ခက်ခဲပေမယ့် ဝက်စ်ဟမ်းကို ယူနိုက်တက်တို့ ဖြိုခွဲနိုင်လိမ့်မယ်လို့ စကိုင်းစပေါ့မှ ချာလီ ထောက်ခံ

စကိုင်းစပေါ့မှ ပင်တိုင်သုံးသပ်သူ ချာလီ နစ်ကိုးလပ်စ်ကတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမယ့် ယူနိုက်တက် တို့ ခက်ခဲတဲ့ ပွဲ ကစားရမှာ ဖြစ်ပေမယ့် အဆုံးမှာတော့ ပြိုင်ဘက်ကို ဖြိုခွဲနိုင်လိမ့်မယ်လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ နောက်ဘောလုံးရာသီ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ သေချာဖို့ လက်ကျန် နှစ်ပွဲမှာ လေးမှတ် ရဖို့ လိုအပ်နေပါတယ်။

” မန်ချက်စတာ ယူနိုက်တက်ကတော့ ရှိသမျှ စွမ်းအင် အားလုံးကို ထိပ်သီးလေးသင်းထဲ ဝင်အောင် ကစားသွားဖို့ ပုံအော အာရုံစိုက် ထားပါလိမ့်မယ်။ ဒီအချိန်မှာ ဝက်စ်ဟမ်းတို့ အနှောင့်အယှက် ပေးနိုင်ပါ့မလား။ ပေးကောင်း ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ ခံစစ် ပိတ် ကစားသွားမှာ မြင်ယောင်နေမိတယ်။

မန်ယူနိုက်တက်မှာက တိုက်စစ် ရွေ့လျားနိုင်တဲ့ စုဖွဲ့မှုကောင်းတွေ ရှိနေပြီ ဖြစ်တယ် ခံစစ်ကသာ သိပ် မမှန်သေးတာပါ။ ဒီပွဲက သူတို့ အတွက် နိုင်ရမယ့် ပွဲ တစ်ပွဲ ဖြစ်ပြီး ဒီပွဲ နိုင်ရင် နောက်ဆုံးပွဲ လက်စတာနဲ့ ပွဲမှာ သရေ ကျလည်း အဆင်ပြေသွားမယ့် အေးအေးဆေးဆေး အခြေအနေကို ရမှာ ဖြစ်ပါတယ်။

ဒီတော့ ဒီပွဲကနေ သူတို့ အမှတ်ပြည့် ယူဖို့ ကြိုးစားပါလိမ့်မယ်။ ဒါက ခက်လည်း ခက်ခဲမှာပါ။ ဒါပေမယ့် သူတို့ ဝက်စ်ဟမ်းကို ရအောင် ချေမှုန်းပါလိမ့်မယ်။ ” လို့ ချာလီက သုံးသပ် ပြောဆိုခဲ့ပါတယ်။

ချာလီ နစ်ကိုးလပ်စ် ခန့်မှန်းရလဒ်ကတော့ ယူနိုက်တက် ၃-၁ ဝက်စ်ဟမ်းပဲ ဖြစ်ပါတယ်။

Zawgyi – စကိုင္းစေပါ့မွ ပင္တိုင္သံုးသပ္သူ ခ်ာလီ နစ္ကိုးလပ္စ္ကေတာ့ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ ၀က္စ္ဟမ္းနဲ႕ ရင္ဆုိင္ရမယ့္ ယူနုိက္တက္ တို႔ ခက္ခဲတဲ့ ပြဲ ကစားရမွာ ျဖစ္ေပမယ့္ အဆံုးမွာေတာ့ ျပိဳင္ဘက္ကို ျဖိဳခြဲနုိင္လိမ့္မယ္လို႔ သံုးသပ္ ေျပာဆိုသြားခဲ့ပါတယ္။

ယူနုိက္တက္ဟာ ေနာက္ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ ေသခ်ာဖို႔ လက္က်န္ နွစ္ပြဲမွာ ေလးမွတ္ ရဖို႔ လိုအပ္ေနပါတယ္။

” မန္ခ်က္စတာ ယူနုိက္တက္ကေတာ့ ရွိသမွ် စြမ္းအင္ အားလံုးကို ထိပ္သီးေလးသင္းထဲ ၀င္ေအာင္ ကစားသြားဖို႔ ပံုေအာ အာရံုစိုက္ ထားပါလိမ့္မယ္။ ဒီအခ်ိန္မွာ ၀က္စ္ဟမ္းတို႔ အေနွာင့္အယွက္ ေပးနုိင္ပါ့မလား။ ေပးေကာင္း ေပးနုိင္ပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔ ခံစစ္ ပိတ္ ကစားသြားမွာ ျမင္ေယာင္ေနမိတယ္။

မန္ယူနုိက္တက္မွာက တိုက္စစ္ ေရြ႕လ်ားနုိင္တဲ့ စုဖြဲ႕မႈေကာင္းေတြ ရွိေနျပီ ျဖစ္တယ္ ခံစစ္ကသာ သိပ္ မမွန္ေသးတာပါ။ ဒီပြဲက သူတို႔ အတြက္ နုိင္ရမယ့္ ပြဲ တစ္ပြဲ ျဖစ္ျပီး ဒီပြဲ နုိင္ရင္ ေနာက္ဆံုးပြဲ လက္စတာနဲ႕ ပြဲမွာ သေရ က်လည္း အဆင္ေျပသြားမယ့္ ေအးေအးေဆးေဆး အေျခအေနကို ရမွာ ျဖစ္ပါတယ္။

ဒီေတာ့ ဒီပြဲကေန သူတို႔ အမွတ္ျပည့္ ယူဖို႔ ၾကိဳးစားပါလိမ့္မယ္။ ဒါက ခက္လည္း ခက္ခဲမွာပါ။ ဒါေပမယ့္ သူတို႔ ၀က္စ္ဟမ္းကို ရေအာင္ ေခ်မႈန္းပါလိမ့္မယ္။ ” လို႔ ခ်ာလီက သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ခ်ာလီ နစ္ကိုးလပ္စ္ ခန္႔မွန္းရလဒ္ကေတာ့ ယူနိုက္တက္ ၃-၁ ၀က္စ္ဟမ္းပဲ ျဖစ္ပါတယ္။