ဒီဂီယာ နေရာ အစားဝင်နိုင်မယ့် ထိပ်တန်း ဂိုးသမား တစ်ယောက်ပဲ ရှိတယ်လို့ ဖာဒီနန် ထောက်ပြ

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က ဝေဖန်ခံနေရတဲ့ ယူနိုက်တက် ပွဲထွက် ဂိုးသမား ဒီဂီယာဟာ ထိပ်တန်း အဆင့်မှာပဲ ရှိနေသေးပြီး လောလောဆယ် ဘောလုံးလောကမှာ သူ့နေရာ အစားဝင်ကစားနိုင်တဲ့သူ ဆိုလို့ တစ်ဦးတည်းသာ ကျန်ရှိကြောင်း ထောက်ပြ ပြောဆိုသွားပါတယ်။

ဒီဂီယာဟာ ကိုဗစ်ကာလ အလွန် ပြန်စတဲ့ ပွဲစဉ်များမှာ လက်စွမ်းပြဖို့ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ ချယ်ဆီးနဲ့ အက်ဖ်အေပွဲက အမှားများ ကြောင့် ဖိအားတွေ ပိုမို ကျရောက်နေပါတယ်။ ယူနိုက်တက်ဟာ နောက်ထပ် ဂိုးသမား တစ်ယောက် ရှာဖို့ ဒါမှမဟုတ် ဒင်း ဟန်ဒါဆန် ကို သုံးဖို့ အချိန်တန်ပြီလို့ တောင်းဆိုမှုတွေ ရှိနေကြပါတယ်။

ဖာဒီနန်ကတော့ စပိန်သား ဂိုးသမား ဒီဂီယာနဲ့ အတူ သုံးနှစ်မျှ အသင်းဖော် အဖြစ် တွဲကစားခဲ့ဖူးပြီး ၎င်းရဲ့ အရည်အချင်းတွေက ထိပ်တန်း အဆင့်ကနေ လျောကျ မသွားသေးဘူးလို့ ယုံကြည်နေပါတယ်။

“ဒီမယ် ကျနော် ပြောမယ်။ ဒေးဗစ်ဒီဂီယာက အမှားတွေ လုပ်ခဲ့သလား ဆို ဟုတ်တယ်။ ယုံကြည်မှုတွေ လျော့ကျနေသလားဆိုလည်း ဟုတ်တယ်။ ဒါပေမယ့် သူက သူ့ အရည်အချင်းကို နှစ်တွေ ချီပြီး သက်သေပြလာခဲ့သူပါ။ သူ မန်ချက်စတာယူနိုက်တက် ထံ ရောက်တော့ ၁၉ နှစ်ပဲ ရှိသေးတယ် အဲဒီတုန်းကတည်းက မေးခွန်းထုတ်မှုတွေ ခံခဲ့ရတယ်။

သူက မပိန်လွန်းဘူးလား၊ လုံလောက် ကောင်းမွန်ပါ့မလား အစရှိသဖြင့်ပေါ့။ သူက ဒီ ဝေဖန်မှုတွေ အကုန်လုံးကို ခါချပြီးတော့ စိတ်ဓာတ်နဲ့ အရည်အချင်းနဲ့ ကြိုးစားမှုတွေနဲ့ သက်သေပြခဲ့တယ်။ သူက ပြီးခဲ့တဲ့ ၆ နှစ် အတွင်း အသင်းရဲ့ အကောင်းဆုံး ကစားသမားဆု လေးကြိမ် ရခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် ကသာ ဒီနှစ်တွေ အတွင်း မတည်ငြိမ်မှုတွေ ရှိခဲ့တယ်။ သူကတော့ အမြဲ ဂိုးပေါက်ရှေ့ကနေ တည်ငြိမ်စွာ အစွမ်းပြခဲ့တာပါ။ အခု သူ့အတွက် အခြေအနေကောင်းမှာ ရှိမနေဘူး ယုံကြည်မှုတွေ ကျဆင်းနေတယ်။ ဒါနဲ့ပဲ သူ့ကို ရှင်းပစ်သင့်ပြီလို့ ဆိုချင်ကြတာလား။ ဒါဆို ဘယ်သူ့ကို ခေါ်မှာလဲ နေရာပေးမှာလဲ။

