လီဗာပူး Vs ချယ်ဆီး ပွဲအတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

UNICDE – ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ အဖြစ် မန်ချက်စတာ လီဗာပူး နဲ့ ချယ်ဆီး တို့ဟာ ဇူလိုင် ၂၃ ရက် (ကြာသပတေးနေ့) နံနက် ၁း၄၅ နာရီမှာ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

ဒီပွဲကို ပရီးမီးယားလိဂ် ဘောလုံးပွဲ ခန့်မှန်းသူ လော်ရိုးက ရလဒ် ခန့်မှန်းမှု လုပ်သွားခဲ့ပါသေးတယ်။

လော်ရိုးက ” လီဗာပူးအသင်းဟာ ဒီပွဲပြီးရင် ပွဲကြည့်စင်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ကိုင်မြှောက်တော့မှာ ဖြစ်ပါတယ်။ ဒါက ယာဂင်ကလော့ပ်ရဲ့ ပွဲထွက် လူစာရင်း ရွေးချယ်မှုနဲ့ ဒီပွဲ စွမ်းဆောင်ရည် အပေါ် သက်ရောက်မှုကြီး ရှိမယ်လို့ ကျနော် ထင်ပါတယ်။

ကလော့ပ်က သူ့ရဲ့ အတောင့်တင်းဆုံး ဆိုတဲ့ လူစာရင်း ပွဲထုတ်လာမှာ ဖြစ်ပြီး သူတို့ အရင် အပတ်က အာဆင်နယ်ကို ရှုံးခဲ့တဲ့ ရလဒ်ကနေ ပြန် ရုန်းထချင်နေမှာပါ။ ဒီလို အနေအထားက သူတို့ ဘာလိုအပ်သလဲ အတိအကျ သိမြင်စေဖို့ အာရုံစိုက်ဖို့ တွန်းအားပေးနေမှာ ဖြစ်ပါတယ်။

ချယ်ဆီးကလည်း ရမှတ်တွေ လိုအပ်နေပါသေးတယ်။ ဒါပေမယ့် လီဗာပူးက ဒီရာသီ အစောပိုင်းက လီဗာပူးလို ဖြစ်နေမှာကြောင့် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ရှုံးပွဲ တစ်ပွဲ အပြီးမှာ ဖလားမြှောက်ရတာမျိုး လီဗာပူးတို့ အဖြစ်ခံချင်မယ် မထင်ပါဘူး။ ” လို့ ဆိုပါတယ်။

ပွဲနဲ့ ပက်သက်ပြီး လော်ရိုး ခန့်မှန်းရလဒ်ကတော့ လေီဗာပူး 2-0 ချယ်ဆီး လို့ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၇ အျဖစ္ မန္ခ်က္စတာ လီဗာပူး နဲ႔ ခ်ယ္ဆီး တို႔ဟာ ဇူလိုင္ ၂၃ ရက္ (ၾကာသပေတးေန႔) နံနက္ ၁း၄၅ နာရီမွာ ထိပ္တိုက္ေတြ႔ၾကမွာ ျဖစ္ပါတယ္။

ဒီပြဲကို ပရီးမီးယားလိဂ္ ေဘာလံုးပြဲ ခန္႔မွန္းသူ ေလာ္ရိုးက ရလဒ္ ခန္႔မွန္းမႈ လုပ္သြားခဲ့ပါေသးတယ္။

ေလာ္ရိုးက ” လီဗာပူးအသင္းဟာ ဒီပြဲျပီးရင္ ပြဲၾကည့္စင္မွာ ပရီးမီးယားလိဂ္ ဆုဖလားကို ကိုင္ေျမွာက္ေတာ့မွာ ျဖစ္ပါတယ္။ ဒါက ယာဂင္ကေလာ့ပ္ရဲ႕ ပြဲထြက္ လူစာရင္း ေရြးခ်ယ္မႈနဲ႕ ဒီပြဲ စြမ္းေဆာင္ရည္ အေပၚ သက္ေရာက္မႈၾကီး ရွိမယ္လို႔ က်ေနာ္ ထင္ပါတယ္။

ကေလာ့ပ္က သူ႔ရဲ႕ အေတာင့္တင္းဆံုး ဆိုတဲ့ လူစာရင္း ပြဲထုတ္လာမွာ ျဖစ္ျပီး သူတို႔ အရင္ အပတ္က အာဆင္နယ္ကို ရွံဳးခဲ့တဲ့ ရလဒ္ကေန ျပန္ ရုန္းထခ်င္ေနမွာပါ။ ဒီလို အေနအထားက သူတို႔ ဘာလိုအပ္သလဲ အတိအက် သိျမင္ေစဖို႔ အာရံုစိုက္ဖို႕ တြန္းအားေပးေနမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးကလည္း ရမွတ္ေတြ လိုအပ္ေနပါေသးတယ္။ ဒါေပမယ့္ လီဗာပူးက ဒီရာသီ အေစာပိုင္းက လီဗာပူးလို ျဖစ္ေနမွာေၾကာင့္ လြယ္ကူမွာေတာ့ မဟုတ္ပါဘူး။ ရွံဳးပြဲ တစ္ပြဲ အျပီးမွာ ဖလားေျမွာက္ရတာမ်ိဳး လီဗာပူးတို႔ အျဖစ္ခံခ်င္မယ္ မထင္ပါဘူး။ ” လို႔ ဆိုပါတယ္။

ပြဲနဲ႔ ပက္သက္ျပီး ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ ေလီဗာပူး 2-0 ခ်ယ္ဆီး လို႔ ျဖစ္ပါတယ္။