ချယ်ဆီး Vs မန်ယူနိုက်တက် Vs လက်စတာ တို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ပြိုင်ပွဲ အနေအထားနဲ့ ဖြစ်နိုင်ချေများ

ပရီးမီးယားလိဂ်မှ ချန်ပီယံလီဗာပူးနဲ့ ဒုတိယ နေရာ မန်စီးတီး သေချာပြီး ဖြစ်သည့်တိုင် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် လက်ကျန် နှစ်နေရာ ဖြစ်တဲ့ အဆင့် ၃ နဲ့ ၄ နေရာ အတွက် ဘယ်အသင်းတွေ တင်ကျန်ရစ်မလဲ မသိသေးတဲ့ အနေအထား ရှိနေပါတယ်။ ထို နှစ်နေရာ အတွက် အဖြစ်နိုင်ဆုံး အသင်း က သုံးသင်းထိ ရှိနေပြီး ချယ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လက်စတာတို့ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်မှာ ယူနိုက်တက်နဲ့ လက်စတာတို့က ထိပ်တိုက် တွေ့နေသေးတာကြောင့် ပြိုင်ဆိုင်မှုက ပို ပြင်းထန်နေပြီး ဘယ်အသင်းက ကျန်ရစ်မလဲ ဆိုတာ ပိုမို ရင်ခုန်ဖွယ် ရှိနေပါတယ်။

လော့ဒ်ဒေါင်းကာလ မတိုင်ခင်မှာ လက်စတာ က အဆင့် ၃ နေရာကို သိမ်းထားပြီး ဆက်ထိန်းသွားမယ် ယူဆခဲ့ကြပေမယ့် ပွဲတွေ ပြန်စချိန်မှာ ဘရန်ဒန် ရော်ဂျာရဲ့ အသင်းဟာ ရလဒ်များ ဆက်တိုက် ကျဆင်းလာခဲ့ပါတယ်။ ချယ်ဆီးကလည်း ၃ နေရာ ရပြီ ထင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာ လီဗာပူးကို ရှုံးလိုက်တာကြောင့် ယူနိုက်တက်ကို လွှဲပေးခဲ့ရပါတယ်။

ဒါကြောင့် လက်ရှိ အမှတ်ပေးဇယားမှာ ယူနိုက်တက်က ရမှတ် ၆၃ မှတ်နဲ့ အဆင့် ၃၊ ချယ်ဆီးကလည်း ရမှတ် ၆၃ မှတ်ပဲ ဖြစ်ပေမယ့် ဂိုးကွာခြားချက်ကြောင့် အဆင့် ၄ မှာ ရှိနေပြီး လက်စတာက ရမှတ် ၆၂ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပါတယ်။ သူတို့ တစ်သင်းစီ အတွက် ဘယ်လို ရလဒ်တွေက နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရသွားနိုင်လဲ ဆိုတာကို Goal သတင်းဌာနက အခုလို စုစည်း ဖော်ပြပေးထားပါတယ်။

ယူနိုက်တက် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဆိုရင် –

နောက်ဆုံး ကစားရမယ့် လက်စတာနဲ့ ပွဲမှာ ယူနိုက်တက်က အနိုင် ဒါမှမဟုတ် သရေ ရလဒ် ရမှသာ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ သေချာမှာ ဖြစ်ပါတယ်။ တကယ်လို့သာ တခြားဘက် ပွဲမှာ ချယ်ဆီးက ရှုံးနိမ့်သွားရင်တော့ ကင်းပါဝါမှာ ယူနိုက်တက် ရှုံးရှုံး နိုင်နိုင် ချန်ပီယံလိဂ် ဝင်ခွင့်က ရသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်သာ လက်စတာ ကို ရှုံးရင်တော့ ချယ်ဆီး သရေကျရင်တော့ ယူနိုက်တက်က အဆင့် ၅ နဲ့ ရာသီသိမ်းရမှာပါ။

ချယ်ဆီးအသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဆိုရင် –

ချယ်ဆီးက နောက်ဆုံးပွဲ ဝုဗ်နဲ့ ပွဲမှာ အနိုင် ဒါမှမဟုတ် သရေ ရလဒ် လိုအပ်နေပါတယ်။ ဒါပေမယ့် ချယ်ဆီးတို့ ဝုဗ်ကို ရှုံးခဲ့ရင်လည်း ယူနိုက်တက်ကသာ လက်စတာ ကို အနိုင်ကန်ရင် ချန်ပီယံလိဂ် ဝင်ခွင့် က ရရှိဦးမှာပဲ ဖြစ်ပါတယ်။

လက်စတာ စီးတီး ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဆိုရင် –

လက်စတာက ချန်ပီယံလိဂ် ဝင်ခွင့် ရချင်ရင် မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်း ကင်းပါဝါမှာ ကစားရမယ့် ပွဲမှာ နိုင်ကို နိုင်မှာ ဖြစ်မယ့် အနေအထား ရှိနေပါတယ်။ တကယ်လို့ သရေ တစ်မှတ်ပဲ ရခဲ့တယ် ဆိုရင် တဖက်မှာ ချယ်ဆီးက ဝုဗ်ကို ရှုံးမှသာ လက်စတာတို့ ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်မှာပါ။

