း ခ်ယ္ဆီးတို႔ ဂိုးသမား တစ္ေယာက္ အတြက္ ကမၻာ့စံခ်ိန္တင္ေၾကး ေပးကာ ေခၚထားရသူ ျဖစ္လို႔ လြယ္လြယ္ေတာ့ ေခါက္ထားလို႔ မရဘဲ ရွိေနပါတယ္။ ဗလင္စီယာ အသင္းကေတာ့ ကီပါကို အငွား ေခၚယူဖို႔ လတ္တေလာ ဆက္သြယ္ ေမးျမန္းထားပါတယ္။ ၄င္းတို႔က စပိန္သားကို ၂ နွစ္ အငွား စာခ်ဳပ္ေလာက္နဲ႕ ေခၚျပီး အျပီးသတ္ ၀ယ္ယူခြင့္ပါ ထည့္သြႈ္းထားခ်င္တာပါ။

ဒါေပမယ့္ ျမင့္မားတဲ့ ငွားရမ္းခနဲ႕ ကီပါရဲ႕ တစ္ပတ္ လုပ္ခ ေပါင္ ၁ သိန္း ၇ ေသာင္း လုပ္ခက ၄င္းကို အလိုရွိတဲ့ ကလပ္အသင္းေတြ အတြက္ အတားအဆီး ျဖစ္ေနျပီး ဆီဗီလာကလည္း ေနာက္ဆုတ္သြားျပီး ျဖစ္ပါတယ္။

ခ်ယ္ဆီး အေနနဲ႕ ေအာ့ဘလက္မွ ေအာ့ဘလက္ပဲ ေခၚယူခ်င္တယ္ ဆိုရင္ေတာ့ ကီပါကို လက္လႊတ္ဖို႔ စဥ္းစားရမယ့္ အျပင္ ေအာ့ဘလက္ရဲ႕ စာခ်ဳပ္ပါ အတိုင္း ဖ်က္သိမ္းေၾကး ယူရို သန္း ၁၂၀ ေလာက္ ေပးနုိင္မယ့္ အဆင္ေျပနိုင္မယ့္ အေနအထား ရွိေနပါတယ္။