၀က်စ်ဟမ်းကို ပင်နယ်တီ လက်ဆောင်ပေးခဲ့တဲ့ ပေါ့ဘာ လုပ်ရပ် အပေါ် အကြီးအကျယ် ရှုံ့ချ ခံနေရ

မန်ချက်စတာ ယူနိုက်တက်ဟာ ညက ဝက်စ်ဟမ်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ တစ်ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ ထိုပွဲမှာ ဝက်စ်ဟမ်း သွင်းယူခဲ့တဲ့ ပင်နယ်တီ သွင်းဂိုးက ပေါ့ဘာရဲ့ လက်ထိဘောကြောင့် ရခဲ့တာ ဖြစ်ပြီး ရိုက်စ် ကန်လိုက်တဲ့ ဘောလုံး မျက်နှာတည့်တည့် ဝင်လာချိန်မှာ ပေါ့ဘာက လက်နဲ့ကာလိုက်တာကြောင့် ပေးခဲ့ရခြင်း ဖြစ်ပါတယ်။

ပေါ့ဘာရဲ့ ထိုလုပ်ရပ် အပေါ် ပွဲအပြီးမှာ ဝေဖန်မှုတွေ ခံနေရပြီး ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးလ်ကလည်း ဝင်ရောက် ပြောဆိုခဲ့ပါတယ်။ ပေါ့ဘာ အဖြစ်က ရှက်စရာပဲ ဖြစ်တယ်လို့ နဗီးလ်က ဆိုလိုက်ပြီး တကယ့် အမှားအယွင်းကြီးပဲလို့ ဆိုခဲ့ပါတယ်။

” ပေါ့ဘာကတော့ တကယ့် ဒုက္ခပါပဲ။ ပြသနာ အကြီးစား ဖြစ်လာနေပါပြီ။ သူက ပင်နယ်တီကို လက်ဆောင်ပေးလိုက်သလိုပါပဲ။ သူက လက်မောင်းပါ မြောက်တက်လာပြီး ကာကွယ်လိုက်တာ ပြီးတော့ ခေါင်းကို ထိဟန်ဆောင်ခဲ့တယ်။ တကယ့် အရှုပ်ထုပ်ပဲဗျာ။

စဉ်းစားကြည့်ရင် သူ့ အတွက် နည်းနည်းတော့ စိတ်မကောင်း ဖြစ်မိတယ်။ သူ့ အနေနဲ့ ခေါင်းကို ယမ်းထုတ်တာပဲ ဖြစ်ဖြစ် နောက်ဆုတ်တာ ဖြစ်ဖြစ် လုပ်လိုက်ရင်တောင် တော်သေးတယ် တော်တော် ရှက်စရာ ကောင်းပါတယ်။ ဒါမျိုးတော့ သွားလုပ်လို့ မရဘူးလေ။ ” လို့ နဗီးလ်က ဆိုခဲ့ပါတယ်။

ပင်နယ်တီ ပြစ်ဒဏ်ဘောကို မာချေ အန်တိုနီယိုက ဝက်စ်ဟမ်းအတွက် အမှားအယွင်း မရှိ ကန်သွင်းကာ ၁-၀ နဲ့ ဦးဆောင်သွားခဲ့တာ ဖြစ်ပြီး နဗီးလ်က ယူနိုက်တက် တစ်သင်းလုံး လိုအပ်ချက် ရှိတာကို လက်ခံပေမယ့် ပေါ့ဘာရဲ့ သူရဲဘောကြောင်ကြောင် အပြုအမူကို ခွင့်လွှတ်လို့ မရဘဲ ဖြစ်နေပါတယ်။

” ပေါ့ဘာကြောင့် ပင်နယ်တီ ပေးခဲ့ရတာ မေ့လိုက်ရင်လည်း ဝက်စ်ဟမ်းက ဒီပွဲမှာ ပိုကောင်းတဲ့ အသင်း ဖြစ်နေခဲ့တာပါ။ ယူနိုက်တက်က ဒီပွဲကို အီးလေးဆွဲ ကစားသွြးခဲ့တယ်။ စ ကစားတည်းက အေးအေးဆေးဆေး ရှိနေပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တာတောင် မဦးဆောင်နိုင်ခဲ့ဘူး။ သူတို့ ထိရောက်မှု မရှိဘူး ဆိုခဲ့ရမှာပါ။ ပေါ့ဘာ ကိစ္စကတော့ဗျာ ဘောလုံးက နီးနီးလေးက တက်လာတာ မဟုတ်ပါဘူး ၁၅ ကိုက် အကွာက ကန်လိုက်တာပါ။ ဒီအချိန် လက်မောင်းကြီး အဲလို မြှောက်လိုက်စရာ မလိုဘူး ရှောင်လိုက်တာ ကြိုက်သလို လုပ်လို့ရတယ် လက်မမြှောက်ဘဲ လုပ်လို့ရတာ အများကြီးပါ။ ” လို့ နဗီးလ်က အားမလို အားမရ ဆိုခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ပက်ထရစ် အီဗရာကလည်း ပေါ့ဘာ လုပ်ရပ် အပေါ် အမျက်ထွက်နေပြီး ပြင်သစ်သားချင်း ဖြစ်ပေမယ့် ကာကွယ် ပြောဆိုသွားခြင်း မရှိဘဲ ဒါက အမှားကြီး ကျူးလွန်တာပဲလို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ညက ၀က္စ္ဟမ္းကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားခဲ့ရာ တစ္ဂိုးစီနဲ႕ သေရက်သြားခဲ့ပါတယ္။ ထိုပြဲမွာ ၀က္စ္ဟမ္း သြင္းယူခဲ့တဲ့ ပင္နယ္တီ သြင္းဂိုးက ေပါ့ဘာရဲ႕ လက္ထိေဘာေၾကာင့္ ရခဲ့တာ ျဖစ္ျပီး ရိုက္စ္ ကန္လိုက္တဲ့ ေဘာလံုး မ်က္နွာတည့္တည့္ ၀င္လာခ်ိန္မွာ ေပါ့ဘာက လက္နဲ႕ကာလိုက္တာေၾကာင့္ ေပးခဲ့ရျခင္း ျဖစ္ပါတယ္။

