ကိုင်းဟာဗက်ဇ် အပြီး ဘယ်သူ့ကို ခေါ်မလဲ ဦးစားပေးပစ်မှတ် လမ်းပတ် သတ်မှတ်ပြီး ဖြစ်

ချယ်ဆီးအသင်းဟာ ဒီနွေ အပြောင်းအရွှေ့ အတွက် ငွေသုံးစွဲမှုတွေနဲ့ ကစားသမား ခေါ်ယူမှုတွေ ဆက်တိုက် ပြုလုပ်နေပြီး လက်သွက်နေတဲ့ အသင်း ဖြစ်ပါတယ်။ ဒီနွေ အတွက်တင်ပဲ တိုက်စစ်အတွက် တီမိုဝါနာ၊ ဇီယက်တို့ကို ခေါ်ယူခဲ့ပြီး ဖြစ်ကာ လေဗာကူဆင်မှ ကိုင်းဟာဗက်ဇ် ကလည်း အနှေးနဲ့ အမြန်ဆိုသလို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဟာဗက်ဇ်ရဲ့ ဂျာမနီအသင်းဖော် ဆာနေးကတော့ ကိုင်းဟာဗက်ဇ် တစ်ယောက် ချယ်ဆီးအသင်းထံ ရောက်ရှိသွားပြီလို့ လတ်တလော ရှင်းလင်းပွဲမှာ အမှတ်တမဲ့ ထည့်သွင်း ပြောကြားထားပါတယ်။ ကစားသမားနဲ့ ချယ်ဆီးအသင်းကြားလည်း သဘောတူညီမှု ရရှိပြီးပြီ သတင်းကြီးထားတာကြောင့် ကလပ်အသင်း နှစ်သင်းကြား ညှိနှိုင်းမှုများ အပြီးသတ်ဖို့သာ ကျန်ရှိဖွယ် ရှိပါတယ်။

ချယ်ဆီးအသင်းဟာ လက်ကျန် ဝုဗ်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ သရေ တစ်မှတ် ရရင်ကို နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာ ဖြစ်ပြီး ဒါက ကမ္ဘာ့ အဆင့် ကစားသမားကောင်းတွေကို ဆွဲဆောင် ခေါ်ယူဖို့ အချက်ကောင်း ဖြစ်လာမယ်လို့ နည်းပြ လမ်းပတ်ကလည်း ယုံကြည်နေပါတယ်။

ဟာဗက်ဇ်ပြီးရင် နောက်ထပ် ခေါ်ယူဖို့ ပစ်မှတ် အဖြစ် ချယ်ဆီးအသင်းဟာ ဈေးကွက်ထဲမှာ ဂိုးသမား ရှာဖွေမှု စတင်နေပြီလို့ သတင်းကြားရပါတယ်။ ချယ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုး ၅၄ ဂိုး ရှိနေပြီ ဖြစ်ပြီး ဇယား အထက်ပိုင်းတဝက် အသင်းတွေထဲမှာတော့ အများဆုံး ပမာဏလည်း ဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ မတည်ငြိမ်တဲ့ ခံစစ်နဲ့ လက်စွမ်းမမှန်တဲ့ ဂိုးသမား တို့ကြောင့် ပေးဂိုး အခြေအနေက ဆိုးဆိုးဝါး ရှိနေတာကြောင့် လမ်းပတ် အနေနဲ့ ဦးစားပေး ပစ်မှတ်ထား လှုပ်ရှားလာပြီလို့ သိရပါတယ်။ စပိန်သား ဂိုးသမား ကီပါကို ချယ်ဆီးတို့ စံချိန်တင်ကြေး ပေါင် ၇၂ သန်း သုံး ခေါ်ယူထားတာ ဖြစ်ပေမယ့် ကီပါ အပေါ် လမ်းပတ်က စိတ်ရှည်မှု ကုန်ဆုံးသွားခဲ့ပြီ ယူဆရပါတယ်။

ဟာဗက်ဇ် ခေါ်ယူမှု အပြီးသတ်ပြီးတာနဲ့ ဂိုးသမား တစ်ဦး ခေါ်ယူဖို့ ချယ်ဆီးတို့ အဓိက ထားမှာ ဖြစ်ပြီး လောလောဆယ် ချိတ်ဆက် ထားသူတွေကတော့ အိုနာနာ၊ တာစတီဂန်နဲ့ ယူနိုက်တက်ရဲ့ ဒင်းဟန်ဒါဆန်တို့ပဲ ဖြစ်ပါတယ်။ လမ်းပတ်ကတော့ အရည်အချင်းရှိ ဝါရင့် ဂိုးသမားကို ပို အလိုရှိတာကြောင်း ရှက်ဖီးမှာ အငှား ကစားနေတဲံ ဒင်း ဟန်ဒါဆန်ကတော့ ခေါ်ယူဖြစ်ဖို့ အခွင့်အလမ်း နည်းပါးပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီေႏြ အေျပာင္းအေရႊ႕ အတြက္ ေငြသံုးစြဲမႈေတြနဲ႕ ကစားသမား ေခၚယူမႈေတြ ဆက္တိုက္ ျပဳလုပ္ေနျပီး လက္သြက္ေနတဲ့ အသင္း ျဖစ္ပါတယ္။ ဒီေႏြ အတြက္တင္ပဲ တိုက္စစ္အတြက္ တီမို၀ါနာ၊ ဇီယက္တို႔ကို ေခၚယူခဲ့ျပီး ျဖစ္ကာ ေလဗာကူဆင္မွ ကိုင္းဟာဗက္ဇ္ ကလည္း အေနွးနဲ႕ အျမန္ဆိုသလို ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