Zawgyi – ပရီးမီးယားလိဂ္မွ ခ်န္ပီယံလီဗာပူးနဲ႕ ဒုတိယ ေနရာ မန္စီးတီး ေသခ်ာျပီး ျဖစ္သည့္တိုင္ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ လက္က်န္ နွစ္ေနရာ ျဖစ္တဲ့ အဆင့္ ၃ နဲ႕ ၄ ေနရာ အတြက္ ဘယ္အသင္းေတြ တင္က်န္ရစ္မလဲ မသိေသးတဲ့ အေနအထား ရွိေနပါတယ္။ ထို နွစ္ေနရာ အတြက္ အျဖစ္နုိင္ဆံုး အသင္း က သံုးသင္းထိ ရွိေနျပီး ခ်ယ္ဆီး၊ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ လက္စတာတို႔ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ေနာက္ဆံုး ပြဲစဥ္မွာ ယူနိုက္တက္နဲ႕ လက္စတာတို႔က ထိပ္တိုက္ ေတြ႔ေနေသးတာေၾကာင့္ ျပိဳင္ဆိုင္မႈက ပို ျပင္းထန္ေနျပီး ဘယ္အသင္းက က်န္ရစ္မလဲ ဆိုတာ ပိုမို ရင္ခုန္ဖြယ္ ရွိေနပါတယ္။ ေလာ့ဒ္ေဒါင္းကာလ မတိုင္ခင္မွာ လက္စတာ က အဆင့္ ၃ ေနရာကို သိမ္းထားျပီး ဆက္ထိန္းသြားမယ္ ယူဆခဲ့ၾကေပမယ့္ ပြဲေတြ ျပန္စခ်ိန္မွာ ဘရန္ဒန္ ေရာ္ဂ်ာရဲ႕ အသင္းဟာ ရလဒ္မ်ား ဆက္တိုက္ က်ဆင္းလာခဲ့ပါတယ္။ ခ်ယ္ဆီးကလည္း ၃ ေနရာ ရျပီ ထင္ခဲ့ေပမယ့္ ျပီးခဲ့တဲ့ ပြဲမွာ လီဗာပူးကို ရွံဳးလိုက္တာေၾကာင့္ ယူနိုက္တက္ကို လႊဲေပးခဲ့ရပါတယ္။

ဒါေၾကာင့္ လက္ရွိ အမွတ္ေပးဇယားမွာ ယူနုိက္တက္က ရမွတ္ ၆၃ မွတ္နဲ႕ အဆင့္ ၃၊ ခ်ယ္ဆီးကလည္း ရမွတ္ ၆၃ မွတ္ပဲ ျဖစ္ေပမယ့္ ဂိုးကြာျခားခ်က္ေၾကာင့္ အဆင့္ ၄ မွာ ရွိေနျပီး လက္စတာက ရမွတ္ ၆၂ မွတ္နဲ႕ အဆင့္ ၅ ေနရာမွာ ရွိေနပါတယ္။ သူတို႔ တစ္သင္းစီ အတြက္ ဘယ္လို ရလဒ္ေတြက ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရသြားနုိင္လဲ ဆိုတာကို Goal သတင္းဌာနက အခုလို စုစည္း ေဖာ္ျပေပးထားပါတယ္။

ယူနိုက္တက္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႔ ဆိုရင္ –

ေနာက္ဆံုး ကစားရမယ့္ လက္စတာနဲ႕ ပြဲမွာ ယူနိုက္တက္က အနုိင္ ဒါမွမဟုတ္ သေရ ရလဒ္ ရမွသာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ ေသခ်ာမွာ ျဖစ္ပါတယ္။ တကယ္လို႔သာ တျခားဘက္ ပြဲမွာ ခ်ယ္ဆီးက ရွံဳးနိမ့္သြားရင္ေတာ့ ကင္းပါ၀ါမွာ ယူနိုက္တက္ ရွံဳးရွံဳး နုိင္နုိင္ ခ်န္ပီယံလိဂ္ ၀င္ခြင့္က ရသြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ယူနိုက္တက္သာ လက္စတာ ကို ရွံဳးရင္ေတာ့ ခ်ယ္ဆီး သေရက်ရင္ေတာ့ ယူနိုက္တက္က အဆင့္ ၅ နဲ႕ ရာသီသိမ္းရမွာပါ။

ခ်ယ္ဆီးအသင္း ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႔ ဆိုရင္ –

ခ်ယ္ဆီးက ေနာက္ဆံုးပြဲ ၀ုဗ္နဲ႕ ပြဲမွာ အနုိင္ ဒါမွမဟုတ္ သေရ ရလဒ္ လိုအပ္ေနပါတယ္။ ဒါေပမယ့္ ခ်ယ္ဆီးတို႔ ၀ုဗ္ကို ရွံဳးခဲ့ရင္လည္း ယူနိုက္တက္ကသာ လက္စတာ ကို အနုိင္ကန္ရင္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ က ရရွိဦးမွာပဲ ျဖစ္ပါတယ္။

လက္စတာ စီးတီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႔ ဆိုရင္ –

လက္စတာက ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရခ်င္ရင္ မန္ခ်က္စတာ ယူနုိက္တက္ကို အိမ္ကြင္း ကင္းပါ၀ါမွာ ကစားရမယ့္ ပြဲမွာ နုိင္ကို နုိင္မွာ ျဖစ္မယ့္ အေနအထား ရွိေနပါတယ္။ တကယ္လို႔ သေရ တစ္မွတ္ပဲ ရခဲ့တယ္ ဆိုရင္ တဖက္မွာ ခ်ယ္ဆီးက ၀ုဗ္ကို ရွံဳးမွသာ လက္စတာတို႔ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရနုိင္မွာပါ။