ေပါ့ဘာရဲ႕ ထုိလုပ္ရပ္ အေပၚ ပြဲအျပီးမွာ ေ၀ဖန္မႈေတြ ခံေနရျပီး ယူနုိက္တက္ ကစားသမားေဟာင္းၾကီး ဂယ္ရီ နဗီးလ္ကလည္း ၀င္ေရာက္ ေျပာဆုိခဲ့ပါတယ္။ ေပါ့ဘာ အျဖစ္က ရွက္စရာပဲ ျဖစ္တယ္လို႔ နဗီးလ္က ဆိုလိုက္ျပီး တကယ့္ အမွားအယြင္းၾကီးပဲလို႔ ဆိုခဲ့ပါတယ္။

” ေပါ့ဘာကေတာ့ တကယ့္ ဒုကၡပါပဲ။ ျပသနာ အၾကီးစား ျဖစ္လာေနပါျပီ။ သူက ပင္နယ္တီကို လက္ေဆာင္ေပးလိုက္သလိုပါပဲ။ သူက လက္ေမာင္းပါ ေျမာက္တက္လာျပီး ကာကြယ္လိုက္တာ ျပီးေတာ့ ေခါင္းကို ထိဟန္ေဆာင္ခဲ့တယ္။ တကယ့္ အရႈပ္ထုပ္ပဲဗ်ာ။

စဥ္းစားၾကည့္ရင္ သူ႔ အတြက္ နည္းနည္းေတာ့ စိတ္မေကာင္း ျဖစ္မိတယ္။ သူ႔ အေနနဲ႕ ေခါင္းကို ယမ္းထုတ္တာပဲ ျဖစ္ျဖစ္ ေနာက္ဆုတ္တာ ျဖစ္ျဖစ္ လုပ္လိုက္ရင္ေတာင္ ေတာ္ေသးတယ္ ေတာ္ေတာ္ ရွက္စရာ ေကာင္းပါတယ္။ ဒါမ်ိဳးေတာ့ သြားလုပ္လို႔ မရဘူးေလ။ ” လို႔ နဗီးလ္က ဆိုခဲ့ပါတယ္။

ပင္နယ္တီ ျပစ္ဒဏ္ေဘာကို မာေခ် အန္တိုနီယိုက ၀က္စ္ဟမ္းအတြက္ အမွားအယြင္း မရွိ ကန္သြင္းကာ ၁-၀ နဲ႕ ဦးေဆာင္သြားခဲ့တာ ျဖစ္ျပီး နဗီးလ္က ယူနုိက္တက္ တစ္သင္းလံုး လိုအပ္ခ်က္ ရွိတာကို လက္ခံေပမယ့္ ေပါ့ဘာရဲ႕ သူရဲေဘာေၾကာင္ေၾကာင္ အျပဳအမူကို ခြင့္လႊတ္လို႔ မရဘဲ ျဖစ္ေနပါတယ္။

” ေပါ့ဘာေၾကာင့္ ပင္နယ္တီ ေပးခဲ့ရတာ ေမ့လိုက္ရင္လည္း ၀က္စ္ဟမ္းက ဒီပြဲမွာ ပိုေကာင္းတဲ့ အသင္း ျဖစ္ေနခဲ့တာပါ။ ယူနုိက္တက္က ဒီပြဲကို အီးေလးဆြဲ ကစားသြၾးခဲ့တယ္။ စ ကစားတည္းက ေအးေအးေဆးေဆး ရွိေနျပီး အခြင့္အေရးေတြ ဖန္တီးနုိင္ခဲ့တာေတာင္ မဦးေဆာင္နုိင္ခဲ့ဘူး။ သူတို႔ ထိေရာက္မႈ မရွိဘူး ဆိုခဲ့ရမွာပါ။ ေပါ့ဘာ ကိစၥကေတာ့ဗ်ာ ေဘာလံုးက နီးနီးေလးက တက္လာတာ မဟုတ္ပါဘူး ၁၅ ကိုက္ အကြာက ကန္လိုက္တာပါ။ ဒီအခ်ိန္ လက္ေမာင္းၾကီး အဲလို ေျမွာက္လိုက္စရာ မလိုဘူး ေရွာင္လိုက္တာ ၾကိဳက္သလို လုပ္လို႔ရတယ္ လက္မေျမွာက္ဘဲ လုပ္လို႔ရတာ အမ်ားၾကီးပါ။ ” လို႔ နဗီးလ္က အားမလို အားမရ ဆိုခဲ့ပါတယ္။

ယူနိုက္တက္ ကစားသမားေဟာင္း ပက္ထရစ္ အီဗရာကလည္း ေပါ့ဘာ လုပ္ရပ္ အေပၚ အမ်က္ထြက္ေနျပီး ျပင္သစ္သားခ်င္း ျဖစ္ေပမယ့္ ကာကြယ္ ေျပာဆိုသြားျခင္း မရွိဘဲ ဒါက အမွားၾကီး က်ဴးလြန္တာပဲလို႔ ေျပာဆိုခဲ့ပါတယ္။