လီဗာပူး Vs ချယ်ဆီး ပွဲ အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ယူနိုက်တက်ကို အနိုင်ယူပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲတက်ရောက်ထားတဲ့ ချယ်ဆီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ ချန်ပီယံ လီဗာပူးနဲ့ တွေ့ဆုံနေပြီး သူတို့ အောင်ပွဲခံမယ့် အန်ဖီးလ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ပွဲချိန် ကတော့ ဇူလိုင် ၂၃ ရက် (ကြာသပတေးနေ့) နံနက် ၁း၄၅ နာရီမှာပါ။ ဒီပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ အခုလို သုံးသပ်ခန့်မှန်းထားပါတယ်။

” လီဗာပူးရဲ့ ခြေစွမ်းက ပရီးမီးယားလိဂ်ဖလား အနိုင်မရခင်ကနဲ့ အနည်းငယ် ခြားနားနေတယ်။ နောက်ဆုံးပွဲအဖြစ် အာဆင်နယ်ကို ရင်ဆိုင်ရချိန်မှာ ခံစစ်ရဲ့ ပုံမှန်မဟုတ်တဲ့ အမှား နှစ်ခုက သွင်းဂိုးတွေ ပေးခဲ့ရပြီး အရေးနိမ့်ခဲ့တယ်။ ဒီအရေးနိမ့်မှုက လီဗာပူးဟာ ရမှတ် အများဆုံးနဲ့ ချန်ပီယံဖြစ်တဲ့ ဘောလုံးရာသီတစ်ခုကို ရနိုင်တေ့ာမှာ မဟုတ်ပါဘူး။ သူတို့က လိုချင်တဲ့ ပန်းတိုင်ကို ရထားပြီးသား အသင်းဖြစ်ပါတယ်။

ပွဲအပြီးမှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို အနိုင်ရတော့မှာဖြစ်တယ်။ သူတို့ရဲ့ နောက်ဆုံးပွဲကို အနိုင်ရလိုမယ်ဆိုတာ သံသယဝင်စရာ မရှိပါဘူး။

အင်္ဂါနေ့က ချယ်ဆီးဟာ နော်ဝစ်ကို ကျဉ်းမြောင်းတဲ့ ရလဒ်အဖြစ် ၁-၀ နဲ့ အနိုင်ရခဲ့တာက ပွဲစဉ် ၃၇ မတိုင်ခင် အမှတ်ပေးဇယား အဆင့် ၃ မှာ ဆက်ရှိနေဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီရာသီသိမ်း ကာလတွေအတွက် ဒီပွဲကလည်း အလှည့်အပြောင်းများတဲ့ ပွဲတစ်ပွဲ ဖြစ်လာပါမယ်။

ချယ်ဆီးဟာ ဘောလုံးရာသီ အဆုံးသတ်ပွဲအဖြစ် အိမ်ကွင်းမှာ ဝုဗ်ကို ဧည့်ခံ ကစားရမှာဖြစ်ပြီး လက်စတာနဲ့ ယူနိုက်တက်တို့ ထိပ်တိုက် တွေ့တဲ့ပွဲလည်း ရှိနေတယ်။ လမ်းပတ်က အန်ဖီးမှာ ရလဒ်ကောင်း ရလိုပါလိမ့်မယ်။ ပြီးခဲ့တဲ့ ပွဲတုန်းက ကလော့ပ်ရဲ့ အသင်းဟာ ၂-၁ နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒီပွဲမှာလည်း လီဗာပူးကပဲ ၂-၁ နဲ့ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ” လို့ အိုဝင်က ဆိုပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ လီဗာပူး ၂-၁ ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္ကို အနုိင္ယူျပီး အက္ဖ္ေအဖလား ဗိုလ္လုပြဲတက္ေရာက္ထားတဲ့ ခ်ယ္ဆီးအသင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာေတာ့ ခ်န္ပီယံ လီဗာပူးနဲ႕ ေတြ႔ဆံုေနျပီး သူတို႔ ေအာင္ပြဲခံမယ့္ အန္ဖီးလ္ကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ကေတာ့ ဇူလိုင္ ၂၃ ရက္ (ၾကာသပေတးေန႔) နံနက္ ၁း၄၅ နာရီမွာပါ။ ဒီပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာငး္ မိုက္ကယ္ အို၀င္ကေတာ့ အခုလို သံုးသပ္ခန္႔မွန္းထားပါတယ္။

