လက်စတာ Vs မန်ယူနိုက်တက်ပွဲ အတွက် စကိုင်းစပေါ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ဒီရာသီ နောက်ဆုံး ပွဲစဉ်မှာ လက်စတာနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အဆုံးအဖြတ် ဖြစ်မယ့် ပွဲစဉ်လည်း ဖြစ်လာပါတယ်။ ဒီပွဲကို ကင်းပါဝါကွင်းကြီးမှာ ဇူလိုင် ၂၆ ရက် (တနင်္ဂနွေနေ့) ည ၉း၃၀ အချိန်မှာ ယှဉ်ပြိုင် ကြမှာပါ။

ဒီပွဲစဉ် အတွက် စကိုင်းစပေါ့မှ ပင်တိုင် သုံးသပ်သူ ချာလီနစ်ကိုးလပ်စ်က အခုလို သုံးသပ်ပြီး ရလဒ် ခန့်မှန်းထားပါတယ်။

” ရိုးရိုးသားသား ပြောရရင် ယူနိုက်တက်က ကျနော် အကြိုက် အသင်းမဟုတ်ဘူး။ ဒါပေမယ့် သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ကျနော် လေးစား ပါတယ်။ ကြားရက်တုန်းက ယူနိုက်တက်က သိပ်ညံ့ဖျင်းခဲ့တယ်။ တိုက်စစ်က လျှင်မြန်မှုနဲ့ လှုပ်ရှားမှုတွေ ရှိပေမယ့် ပေါ့ဘာက ညံ့ဖျင်း လွန်းလှပြီး ဖာနန်ဒက်စ်က သူကစားခဲ့သမျှထဲ အညံ့ဆုံးပါပဲ။ ရည်ရွယ်ချက် မပါဘဲ ပြေးလွှားနေခဲ့တယ်။

လက်စတာကို ကြည့်ပြန်တော့လည်း ဒီရာသီမှာ သူတို့က ထိပ်ဆုံး လေးသင်းထဲ ဝင်ဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ဒါကို ရာသီ အစောပိုင်းလောက် တင် လုပ်ပြရမှာ မဟုတ်ဘဲ အခုလို ရာသီသိမ်းချိန်မှာ လုပ်ပြနိုင်ရမှာပါ။ သူတို့က အက်ကွဲမှုတွေ ရှိနေတယ်။ အားလုံးက ဗာဒီကိုပဲ မှီခိုနေရပြီး မတ်ဒီဆန်လည်း ကစားနိုင်ခြင်း မရှိပါဘူး။ လက်စတာက အနိုင်ရဖို့ကို လိုပါတယ်။

ဘရန်ဒန်ရော်ဂျာက လူစာရင်း အများကြီး ပြောင်းလဲမှာ မဟုတ်ဘဲ ပထမ မိနစ် ၆၀ လောက်ကို ပိတ်ကစားလိုပြီး ပြီးရင်တော့ ဖွင့်ကစား လာပါလိမ့်မယ်။ ဒီပွဲရလဒ်က ဘယ်လို ဖြစ်စေမလဲဆိုတာကို ယူနိုက်တက်က ကောင်းကောင်းသိပါတယ်။ ပြင်းထန်ပြီး အလှည့်အပြောင်းများတဲ့ ပွဲဖြစ်လာမှာဖြစ်ကာ ယူနိုက်တက်က ရလဒ်ကို ရယူနိုင်ပြီး သူတို့ သရေရလဒ် ရယူနိုင်ပါလိမ့်မယ်။ ” လို့ ချာလီက သုံးသပ်ထားပါတယ်။

ချာလီ နစ်ကိုးလပ်စ်ရဲ့ ခန့်မှန်းရလဒ်ကတော့ လက်စတာ ၁-၁ ယူနိုက်တက် ဖြစ်ပါတယ်။

ချာလီ ခန့်မှန်းရလဒ် အရဆိုရင်တော့ ယူနိုက်တက်က နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်မှာ ဖြစ်ပြီး လက်စတာကတော့ ချယ်ဆီး ရှုံးမှသာ ဂိုးကွာခြားချက် အသာနဲ့ ဝင်ခွင့် ရမယ့် သဘော ဖြစ်ပါတယ်။ ချယ်ဆီးက ဝုဗ်နဲ့ ရင်ဆိုင်ပြီး သရေ တစ်မှတ် ရရင်တောင် ချန်ပီယံလိဂ် ဝင်ခွင့် ရမှာ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ပရီးမီးယားလိဂ္ ဒီရာသီ ေနာက္ဆံုး ပြဲစဥ္မွာ လက္စတာနဲ႕ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ အဆံုးအျဖတ္ ျဖစ္မယ့္ ပြဲစဥ္လည္း ျဖစ္လာပါတယ္။ ဒီပြဲကို ကင္းပါ၀ါကြင္းၾကီးမွာ ဇူလိုင္ ၂၆ ရက္ (တနဂၤေႏြေန႔) ည ၉း၃၀ အခ်ိန္မွာ ယွဥ္ျပိဳင္ ၾကမွာပါ။