ဟာဗက္ဇ္ရဲ႕ ဂ်ာမနီအသင္းေဖာ္ ဆာေနးကေတာ့ ကိုင္းဟာဗက္ဇ္ တစ္ေယာက္ ခ်ယ္ဆီးအသင္းထံ ေရာက္ရွိသြားျပီလို႔ လတ္တေလာ ရွင္းလင္းပြဲမွာ အမွတ္တမဲ့ ထည့္သြင္း ေျပာၾကားထားပါတယ္။ ကစားသမားနဲ႕ ခ်ယ္ဆီးအသင္းၾကားလည္း သေဘာတူညီမႈ ရရွိျပီးျပီ သတင္းၾကီးထားတာေၾကာင့္ ကလပ္အသင္း နွစ္သင္းၾကား ညွိနိႈင္းမႈမ်ား အျပီးသတ္ဖို႔သာ က်န္ရွိဖြယ္ ရွိပါတယ္။

ခ်ယ္ဆီးအသင္းဟာ လက္က်န္ ၀ုဗ္နဲ႕ ပရီးမီးယားလိဂ္ ပြဲမွာ သေရ တစ္မွတ္ ရရင္ကို ေနာက္ရာသီ ခ်န္ပီယံလိဂ္၀င္ခြင့္ ရရွိမွာ ျဖစ္ျပီး ဒါက ကမၻာ့ အဆင့္ ကစားသမားေကာင္းေတြကို ဆြဲေဆာင္ ေခၚယူဖို႔ အခ်က္ေကာင္း ျဖစ္လာမယ္လို႔ နည္းျပ လမ္းပတ္ကလည္း ယံုၾကည္ေနပါတယ္။

ဟာဗက္ဇ္ျပီးရင္ ေနာက္ထပ္ ေခၚယူဖို႔ ပစ္မွတ္ အျဖစ္ ခ်ယ္ဆီးအသင္းဟာ ေစ်းကြက္ထဲမွာ ဂိုးသမား ရွာေဖြမႈ စတင္ေနျပီလို႔ သတင္းၾကားရပါတယ္။ ခ်ယ္ဆီးအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ေပးဂိုး ၅၄ ဂိုး ရွိေနျပီ ျဖစ္ျပီး ဇယား အထက္ပိုင္းတ၀က္ အသင္းေတြထဲမွာေတာ့ အမ်ားဆံုး ပမာဏလည္း ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ မတည္ျငိမ္တဲ့ ခံစစ္နဲ႕ လက္စြမ္းမမွန္တဲ့ ဂိုးသမား တို႔ေၾကာင့္ ေပးဂိုး အေျခအေနက ဆိုးဆိုး၀ါး ရွိေနတာေၾကာင့္ လမ္းပတ္ အေနနဲ႕ ဦးစားေပး ပစ္မွတ္ထား လႈပ္ရွားလာျပီလို႔ သိရပါတယ္။ စပိန္သား ဂိုးသမား ကီပါကို ခ်ယ္ဆီးတို႔ စံခ်ိန္တင္ေၾကး ေပါင္ ၇၂ သန္း သံုး ေခၚယူထားတာ ျဖစ္ေပမယ့္ ကီပါ အေပၚ လမ္းပတ္က စိတ္ရွည္မႈ ကုန္ဆံုးသြားခဲ့ျပီ ယူဆရပါတယ္။

ဟာဗက္ဇ္ ေခၚယူမႈ အျပီးသတ္ျပီးတာနဲ႕ ဂိုးသမား တစ္ဦး ေခၚယူဖို႔ ခ်ယ္ဆီးတို႔ အဓိက ထားမွာ ျဖစ္ျပီး ေလာေလာဆယ္ ခ်ိတ္ဆက္ ထားသူေတြကေတာ့ အိုနာနာ၊ တာစတီဂန္နဲ႕ ယူနိုက္တက္ရဲ႕ ဒင္းဟန္ဒါဆန္တို႔ပဲ ျဖစ္ပါတယ္။ လမ္းပတ္ကေတာ့ အရည္အခ်င္းရွိ ၀ါရင့္ ဂိုးသမားကို ပို အလိုရွိတာေၾကာင္း ရွက္ဖီးမွာ အငွား ကစားေနတဲံ ဒင္း ဟန္ဒါဆန္ကေတာ့ ေခၚယူျဖစ္ဖို႔ အခြင့္အလမ္း နည္းပါးပါတယ္။