နောက်ရာသီ ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ ကြိုးစားမှာ ဖြစ်လို့ ပြိုင်ပွဲဝင်ခွင့်က အရေးကြီးတယ်လို့ ယူနိုက်တက် ကွင်းလယ် ဖရက် ဖွင့်ဟ

ယူနိုက်တက် ကွင်းလယ်ကစားသမား ဖရက်ကချန်ပီယံလိဂ် ဝင်ခွင့်ဟာ သရဲနီတွေ အတွက် ဘယ်လောက် အရေးကြီးကြောင်း ရှင်းလင်း ပြောဆိုလာခဲ့ပြီး ယူနိုက်တက်ဟာ နောက်ရာသီ ဥရောပထိပ်သီးပြိုင်ပွဲကြီးမှာ ဗိုလ်စွဲဖို့ပါ ရည်မှန်းထားကြောင်း ဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ လက်စတာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အဆုံးအဖြတ် ပွဲစဉ်ကို ကစားရတော့မှာ ဖြစ်ပါတယ်။ မန်ချက်စတာကလပ်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ အဆင့် ၃ မှာ ရှိနေပြီး ၄ နေရာမှ ချယ်ဆီးနဲ့ အမှတ်တူဖြစ်ကာ ဂိုးကွာခြားချက်ကြောင့် အသာရထားပါတယ်။

တနင်္ဂနွေနေ့ ပွဲမှာတော့ လက်စတာထံက အနည်းဆုံး သရေ ရရင်ကို ချန်ပီယံလိဂ် ဝင်ခွင့် ရမှာ ဖြစ်ပေမယ့် မပေါ့လျော့ဖို့ ဘရာဇီးသား ကွင်းလယ်သမား ဖရက်က သတိပေးလာခဲ့တာ ဖြစ်ပါတယ်။

” ကလပ်အသင်း အနေနဲ့ နှစ်တိုင်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ခွင့် ရသင့်ပါတယ်။ ဒီအသင်းက ကလပ်အသင်းကြီးလည်း ဖြစ်တယ်။ ဒါက ကစားသမားတွေ အတွက်လည်း သိပ်ကို အရေးကြီးပါတယ် အသင်းအတွက်ရောပေါ့။ အဲဒီပြိုင်ပွဲက အသင်းနဲ့ရော ကစားသမားတွေ အတွက်ပါ ထိုက်တန်တဲ့ နေရာပါ။

နောက်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပြန် ပါဝင် ကစားရရင် သိပ်ကောင်းမှာပါ။ အဲဒီမှာ ဗိုလ်စွဲဖို့လည်း ကျနော်တို့ ကြိုးစားမှာ ဖြစ်တယ်။ ” လို့ ဖရက်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားဟာ တနင်္ဂနွေနေ့မှာ သူ့ရဲ့ အသင်းဟောင်း လက်စတာနဲ့ ပြနလည် ရင်ဆိုင်ရမှာ ဖြစ်ပြီး မက်ဂွဲရားက သူ့မိတ်ဆွေဟောင်းတွေကို ပြန်တွေ့ရမှာနဲ့ နေရာဟောင်းကို ပြန်သွားရမှာ အတွက် ခံစားမှုကောင်းတွေ ရှိနေပါလိမ့်မယ်လို့လည်း ဖရက်က မှတ်ချက်ပြုခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ ကြင္းလယ္ကစားသမား ဖရက္ကခ်န္ပီယံလိဂ္ ၀င္ခြင့္ဟာ သရဲနီေတြ အတြက္ ဘယ္ေလာက္ အေရးၾကီးေၾကာင္း ရွင္းလင္း ေျပာဆိုလာခဲ့ျပီး ယူနုိက္တက္ဟာ ေနာက္ရာသီ ဥေရာပထိပ္သီးျပိဳင္ပြဲၾကီးမွာ ဗိုလ္စြဲဖို႔ပါ ရည္မွန္းထားေၾကာင္း ဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ ပရီးမီးယားလိဂ္ ေနာက္ဆံုးပြဲမွာ လက္စတာနဲ႕ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အဆံုးအျဖတ္ ပြဲစဥ္ကို ကစားရေတာ့မွာ ျဖစ္ပါတယ္။ မန္ခ်က္စတာကလပ္ဟာ လက္ရွိ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာေတာ့ အဆင့္ ၃ မွာ ရွိေနျပီး ၄ ေနရာမွ ခ်ယ္ဆီးနဲ႕ အမွတ္တူျဖစ္ကာ ဂုိုးကြာျခားခ်က္ေၾကာင့္ အသာရထားပါတယ္။

တနဂၤေႏြေန႔ ပြဲမွာေတာ့ လက္စတာထံက အနည္းဆံုး သေရ ရရင္ကို ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရမွာ ျဖစ္ေပမယ့္ မေပါ့ေလ်ာ့ဖို႔ ဘရာဇီးသား ကြင္းလယ္သမား ဖရက္က သတိေပးလာခဲ့တာ ျဖစ္ပါတယ္။

” ကလပ္အသင္း အေနနဲ႕ နွစ္တိုင္း ခ်န္ပီယံလိဂ္ ျပိဳင္ပြဲမွာ ပါ၀င္ခြင့္ ရသင့္ပါတယ္။ ဒီအသင္းက ကလပ္အသင္းၾကီးလည္း ျဖစ္တယ္။ ဒါက ကစားသမားေတြ အတြက္လည္း သိပ္ကို အေရးၾကီးပါတယ္ အသင္းအတြက္ေရာေပါ့။ အဲဒီျပိဳင္ပြဲက အသင္းနဲ႕ေရာ ကစားသမားေတြ အတြက္ပါ ထိုက္တန္တဲ့ ေနရာပါ။

ေနာက္ရာသီမွာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲ ျပန္ ပါ၀င္ ကစားရရင္ သိပ္ေကာင္းမွာပါ။ အဲဒီမွာ ဗိုလ္စြဲဖို႔လည္း က်ေနာ္တို႔ ၾကိဳးစားမွာ ျဖစ္တယ္။ ” လို႔ ဖရက္က ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ တနဂၤေႏြေန႔မွာ သူ႔ရဲ႕ အသင္းေဟာင္း လက္စတာနဲ႕ ျပနလည္ ရင္ဆိုင္ရမွာ ျဖစ္ျပီး မက္ဂြဲရားက သူ႔မိတ္ေဆြေဟာင္းေတြကို ျပန္ေတြ႔ရမွာနဲ႕ ေနရာေဟာင္းကို ျပန္သြားရမွာ အတြက္ ခံစားမႈေကာင္းေတြ ရွိေနပါလိမ့္မယ္လို႔လည္း ဖရက္က မွတ္ခ်က္ျပဳခဲ့ပါတယ္။