ပွဲထဲမှာတင် ကိုယ့် ဂိုးသမား ကိုယ် ဘာလုပ်နေလဲ ပြန်မေးနေရတဲ့ ချယ်ဆီးအသင်းသားများ

ချယ်ဆီး ဂိုးသမား ကီပါဟာ ညက အန်းဖီးလ်က ပွဲမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ရပြီး ပြိုင်ဘက် တိုက်စစ်ကြောင့် ပေးရတဲ့ ဂိုးတွေ အပြင် သူ့ရဲ့ လှုပ်ရှားမှု ကင်းမဲ့တဲ့ အပြုအမူတွေကြောင့် ပြင်းပြင်းထန်ထန် ဝေဖန် ပြောခံနေရပါတယ်။

စပိန်သားဟာ လက်ရှိ ဘောလုံးလောကမှာတော့ ဂိုးသမား တစ်ယောက် အတွက် ကြေးအမြင့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ချယ်ဆီးအသင်းထံ ပြီးခဲ့တဲ့ နှစ်နှစ်က ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ဟာ ကီပါကို မယုံကြည်ဘဲ ဖယ်ထုတ်ခဲ့ရတဲ့ အခိုက်အတန့်တွေ ဒီရာသီမှာ ရှိခဲ့ပြီး ညက ပွဲမှာတော့ ချယ်ဆီး အသင်းသားတွေ ကိုယ်တိုင် ဂိုးသမား ဘာလုပ်နေလဲ ဝိုင်းမေးခွန်းထုတ်နေကြတဲ့ အနေအထားတွေ မြင်ခဲ့တာကြောင့် ဂိုးသမား သစ် ရှာဖွေဖို့ ပိုမို တွန်းအား များလာခဲ့ပြီ ဖြစ်ပါတယ်။

ညက ပေးလိုက်ရတဲ့ ဂိုးတွေမှာ လီဗာပူးအသင်းဘက်က ပြင်းထန်တဲ့ ကန်ချက်တွေကြောင့် ကာကွယ်ရခက်တဲ့ အလုံးတွေ ပါဝင်ပေမယ့် ထရန့် အလက်ဇန်းဒါး အာနိုးရဲ့ ဖရီးကစ်ကိုတော့ ကာကွယ်နိုင်ခဲ့သင့်ကြောင်းနဲ့ ကီပါ နေရာယူ ညံ့ဖျင်းခဲ့ကြောင်း ဂျိုကိုးလ်က ထောက်ပြခဲ့ပါတယ်။

အထူးသဖြင့် ကီပါရဲ့ တုံဏှိဘာေ၀ လှုပ်ရှားမှု ကင်းမဲ့စွာ ရပ်ကြည့်နေခဲ့တဲ့ အခိုက်အတန့်တွေက ပရိသတ်တွေကို ပေါက်ကွဲစေရုံတင် မက ကွင်းထဲမှာတင် အသင်းဖော်တွေရဲ့ ယုံကြည်မှု လျော့ပါးတာတွေပါ ခံခဲ့ရပါတယ်။

ပွဲပြီးခါနီး မှာ ရော်ဘတ်ဆန်ရဲ့ ဖရီးကစ်က ပင်နယ်တီ ဧရိယာထဲ ရောက်လာသည့်တိုင် တုတ်တုတ်မှု မလှုပ်ခဲ့တဲ့ ကီပါကို မြင်ခဲ့ရပြီး ဗန်ဒိုက်သာ ဂိုးသွင်းဖို့ မလွဲချော်ခဲ့ရင် ဆဌမမြောက် ဂိုးကို လက်ဆောင်ပေးခဲ့ရဦးမှာ ဖြစ်ပါတယ်။ ချယ်ဆီး ကစားသမား အများအပြားက ကီပါကို အော်ဟစ်ခဲ့ကြပြီး မှတ်တမ်း ပုံများထဲမှာတော့ ကီပါကို ချယ်ဆီး အသင်းသား ငါးဦး ဝိုင်းကာ ပြောဆိုနေခဲ့တာကို မြင်တွေ့ရပါတယ်။

လီဗာပူး ခံစစ်မှူးဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ ချယ်ဆီးအသင်းဟာ နွေမှာ ပွဲထွက် ဂိုးသမားသစ် တစ်ယောက်သာ ထပ်မရှာခဲ့ရင် မန်စိးတီး၊ လီဗာပူးတို့ကို ယှဉ်နိုင်လောက်သည်ထိ မြင့် မြင့် ရောက်နိုင်ဦးမှာ မဟုတ်ကြောင်း ထောက်ပြ သတိပေးခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီး ဂိုးသမား ကီပါဟာ ညက အန္းဖီးလ္က ပြဲမွာ ခက္ခဲတဲ့ အခိုက္အတန္႔ေတြ ပိုင္ဆိုင္ခဲ့ရျပီး ျပိဳင္ဘက္ တိုက္စစ္ေၾကာင့္ ေပးရတဲ့ ဂိုးေတြ အျပင္ သူ႔ရဲ႕ လႈပ္ရွားမႈ ကင္းမဲ့တဲ့ အျပဳအမူေတြေၾကာင့္ ျပင္းျပင္းထန္ထန္ ေ၀ဖန္ ေျပာခံေနရပါတယ္။

