မန်ချက်စတာ ယူနိုက်တက် Vs ဝက်စ်ဟမ်း ပွဲအတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

UNICODE – ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ အဖြစ် မန်ချက်စတာ ယူနိုက်တက် နဲ့ ဝက်စ်ဟမ်း တို့ဟာ ဇူလိုင် ၂၂ ရက် (ဗုဒ္ဓဟူးနေ့) ည ၁၁း၃၀ နာရီမှာ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

ဒီပွဲကို ပရီးမီးယားလိဂ် ဘောလုံးပွဲ ခန့်မှန်းသူ လော်ရိုးက ရလဒ် ခန့်မှန်းမှု လုပ်သွားခဲ့ပါသေးတယ်။

လော်ရိုးက ” မန်ချက်စတာ ယူနိုက်တက်ဟာ ဂိုးကွာခြားချက်ကြောင့် တန်းမဆင်းရတော့ဘူးလို့ သိသွားပြီ ဖြစ်တဲ့ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဆိုးရှားရဲ့ အသင်းဟာ ဒီပွဲမှာ အနိုင်ယူဖို့ အာရုံ အပြည့်အ၀ စိုက်ထားမှာ ဖြစ်ပြီး အမှားခံလို့ မရတာကို သူတို့ ကောင်းကောင်း သိထားပါတယ်။

တနင်္ဂနွေနေ့က ဝင်ဘာလေမှာ သူတို့ ကစားပုံ မကောင်းခဲ့ဘူးဆိုတာ သိပေမယ့် ဒီပွဲ အတွက် ဆိုးရှားကလည်း လူ တစ်ယောက်နှစ်ယောက် ချန်ခဲ့တာ ဖြစ်လို့ ဒီပွဲမှာတော့ လူစုံတက်စုံ တွေ့ရမှာပါ။ ဒါပေမယ့် သူတို့ အရင်ပွဲမှာ ဒီဂီယာကို မထည့်ခဲ့သင့်ဘူးလို့ ထင်ပါတယ်။

သူက နှစ်ပေါင်းများစွာ ထိပ်တန်းအဆင့်မှာ ရပ်တည်နေခဲ့တဲ့ ဂိုးသမား တစ်ယောက် ဖြစ်လို့ အခုလို အမှားတွေ လုပ်ပြီး ဝေဖန်ခံနေရတဲ့ အပေါ် စိတ် မကောင်း ဖြစ်မိပါတယ်။ သူ့ကို ခဏလောက် အနားပေးထားသင့်ခဲ့ပါတယ်။ တကယ်လို့ ဂိုးသမား တစ်ယောက်နဲ့ ယုံကြည်မှုတွေ လျော့ပါးလာတယ် ဆိုရင် ဒါက အန္တရာယ်ကြီးပါတယ်။ ” လို့ ဆိုပါတယ်။

ပွဲနဲ့ ပက်သက်ပြီး လော်ရိုး ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် 2-0 ဝက်စ်ဟမ်း ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၇ အျဖစ္ မန္ခ်က္စတာ ယူနိုက္တက္ နဲ႔ ၀က္စ္ဟမ္း တို႔ဟာ ဇူလိုင္ ၂၂ ရက္ (ဗုဒၶဟူးေန႔) ည ၁၁း၃၀ နာရီမွာ ထိပ္တိုက္ေတြ႔ၾကမွာ ျဖစ္ပါတယ္။

ဒီပြဲကို ပရီးမီးယားလိဂ္ ေဘာလံုးပြဲ ခန္႔မွန္းသူ ေလာ္ရိုးက ရလဒ္ ခန္႔မွန္းမႈ လုပ္သြားခဲ့ပါေသးတယ္။

ေလာ္ရိုးက ” မန္ခ်က္စတာ ယူနုိက္တက္ဟာ ဂိုးကြာျခားခ်က္ေၾကာင့္ တန္းမဆင္းရေတာ့ဘူးလို႔ သိသြားျပီ ျဖစ္တဲ့ ၀က္စ္ဟမ္းကို အိမ္ကြင္းမွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ဆိုးရွားရဲ႕ အသင္းဟာ ဒီပြဲမွာ အနုိင္ယူဖို႔ အာရံု အျပည့္အ၀ စိုက္ထားမွာ ျဖစ္ျပီး အမွားခံလို႔ မရတာကို သူတို႔ ေကာင္းေကာင္း သိထားပါတယ္။

တနဂၤေႏြေန႔က ၀င္ဘာေလမွာ သူတို႔ ကစားပံု မေကာငး္ခဲ့ဘူးဆိုတာ သိေပမယ့္ ဒီပြဲ အတြက္ ဆိုးရွားကလည္း လူ တစ္ေယာက္နွစ္ေယာက္ ခ်န္ခဲ့တာ ျဖစ္လို႔ ဒီပြဲမွာေတာ့ လူစံုတက္စံု ေတြ႔ရမွာပါ။ ဒါေပမယ့္ သူတို႔ အရင္ပြဲမွာ ဒီဂီယာကို မထည့္ခဲ့သင့္ဘူးလို႔ ထင္ပါတယ္။

သူက နွစ္ေပါင္းမ်ားစြာ ထိပ္တန္းအဆင့္မွာ ရပ္တည္ေနခဲ့တဲ့ ဂိုးသမား တစ္ေယာက္ ျဖစ္လို႔ အခုလို အမွားေတြ လုပ္ျပီး ေ၀ဖန္ခံေနရတဲ့ အေပၚ စိတ္ မေကာင္း ျဖစ္မိပါတယ္။ သူ႔ကို ခဏေလာက္ အနားေပးထားသင့္ခဲ့ပါတယ္။ တကယ္လို႔ ဂိုးသမား တစ္ေယာက္နဲ႕ ယံုၾကည္မႈေတြ ေလ်ာ့ပါးလာတယ္ ဆိုရင္ ဒါက အႏၱရာယ္ၾကီးပါတယ္။ ” လို႔ ဆိုပါတယ္။

ပြဲနဲ႔ ပက္သက္ျပီး ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ 2-0 ၀က္စ္ဟမ္း ျဖစ္ပါတယ္။