ပွဲကြိုရှင်းလင်းပွဲက ဒီဂီယာအကြောင်း သတင်းစာရှင်းလင်းပွဲ မဟုတ်ဘူးလို့ သတင်းသမားတွေကို ဆိုးရှား နှုတ်ပိတ်ခဲ့

မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားက ဒီရာသီ အိုးထရက်ဖို့ဒ် မှာ ကန်မယ့် နောက်ဆုံး ပရီးမီးယားလိဂ် ပွဲ ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ပွဲ မတိုင်ခင် ပွဲကြို ရှင်းလင်းပွဲ ပြုလုပ်ရာ သတင်းသမားတွေက ဒီဂီယာ အကြောင်း မေးခွန်းတွေသာ တရစပ် ထုတ်ခဲ့ကြတာကြောင့် ဒီပွဲက ဒီဂီယာ အကြောင်း ရှင်းလင်းပွဲ မဟုတ်ကြောင်း တုန့်ပြန်ကာ မေးခွန်းတွေကို နှုတ်ပိတ်ခဲ့လိုက်ပါတယ်။

ပြီးခဲ့တဲ့ ချယ်ဆီးနဲ့ အက်ဖ်အေဖလားပွဲက အမှားများကြောင့် ယူနိုက်တက် ဂိုးသမား ဒီဂီယာက ဝေဖန်မှုတွေ များစွာ ခံယူနေရပြီး နောက်ပွဲစဉ် မတိုင်ခင်ထိပါ မေးခွန်းထုတ်ခံနေရတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဒီဂီယာ ပွဲထွက်ဦးမလား ရိုမဲရိုးကို ကစားစေမလား စိတ်ဝင်စားမှုတွေ မြင့်တက်နေပြီး နောက်တစ်ပတ်ဆို ရှက်ဖီးမှာ အငှားကစားရာကနေ ပြန်လာတော့မယ့် ဒင်းဟန်ဒါဆန် အနာဂတ် အတွက်လည်း အားလုံးက စောင့်ကြည့်နေကြပါတယ်။

” ဒီပွဲက ဒေးဗစ်ဒီဂီယာ အတွက် သတင်းစာ ရှင်းလင်းပွဲ မဟုတ်ပါဘူး။ ကျနော်တို့ အတူတူ လက်တွဲ တိုက်ပွဲဝင်ကြဦးမှာပါ။ နောက်ထပ် လိဂ်ပွဲ နှစ်ပွဲ ကစားဖို့ ကျန်သေးတယ် အဲဒီပွဲတွေ အတွက် အာရုံစိုက်ထားမှာ ဖြစ်တယ်။ ဒေးဗစ်က ဒီပွဲတွေ နဲ့ ပတ်သတ်ပြီး သူ့တာဝန်ကို ကောင်းကောင်း သိတဲ့အပြင် လုံလောက်တဲ့ စိတ်ဓာတ် ခိုင်မာမှုလည်း ရှိပါတယ်။ သူ့အနေနဲ့ နောက်ရက်မှာ ထရိန်နင် အတွက် ပြင်ဆင်ဖို့နဲ့ နောက်ပွဲ အတွက် အသင့် ပြင်ဆင်ရမှာပါ။

ဒီအကြောင်းတွေနဲ့ ပတ်သတ်ပြီး ပြောဆိုတာ ရေးသားတာက ခင်ဗျားတို့ အလုက်ပါ။ ကျနော့် အလုပ်ကတော့ ဝက်စ်ဟမ်းနဲ့ပွဲ အတွက် ပြင်ဆင်ဖို့ပဲ။ ဒါက ကျနော်တို့ လုပ်နေတာ အာရုံစိုက်ထားတဲ့ ကိစ္စ ဖြစ်တယ်။ ကျနော် ကစားသမား တစ်ယောက်ချင်းစီ အကြောင်း ပြောမှာ မဟုတ်ဘူး။ ဒါတွေက သူတို့ အပေါ် ဖိအားတွေပိုတင်ပေးရာပဲ ကျမယ်။

ပွဲ တစ်ပွဲ ရှုံးရင် နာကျင်ရမယ်။ စိတ်ပျက် အမျက်ထွက်မယ်။ ဒါပေမယ့် နောက်ကိစ္စ အပေါ် အာရုံစိုက် ကြိုးစားသွားရမှာပဲ။ တစ်ပွဲ ရှုံးလိုက်တာက ကမ္ဘာကြီး အဆုံးသတ်သွားတာ မဟုတ်ဘူး။ ဒါက အက်ဖ်အေဖလား ရည်မှန်းချက် အဆုံးသတ်သွားခဲ့တာပဲ ဖြစ်တယ်။ အခု ပုံမှန် ပြန်လည်ပတ်ရတော့မယ် နောက်ပွဲ ကစားဖို့ ရှိတယ်။ ” လို့ ယူနိုက်တက် နည်းပြ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ နည္းျပ ဆိုးရွားက ဒီရာသီ အိုးထရက္ဖို႔ဒ္ မွာ ကန္မယ့္ ေနာက္ဆံုး ပရီးမီးယားလိဂ္ ပြဲ ျဖစ္တဲ့ ၀က္စ္ဟမ္းနဲ႕ပြဲ မတိုင္ခင္ ပြဲၾကိဳ ရွင္းလင္းပြဲ ျပဳလုပ္ရာ သတင္းသမားေတြက ဒီဂီယာ အေၾကာင္း ေမးခြန္းေတြသာ တရစပ္ ထုတ္ခဲ့ၾကတာေၾကာင့္ ဒီပြဲက ဒီဂီယာ အေၾကာင္း ရွင္းလင္းပြဲ မဟုတ္ေၾကာင္း တုန္႔ျပန္ကာ ေမးခြန္းေတြကို နႈတ္ပိတ္ခဲ့လိုက္ပါတယ္။