စပိန္သားဟာ လက္ရွိ ေဘာလံုးေလာကမွာေတာ့ ဂိုးသမား တစ္ေယာက္ အတြက္ ေၾကးအျမင့္ဆံုး ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂ သန္းနဲ႕ ခ်ယ္ဆီးအသင္းထံ ျပီးခဲ့တဲ့ နွစ္နွစ္က ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။

ဖရန္႔လမ္းပတ္ဟာ ကီပါကို မယံုၾကည္ဘဲ ဖယ္ထုတ္ခဲ့ရတဲ့ အခိုက္အတန္႔ေတြ ဒီရာသီမွာ ရွိခဲ့ျပီး ညက ပြဲမွာေတာ့ ခ်ယ္ဆီး အသင္းသားေတြ ကိုယ္တိုင္ ဂိုးသမား ဘာလုပ္ေနလဲ ၀ိုင္းေမးခြန္းထုတ္ေနၾကတဲ့ အေနအထားေတြ ျမင္ခဲ့တာေၾကာင့္ ဂိုးသမား သစ္ ရွာေဖြဖို႔ ပိုမို တြန္းအား မ်ားလာခဲ့ျပီ ျဖစ္ပါတယ္။

ညက ေပးလိုက္ရတဲ့ ဂိုးေတြမွာ လီဗာပူးအသင္းဘက္က ျပင္းထန္တဲ့ ကန္ခ်က္ေတြေၾကာင့္ ကာကြယ္ရခက္တဲ့ အလံုးေတြ ပါ၀င္ေပမယ့္ ထရန္႔ အလက္ဇန္းဒါး အာနိုးရဲ႕ ဖရီးကစ္ကိုေတာ့ ကာကြယ္နိုင္ခဲ့သင့္ေၾကာင္းနဲ႕ ကီပါ ေနရာယူ ညံ့ဖ်င္းခဲ့ေၾကာင္း ဂ်ိဳကိုးလ္က ေထာက္ျပခဲ့ပါတယ္။

အထူးသျဖင့္ ကီပါရဲ႕ တံုဏွိဘာေ၀ လႈပ္ရွားမႈ ကင္းမဲ့စြာ ရပ္ၾကည့္ေနခဲ့တဲ့ အခိုက္အတန္႔ေတြက ပရိသတ္ေတြကို ေပါက္ကြဲေစရံုတင္ မက ကြင္းထဲမွာတင္ အသင္းေဖာ္ေတြရဲ႕ ယံုၾကည္မႈ ေလ်ာ့ပါးတာေတြပါ ခံခဲ့ရပါတယ္။

ပြဲျပီးခါနီး မွာ ေရာ္ဘတ္ဆန္ရဲ႕ ဖရီးကစ္က ပင္နယ္တီ ဧရိယာထဲ ေရာက္လာသည့္တိုင္ တုတ္တုတ္မႈ မလႈပ္ခဲ့တဲ့ ကီပါကို ျမင္ခဲ့ရျပီး ဗန္ဒိုက္သာ ဂိုးသြင္းဖို႔ မလြဲေခ်ာ္ခဲ့ရင္ ဆဌမေျမာက္ ဂိုးကို လက္ေဆာင္ေပးခဲ့ရဦးမွာ ျဖစ္ပါတယ္။ ခ်ယ္ဆီး ကစားသမား အမ်ားအျပားက ကီပါကို ေအာ္ဟစ္ခဲ့ၾကျပီး မွတ္တမ္း ပံုမ်ားထဲမွာေတာ့ ကီပါကို ခ်ယ္ဆီး အသင္းသား ငါးဦး ၀ိုင္းကာ ေျပာဆိုေနခဲ့တာကို ျမင္ေတြ႔ရပါတယ္။

လီဗာပူး ခံစစ္မွဴးေဟာင္းၾကီး ဂ်င္မီ ကာေရဂါကေတာ့ ခ်ယ္ဆီးအသင္းဟာ ေႏြမွာ ပြဲထြက္ ဂိုးသမားသစ္ တစ္ေယာက္သာ ထပ္မရွာခဲ့ရင္ မန္စိးတီး၊ လီဗာပူးတို႔ကို ယွဥ္နုိင္ေလာက္သည္ထိ ျမင့္ ျမင့္ ေရာက္နိုင္ဦးမွာ မဟုတ္ေၾကာင္း ေထာက္ျပ သတိေပးခဲ့ပါတယ္။