ဒင်းဟန်ဒါဆန်က ငယ်ရွယ်တဲ့ ဂိုးသမားပါ။ သူ့ကို သုံးမယ်ဆိုရင် အလောင်းအစားကြီးလွန်းပါတယ်။ လောလောဆယ်မှာ ဒီဂီယာ နေရာ ဝင်ယူနိုင်တဲ့ ကမ္ဘာ့ အဆင့် ဂိုးသမား ဘယ်လောက်များများ အပြင်မှာ ရှိသလဲ။ ကျနော် မြင်မိတဲ့ တစ်ယောက်တည်းသူ သူက အော့ဘလက်ပါ။

ဒါပေမယ့် သူ့ကို အက်သလက်တီကို မက်ဒရစ်ကနေ ခေါ်ထုတ်လာနိုင်မှာတဲ့လား။ ခေါ်နိုင်မယ်ပဲ ထား ဘယ်လောက်တောင် သူ့ အတွက် သုံးရမလဲ။ လုံး၀ ကြေးကြီးကြီးပမာဏပါ။ ကျနော်ကတော့ ဒီဂီယာကိုပဲ ဆက် နေရာပေးစေချင်တယ်။ သူက ဒီအတွက် ထိုက်တန်တဲ့ သက်သေပြမှုတွေ တလောျက်လုံး လုပ်ဆောင်လာခဲ့သူပါ။ ” လို့ ဖာဒီနန်က သုံးသပ် ထောက်ပြသွားခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ ကစားသမားေဟာင္းၾကီး ရီယို ဖာဒီနန္က ေ၀ဖန္ခံေနရတဲ့ ယူနိုက္တက္ ပြဲထြက္ ဂိုးသမား ဒီဂီယာဟာ ထိပ္တန္း အဆင့္မွာပဲ ရွိေနေသးျပီး ေလာေလာဆယ္ ေဘာလံုးေလာကမွာ သူ႔ေနရာ အစား၀င္ကစားနုိင္တဲ့သူ ဆိုလို႔ တစ္ဦးတည္းသာ က်န္ရွိေၾကာင္း ေထာက္ျပ ေျပာဆိုသြားပါတယ္။

ဒီဂီယာဟာ ကိုဗစ္ကာလ အလြန္ ျပန္စတဲ့ ပြဲစဥ္မ်ားမွာ လက္စြမ္းျပဖို႔ ရုန္းကန္ေနရျပီး ျပီးခဲ့တဲ့ ခ်ယ္ဆီးနဲ႕ အက္ဖ္ေအပြဲက အမွားမ်ား ေၾကာင့္ ဖိအားေတြ ပိုမို က်ေရာက္ေနပါတယ္။ ယူနုိက္တက္ဟာ ေနာက္ထပ္ ဂိုးသမား တစ္ေယာက္ ရွာဖို႔ ဒါမွမဟုတ္ ဒင္း ဟန္ဒါဆန္ ကို သံုးဖို႕ အခ်ိန္တန္ျပီလို႔ ေတာင္းဆိုမႈေတြ ရွိေနၾကပါတယ္။

ဖာဒီနန္ကေတာ့ စပိန္သား ဂိုးသမား ဒီဂီယာနဲ႕ အတူ သံုးနွစ္မွ် အသင္းေဖာ္ အျဖစ္ တြဲကစားခဲ့ဖူးျပီး ၄င္းရဲ႕ အရည္အခ်င္းေတြက ထိပ္တန္း အဆင့္ကေန ေလ်ာက် မသြားေသးဘူးလို႔ ယံုၾကည္ေနပါတယ္။