” လီဗာပူးရဲ႕ ေျခစြမ္းက ပရီးမီးယားလိဂ္ဖလား အႏုိင္မရခင္ကနဲ႔ အနည္းငယ္ ျခားနားေနတယ္။ ေနာက္ဆံုးပြဲအျဖစ္ အာဆင္နယ္ကို ရင္ဆိုင္ရခ်ိန္မွာ ခံစစ္ရဲ႕ ပံုမွန္မဟုတ္တဲ့ အမွား ႏွစ္ခုက သြင္းဂိုးေတြ ေပးခဲ့ရျပီး အေရးနိမ့္ခဲ့တယ္။ ဒီအေရးနိမ့္မႈက လီဗာပူးဟာ ရမွတ္ အမ်ားဆံုးနဲ႔ ခ်န္ပီယံျဖစ္တဲ့ ေဘာလံုးရာသီတစ္ခုကို ရႏုိင္ေတ့ာမွာ မဟုတ္ပါဘူး။ သူတို႔က လိုခ်င္တဲ့ ပန္းတိုင္ကို ရထားျပီးသား အသင္းျဖစ္ပါတယ္။

ပြဲအျပီးမွာ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ဆုဖလားကို အႏုိင္ရေတာ့မွာျဖစ္တယ္။ သူတို႔ရဲ႕ ေနာက္ဆံုးပြဲကို အႏုိင္ရလိုမယ္ဆိုတာ သံသယဝင္စရာ မရွိပါဘူး။

အဂၤါေန႔က ခ်ယ္ဆီးဟာ ေနာ္ဝစ္ကို က်ဥ္းေျမာင္းတဲ့ ရလဒ္အျဖစ္ ၁-၀ နဲ႔ အႏိုင္ရခဲ့တာက ပြဲစဥ္ ၃၇ မတိုင္ခင္ အမွတ္ေပးဇယား အဆင့္ ၃ မွာ ဆက္ရွိေနဖို႔ ျဖစ္လာပါတယ္။ ဒါေပမယ့္ ဒီရာသီသိမ္း ကာလေတြအတြက္ ဒီပြဲကလည္း အလွည့္အေျပာင္းမ်ားတဲ့ ပြဲတစ္ပြဲ ျဖစ္လာပါမယ္။

ခ်ယ္ဆီးဟာ ေဘာလံုးရာသီ အဆံုးသတ္ပြဲအျဖစ္ အိမ္ကြင္းမွာ ဝုဗ္ကို ဧည့္ခံ ကစားရမွာျဖစ္ျပီး လက္စတာနဲ႔ ယူႏုိက္တက္တို႔ ထိပ္တိုက္ ေတြ႔တဲ့ပြဲလည္း ရွိေနတယ္။ လမ္းပတ္က အန္ဖီးမွာ ရလဒ္ေကာင္း ရလိုပါလိမ့္မယ္။ ျပီးခဲ့တဲ့ ပြဲတုန္းက ကေလာ့ပ္ရဲ႕ အသင္းဟာ ၂-၁ နဲ႔ အႏုိင္ရခဲ့တာျဖစ္ျပီး ဒီပြဲမွာလည္း လီဗာပူးကပဲ ၂-၁ နဲ႔ အႏုိင္ရသြားမယ္လို႔ ထင္ပါတယ္။ ” လို႔ အို၀င္က ဆိုပါတယ္။

မိုက္ကယ္အိုဝင္ ခန္႔မွန္းရလဒ္ ကေတာ့ လီဗာပူး ၂-၁ ခ်ယ္ဆီး ျဖစ္ပါတယ္။