ျပီးခဲ့တဲ့ ခ်ယ္ဆီးနဲ႕ အက္ဖ္ေအဖလားပြဲက အမွားမ်ားေၾကာင့္ ယူနိုက္တက္ ဂိုးသမား ဒီဂီယာက ေ၀ဖန္မႈေတြ မ်ားစြာ ခံယူေနရျပီး ေနာက္ပြဲစဥ္ မတိုင္ခင္ထိပါ ေမးခြန္းထုတ္ခံေနရတာ ျဖစ္ပါတယ္။

၀က္စ္ဟမ္းနဲ႕ ပြဲမွာ ဒီဂီယာ ပြဲထြက္ဦးမလား ရိုမဲရိုးကို ကစားေစမလား စိတ္၀င္စားမႈေတြ ျမင့္တက္ေနျပီး ေနာက္တစ္ပတ္ဆို ရွက္ဖီးမွာ အငွားကစားရာကေန ျပန္လာေတာ့မယ့္ ဒင္းဟန္ဒါဆန္ အနာဂတ္ အတြက္လည္း အားလံုးက ေစာင့္ၾကည့္ေနၾကပါတယ္။

” ဒီပြဲက ေဒးဗစ္ဒီဂီယာ အတြက္ သတင္းစာ ရွင္းလင္းပြဲ မဟုတ္ပါဘူး။ က်ေနာ္တို႔ အတူတူ လက္တြဲ တိုက္ပြဲ၀င္ၾကဦးမွာပါ။ ေနာက္ထပ္ လိဂ္ပြဲ နွစ္ပြဲ ကစားဖို႔ က်န္ေသးတယ္ အဲဒီပြဲေတြ အတြက္ အာရံုစိုက္ထားမွာ ျဖစ္တယ္။ ေဒးဗစ္က ဒီပြဲေတြ နဲ႕ ပတ္သတ္ျပီး သူ႔တာ၀န္ကို ေကာင္းေကာင္း သိတဲ့အျပင္ လံုေလာက္တဲ့ စိတ္ဓာတ္ ခိုင္မာမႈလည္း ရွိပါတယ္။ သူ႔အေနနဲ႕ ေနာက္ရက္မွာ ထရိန္နင္ အတြက္ ျပင္ဆင္ဖို႔နဲ႕ ေနာက္ပြဲ အတြက္ အသင့္ ျပင္ဆင္ရမွာပါ။

ဒီအေၾကာင္းေတြနဲ႕ ပတ္သတ္ျပီး ေျပာဆိုတာ ေရးသားတာက ခင္ဗ်ားတို႔ အလုက္ပါ။ က်ေနာ့္ အလုပ္ကေတာ့ ၀က္စ္ဟမ္းနဲ႕ပြဲ အတြက္ ျပင္ဆင္ဖို႔ပဲ။ ဒါက က်ေနာ္တို႔ လုပ္ေနတာ အာရံုစိုက္ထားတဲ့ ကိစၥ ျဖစ္တယ္။ က်ေနာ္ ကစားသမား တစ္ေယာက္ခ်င္းစီ အေၾကာင္း ေျပာမွာ မဟုတ္ဘူး။ ဒါေတြက သူတို႔ အေပၚ ဖိအားေတြပိုတင္ေပးရာပဲ က်မယ္။

ပြဲ တစ္ပြဲ ရွံုးရင္ နာက်င္ရမယ္။ စိတ္ပ်က္ အမ်က္ထြက္မယ္။ ဒါေပမယ့္ ေနာက္ကိစၥ အေပၚ အာရံုစိုက္ ၾကိဳးစားသြားရမွာပဲ။ တစ္ပြဲ ရွံဳးလိုက္တာက ကမၻာၾကီး အဆံုးသတ္သြားတာ မဟုတ္ဘူး။ ဒါက အက္ဖ္ေအဖလား ရည္မွန္းခ်က္ အဆံုးသတ္သြားခဲ့တာပဲ ျဖစ္တယ္။ အခု ပံုမွန္ ျပန္လည္ပတ္ရေတာ့မယ္ ေနာက္ပြဲ ကစားဖို႔ ရွိတယ္။ ” လို႔ ယူနုိက္တက္ နည္းျပ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။