မန်ချက်စတာ ယူနိုက်တက် တိုက်စစ် လူငယ်ကြယ်ပွင့်လေး မေဆန် ဂရင်းဝုဒ်ဟာ လက်ရှိ အသင်းတိုက်စစ်မှူးတွေ ဖြစ်တဲ့ မာရှယ်၊ ရက်ဖို့ဒ်တို့ကို ကျော်ဖြတ်သွားမယ့် အလားအလာကောင်းတွေ ရှိနေပြီး ၎င်းက ဝိန်းရွန်းနီလို အဆင့် ရောက်မယ့် ကစားသမားလေး ဖြစ်ကြောင်း ယူနိုက်တက် တိုက်စစ်ဟောင်း အန်ဒီကိုးလ်က ဟောကိန်းထုတ်လိုက်ပါတယ်။
ဂရင်းဝုဒ်ဟာ လက်ရှိ ဘောလုံးရာသီမှာ မထင်မှတ်လောက်အောင် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၄၇ ပွဲ ကစား အပြီးမှာ ၁၈ ဂိုး သွင်းယူထားပါတယ်။ အသက် ၁၈ နှစ်သာ ရှိသေးပေမယ့် ဂရင်းဝုဒ်ဟာ ယူနိုက်တက် တိုက်စစ်မှာ စီနီယာတွေနဲ့ အပြိုင် ခြေစွမ်းကောင်းတွေ ပြသထားပါတယ်။
ရက်ဖို့ဒ် မာရှယ်တို့ဟာ ဒီရာသီ ဂရင်းဝုဒ်ထက် ကိုယ်စီ ဂိုးတွေ ပိုသွင်းယူထားပေမယ့် ဆယ်ကျော်သက် လူငယ်လေးဟာ တကယ်တော့ ကိုဗစ် ကာလ မတိုင်ခင်က ပွဲစဉ် တော်တော်များများ လူစားဝင်သာ ကစားခွင့် ရတာ ဖြစ်ပြီး အခွင့်ရတာနဲ့ ဝင် အစွမ်းပြခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက် တိုက်စစ်မှူးဟောင်း ကိုးလ်ကတော့ ဂရင်းဝုဒ်ဟာ ယူနိုက်တက်ရဲ့ သွင်းဂိုးအများဆုံး စံချိန်ရှင် ဖြစ်တဲ့ ဝိန်းရွန်းနီ ခြေရာနင်းနိုင်မယ့် ကစားသမားလို့ မျှော်လင့်ထားပါတယ်။
” ဂရင်းဝုဒ်ကတော့ ထူးရှယ် ပါရမီရှင်လေးပါပဲ။ သူက ပို ပိုပြီးတော့ ကောင်းလာဖို့သာ ရှိပါတယ်။ သူက ဘယ်ခြေနဲ့ ရော ညာခြေနဲ့ပါ ဂိုးသွင်းနိုင်တယ်။ သူက မားကပ်နဲ့ အန်သိုနီတို့ကို ကျော်တက်သွားမယ့် အလားအလာတွေ ရှိနေတယ်။ ဒီရာသီ သူ သွင်းထားတာ ၁၆ ဂိုးလား ၁၈ ဂိုးလားပဲ ရှိနေပြီ။ မယုံနိုင်လောက်စရာပဲ။
ကျနော် သူ့ အသက် အရွယ်တန်းတုန်းက အာဆင်နယ် စီနီယာအသင်းကြီးနားတောင် မကပ်နိုင်သေးပါဘူး။ ဂရင်းဝုဒ်က တကယ်တော့ ဝိန်းရွန်းနီလို အဆင့် ကစားသမားပါ။ ဒီရာသီ ဆို အသင်းမှာ ပါဝင်ခွင့်တောင် ရမယ် မထင်ခဲ့ကြပေမယ့် လုပ်ပြခဲ့တာတွေ မယုံနိုင်စရာပါပဲ။ ” လို့ ကိုးလ်က ချီးကျူးစကား ဆိုခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္ လူငယ္ၾကယ္ပြင့္ေလး ေမဆန္ ဂရင္း၀ုဒ္ဟာ လက္ရွိ အသင္းတိုက္စစ္မွဴးေတြ ျဖစ္တဲ့ မာရွယ္၊ ရက္ဖို႔ဒ္တို႔ကို ေက်ာ္ျဖတ္သြားမယ့္ အလားအလာေကာင္းေတြ ရွိေနျပီး ၄င္းက ၀ိန္းရြန္းနီလို အဆင့္ ေရာက္မယ့္ ကစားသမားေလး ျဖစ္ေၾကာင္း ယူနိုက္တက္ တိုက္စစ္ေဟာင္း အန္ဒီကိုးလ္က ေဟာကိန္းထုတ္လိုက္ပါတယ္။
ဂရင္း၀ုဒ္ဟာ လက္ရွိ ေဘာလံုးရာသီမွာ မထင္မွတ္ေလာက္ေအာင္ ေျခစြမ္းျပေနျပီး ျပိဳင္ပြဲစံု ၄၇ ပြဲ ကစား အျပီးမွာ ၁၈ ဂိုး သြင္းယူထားပါတယ္။ အသက္ ၁၈ နွစ္သာ ရွိေသးေပမယ့္ ဂရင္း၀ုဒ္ဟာ ယူနုိက္တက္ တိုက္စစ္မွာ စီနီယာေတြနဲ႕ အျပိဳင္ ေျခစြမ္းေကာင္းေတြ ျပသထားပါတယ္။
ရက္ဖို႔ဒ္ မာရွယ္တို႔ဟာ ဒီရာသီ ဂရင္း၀ုဒ္ထက္ ကိုယ္စီ ဂိုးေတြ ပိုသြင္းယူထားေပမယ့္ ဆယ္ေက်ာ္သက္ လူငယ္ေလးဟာ တကယ္ေတာ့ ကိုဗစ္ ကာလ မတိုင္ခင္က ပြဲစဥ္ ေတာ္ေတာ္မ်ားမ်ား လူစား၀င္သာ ကစားခြင့္ ရတာ ျဖစ္ျပီး အခြင့္ရတာနဲ႕ ၀င္ အစြမ္းျပခဲ့တာျဖစ္ပါတယ္။
ယူနုိက္တက္ တိုက္စစ္မွဴးေဟာင္း ကိုးလ္ကေတာ့ ဂရင္း၀ုဒ္ဟာ ယူနုိက္တက္ရဲ႕ သြင္းဂိုးအမ်ားဆံုး စံခ်ိန္ရွင္ ျဖစ္တဲ့ ၀ိန္းရြန္းနီ ေျခရာနင္းနုိင္မယ့္ ကစားသမားလို႔ ေမွ်ာ္လင့္ထားပါတယ္။
” ဂရင္း၀ုဒ္ကေတာ့ ထူးရွယ္ ပါရမီရွင္ေလးပါပဲ။ သူက ပို ပိုျပီးေတာ့ ေကာင္းလာဖို႔သာ ရွိပါတယ္။ သူက ဘယ္ေျခနဲ႕ ေရာ ညာေျခနဲ႕ပါ ဂိုးသြင္းနုိင္တယ္။ သူက မားကပ္နဲ႕ အန္သိုနီတို႔ကို ေက်ာ္တက္သြားမယ့္ အလားအလာေတြ ရွိေနတယ္။ ဒီရာသီ သူ သြင္းထားတာ ၁၆ ဂိုးလား ၁၈ ဂိုးလားပဲ ရွိေနျပီ။ မယံုနုိင္ေလာက္စရာပဲ။
က်ေနာ္ သူ႔ အသက္ အရြယ္တန္းတုန္းက အာဆင္နယ္ စီနီယာအသင္းၾကီးနားေတာင္ မကပ္နုိင္ေသးပါဘူး။ ဂရင္း၀ုဒ္က တကယ္ေတာ့ ၀ိန္းရြန္းနီလို အဆင့္ ကစားသမားပါ။ ဒီရာသီ ဆို အသင္းမွာ ပါ၀င္ခြင့္ေတာင္ ရမယ္ မထင္ခဲ့ၾကေပမယ့္ လုပ္ျပခဲ့တာေတြ မယံုနုိင္စရာပါပဲ။ ” လို႔ ကိုးလ္က ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။