ဒီပြဲစဥ္ အတြက္ စကိုင္းစေပါ့မွ ပင္တိုင္ သံုးသပ္သူ ခ်ာလီနစ္ကိုးလပ္စ္က အခုလို သံုးသပ္ျပီး ရလဒ္ ခန္႔မွန္းထားပါတယ္။

” ရိုးရိုးသားသား ေျပာရရင္ ယူႏုိက္တက္က က်ေနာ္ အၾကိဳက္ အသင္းမဟုတ္ဘူး။ ဒါေပမယ့္ သူတို႔ရဲ႔ လုပ္ေဆာင္မႈေတြကို က်ေနာ္ ေလးစား ပါတယ္။ ၾကားရက္တုန္းက ယူႏုိက္တက္က သိပ္ညံ့ဖ်င္းခဲ့တယ္။ တိုက္စစ္က လွ်င္ျမန္မႈနဲ႔ လႈပ္ရွားမႈေတြ ရွိေပမယ့္ ေပါ့ဘာက ညံ့ဖ်င္း လြန္းလွျပီး ဖာနန္ဒက္စ္က သူကစားခဲ့သမွ်ထဲ အညံ့ဆံုးပါပဲ။ ရည္ရြယ္ခ်က္ မပါဘဲ ေျပးလႊားေနခဲ့တယ္။

လက္စတာကို ၾကည့္ျပန္ေတာ့လည္း ဒီရာသီမွာ သူတို႔က ထိပ္ဆံုး ေလးသင္းထဲ ဝင္ဖို႔ ထိုက္တန္ပါတယ္။ ဒါေပမယ့္ ဒါကို ရာသီ အေစာပိုင္းေလာက္ တင္ လုပ္ျပရမွာ မဟုတ္ဘဲ အခုလို ရာသီသိမ္းခ်ိန္မွာ လုပ္ျပနုိင္ရမွာပါ။ သူတို႔က အက္ကြဲမႈေတြ ရွိေနတယ္။ အားလံုးက ဗာဒီကိုပဲ မွီခိုေနရျပီး မတ္ဒီဆန္လည္း ကစားႏုိင္ျခင္း မရွိပါဘူး။ လက္စတာက အႏုိင္ရဖို႔ကို လိုပါတယ္။

ဘရန္ဒန္ေရာ္ဂ်ာက လူစာရင္း အမ်ားၾကီး ေျပာင္းလဲမွာ မဟုတ္ဘဲ ပထမ မိနစ္ ၆၀ ေလာက္ကို ပိတ္ကစားလိုျပီး ျပီးရင္ေတာ့ ဖြင့္ကစား လာပါလိမ့္မယ္။ ဒီပြဲရလဒ္က ဘယ္လို ျဖစ္ေစမလဲဆိုတာကို ယူႏုိက္တက္က ေကာင္းေကာင္းသိပါတယ္။ ျပင္းထန္ျပီး အလွည့္အေျပာင္းမ်ားတဲ့ ပြဲျဖစ္လာမွာျဖစ္ကာ ယူႏုိက္တက္က ရလဒ္ကို ရယူႏုိင္ျပီး သူတို႔ သေရရလဒ္ ရယူႏုိင္ပါလိမ့္မယ္။ ” လို႔ ခ်ာလီက သံုးသပ္ထားပါတယ္။

ခ်ာလီ နစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လက္စတာ ၁-၁ ယူႏုိက္တက္ ျဖစ္ပါတယ္။

ခ်ာလီ ခန္႔မွန္းရလဒ္ အရဆိုရင္ေတာ့ ယူနိုက္တက္က ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရနိုင္မွာ ျဖစ္ျပီး လက္စတာကေတာ့ ခ်ယ္ဆီး ရွံဳးမွသာ ဂိုးကြာျခားခ်က္ အသာနဲ႕ ၀င္ခြင့္ ရမယ့္ သေဘာ ျဖစ္ပါတယ္။ ခ်ယ္ဆီးက ၀ုဗ္နဲ႕ ရင္ဆုိင္ျပီး သေရ တစ္မွတ္ ရရင္ေတာင္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရမွာ ျဖစ္ပါတယ္။