“ဒီမယ္ က်ေနာ္ ေျပာမယ္။ ေဒးဗစ္ဒီဂီယာက အမွားေတြ လုပ္ခဲ့သလား ဆို ဟုတ္တယ္။ ယုံၾကည္မႈေတြ ေလ်ာ့က်ေနသလားဆိုလည္း ဟုတ္တယ္။ ဒါေပမယ့္ သူက သူ႔ အရည္အခ်င္းကို နွစ္ေတြ ခ်ီျပီး သက္ေသျပလာခဲ့သူပါ။ သူ မန္ခ်က္စတာယူနုိက္တက္ ထံ ေရာက္ေတာ့ ၁၉ နွစ္ပဲ ရွိေသးတယ္ အဲဒီတုန္းကတည္းက ေမးခြန္းထုတ္မႈေတြ ခံခဲ့ရတယ္။

သူက မပိန္လြန္းဘူးလား၊ လံုေလာက္ ေကာင္းမြန္ပါ့မလား အစရွိသျဖင့္ေပါ့။ သူက ဒီ ေ၀ဖန္မႈေတြ အကုန္လံုးကို ခါခ်ျပီးေတာ့ စိတ္ဓာတ္နဲ႕ အရည္အခ်င္းနဲ႕ ၾကိဳးစားမႈေတြနဲ႕ သက္ေသျပခဲ့တယ္။ သူက ျပီးခဲ့တဲ့ ၆ နွစ္ အတြင္း အသင္းရဲ႕ အေကာင္းဆံုး ကစားသမားဆု ေလးၾကိမ္ ရခဲ့တာပါ။

မန္ခ်က္စတာ ယူနုိက္တက္ ကသာ ဒီနွစ္ေတြ အတြင္း မတည္ျငိမ္မႈေတြ ရွိခဲ့တယ္။ သူကေတာ့ အျမဲ ဂိုးေပါက္ေရွ႕ကေန တည္ျငိမ္စြာ အစြမ္းျပခဲ့တာပါ။ အခု သူ႔အတြက္ အေျခအေနေကာင္းမွာ ရွိမေနဘူး ယံုၾကည္မႈေတြ က်ဆင္းေနတယ္။ ဒါနဲ႕ပဲ သူ႔ကို ရွင္းပစ္သင့္ျပီလို႔ ဆိုခ်င္ၾကတာလား။ ဒါဆို ဘယ္သူ႔ကို ေခၚမွာလဲ ေနရာေပးမွာလဲ။

ဒင္းဟန္ဒါဆန္က ငယ္ရြယ္တဲ့ ဂိုးသမားပါ။ သူ႔ကို သံုးမယ္ဆိုရင္ အေလာင္းအစားၾကီးလြန္းပါတယ္။ ေလာေလာဆယ္မွာ ဒီဂီယာ ေနရာ ၀င္ယူနုိင္တဲ့ ကမၻာ့ အဆင့္ ဂိုးသမား ဘယ္ေလာက္မ်ားမ်ား အျပင္မွာ ရွိသလဲ။ က်ေနာ္ ျမင္မိတဲ့ တစ္ေယာက္တည္းသူ သူက ေအာ့ဘလက္ပါ။

ဒါေပမယ့္ သူ႔ကို အက္သလက္တီကို မက္ဒရစ္ကေန ေခၚထုတ္လာနုိင္မွာတဲ့လား။ ေခၚနုိင္မယ္ပဲ ထား ဘယ္ေလာက္ေတာင္ သူ႔ အတြက္ သံုးရမလဲ။ လံုး၀ ေၾကးၾကီးၾကီးပမာဏပါ။ က်ေနာ္ကေတာ့ ဒီဂီယာကိုပဲ ဆက္ ေနရာေပးေစခ်င္တယ္။ သူက ဒီအတြက္ ထိုက္တန္တဲ့ သက္ေသျပမႈေတြ တေလာ်က္လံုး လုပ္ေဆာင္လာခဲ့သူပါ။ ” လို႔ ဖာဒီနန္က သံုးသပ္ ေထာက္ျပသြားခဲ့ပါတယ္။