ချယ်ဆီး Vs ဝုဗ် ပွဲစဉ်အတွက် စကိုင်းစပေါ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် နောက်ဆုံးပွဲထိ ရုန်းရတော့မယ့် ချယ်ဆီး အသင်းဟာ ပွဲစဉ် ၃၈ မှာတော့ ခက်ခဲတဲ့ ပြိုင်ဘက် ဝုဗ် နဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဝုဗ်နဲ့ ပွဲကနေ သရေ တစ်မှတ် ရရင်ပဲ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ ဇူလိုင် ၂၆ ရက် (တနင်္ဂနွေနေ့) ည ၉း၃၀ နာရီ မှာပါ။

ဒီပွဲ အတွက် စကိုင်းစပေါ့မှ ပင်တိုင် သုံးသပ်သူ ချာလီ နစ်ကိုးလပ်စ်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ချယ်ဆီးက ပွဲကို အနိုင်ကစားနိုင်မလား ကျနော် သံသယရှိပါတယ်။ ရိုးရှင်းတဲ့ အချက်အလက်အရ ချယ်ဆီးက တိုက်စစ်ကစားတာ ကောင်းပါတယ်။ ဒါပေမယ့် သူတို့ခံစစ်က ဘုရားတလောက်စရာဖြစ်ပြီး အကူအညီ မဖြစ်ပါဘူး။ ခံစစ် လေးယောက်တန်းက အသင်းကို မကူညီနိုင်ပါဘူး။ သူတို့ရဲ့ ခံစစ်က ညံ့ဖျင်းလွန်းလှပြီး အထူးသဖြင့် တည်ကန်ဘောမှာ ဖြစ်ပါတယ်။

ဝုဗ်က အန္တရာယ်ကြီးတဲ့ အသင်းပါ။ သူတို့က ချန်ပီယံလိဂ် ဝင်ခွင့်ကို မရနိုင်တော့ပေမယ့် သူတို့မှာ ကစားသမားကောင်းတွေရှိပြီး အကောင်းဆုံး လုပ်ပြလိုနေမှာပါ။ ချယ်ဆီးက သရေရလဒ်ပဲ ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အတော်လေး ချွေးထွက်ရပါလိမ့်မယ်။ ဝုဗ်က ခံစစ်ကနေ ဘောလုံးသယ်ဆောင်မှုကောင်းပြီး ချယ်ဆီးက တိုက်စစ်ကောင်းတယ်။ ဒီပွဲမှာ ဂိုးတွေ အများကြီး မြင်ရပါလိမ့်မယ်။ ” လို့ ချာလီက သုံးသပ်ထားပါတယ်။

ချာလီ နစ်ကိုးလပ်စ်ရဲ့ ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၂-၂ ဝုဗ် ဖြစ်ပါတယ်။

Zawgyi – ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ ေနာက္ဆံုးပြဲထိ ရုန္းရေတာ့မယ့္ ခ်ယ္ဆီး အသင္းဟာ ပြဲစဥ္ ၃၈ မွာေတာ့ ခက္ခဲတဲ့ ျပိဳင္ဘက္ ၀ုဗ္ နဲ႕ ေတြ႔ဆံုေနျပီး အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ၀ုဗ္နဲ႕ ပြဲကေန သေရ တစ္မွတ္ ရရင္ပဲ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရရွိမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ ကေတာ့ ဇူလိုင္ ၂၆ ရက္ (တနဂၤေႏြေန႔) ည ၉း၃၀ နာရီ မွာပါ။

ဒီပြဲ အတြက္ စကိုင္းစေပါ့မွ ပင္တိုင္ သံုးသပ္သူ ခ်ာလီ နစ္ကိုးလပ္စ္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ခ်ယ္ဆီးက ပြဲကို အႏုိင္ကစားႏုိင္မလား က်ေနာ္ သံသယရွိပါတယ္။ ရိုးရွင္းတဲ့ အခ်က္အလက္အရ ခ်ယ္ဆီးက တိုက္စစ္ကစားတာ ေကာင္းပါတယ္။ ဒါေပမယ့္ သူတို႔ခံစစ္က ဘုရားတေလာက္စရာျဖစ္ျပီး အကူအညီ မျဖစ္ပါဘူး။ ခံစစ္ ေလးေယာက္တန္းက အသင္းကို မကူညီႏုိင္ပါဘူး။ သူတို႔ရဲ႕ ခံစစ္က ညံ့ဖ်င္းလြန္းလွျပီး အထူးသျဖင့္ တည္ကန္ေဘာမွာ ျဖစ္ပါတယ္။

ဝုဗ္က အႏၱရာယ္ၾကီးတဲ့ အသင္းပါ။ သူတို႔က ခ်န္ပီယံလိဂ္ ဝင္ခြင့္ကို မရႏုိင္ေတာ့ေပမယ့္ သူတို႔မွာ ကစားသမားေကာင္းေတြရွိျပီး အေကာင္းဆံုး လုပ္ျပလိုေနမွာပါ။ ခ်ယ္ဆီးက သေရရလဒ္ပဲ ရမယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ အေတာ္ေလး ေခၽြးထြက္ရပါလိမ့္မယ္။ ဝုဗ္က ခံစစ္ကေန ေဘာလံုးသယ္ေဆာင္မႈေကာင္းျပီး ခ်ယ္ဆီးက တိုက္စစ္ေကာင္းတယ္။ ဒီပြဲမွာ ဂိုးေတြ အမ်ားၾကီး ျမင္ရပါလိမ့္မယ္။ ” လို႔ ခ်ာလီက သံုးသပ္ထားပါတယ္။

ခ်ာလီ နစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ခ်ယ္ဆီး ၂-၂ ဝုဗ္ ျဖစ္ပါတယ္။