လက်စတာနဲ့ ပွဲက ယူနိုက်တက်ရဲ့ ဒီရာသီ အရေးကြီးဆုံး ပွဲ မဟုတ်ဘူးလို့ ဖိအားတွေကို လျှော့ပေးလိုက်တဲ့ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ တနင်္ဂနွေနေ့ လက်စတာနဲ့ ပွဲမှာ ဘယ်လို ရလဒ်တွေ ထွက်လာသည် ဖြစ်စေ အသင်းရဲ့ ရေရှည် ဖြစ်တည်ထားတဲ့ အရှိန်အဝါကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ယုံကြည်နေပြီး ဒီပွဲက ဒီရာသီ အသင်းအတွက် အရေးကြီးဆုံး ဆိုတဲ့ ပွဲလည်း မဟုတ်ပါဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် တကယ်လို့ ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်သွားရင် ဒါက အသင်းရဲ့ အဆုံးသတ် ဖြစ်သွားတာ မဟုတ်ဘူးလို့ နော်ဝေသားကြီးက ဆိုခဲ့ပြီး အသင်း အနေနဲ့ လျှောက်လှမ်းရမယ့် ခရီးရှည်ကြီး ရှိသေးတယ်လို့ သတိပေးလိုက်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့ရင်တော့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံလီဗာပူးနဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးတို့ကို အမှီလိုက်ဖို့ ခြေလှမ်းကြီး တစ်ရပ် ဖြစ်ခဲ့မယ်လို့ သုံးသပ်ခဲ့ပါတယ်။

” ဒီပွဲ ရလဒ်ကြောင့် ကျနော်တို့က ဘယ်မှာမှ အဆုံးသတ် သွားမှာ မဟုတ်ဘူး။ တကယ်လို့ ရလဒ်ကောင်း ရရင် လူတွေက ကျနော်တို့ ဒီရာသီ မဆိုးတဲ့ ဘောလုံးရာသီပဲ လို့ ပြောဆို ကြလိမ့်မယ်။ ဒါပေမယ့် ဘာတွေပဲ ဖြစ်လာလာ အဲဒါက ဒီခရီးကို အဆုံးသတ်လိုက်တာ မဟုတ်ဘူး။ ကျနော်တို့ အနေနဲ့ အမှီလိုက်ရမယ့် အသင်း နှစ်သင်း ရှေ့မှာ ရှိနေတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ ရှိနေရင်တော့ ဒီလို ဘောလုံးရာသီ နောက်ဆုံးပွဲ အတွက် ဖိအားတွေကို ရင်ဆိုင်ရမှာပဲ အသားကျနေရမှာပဲ။ ဒါက အသစ်အဆန်း မဟုတ်ဘူး။ ဘောလုံး ရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ အခွင့် အရေးက ရှိနေတယ် ယူနိုင်တာ မယူနိုင်တာက ကျနော်တို့ အပိုင်း ဖြစ်သွားပြီ။ ဒါပေမယ့် ဒီပွဲကပဲ ဘောလုံးရာသီ ရဲ့ အရေး အကြီးဆုံး ပွဲစဉ် မဟုတ်ပါဘူး။ အဲဒါက ကစားရမယ့် နောက်ပွဲ တစ်ပွဲ အနေနဲ့သာ ရှိတယ်။ ဘောလုံးမှာ ဘယ်သူ့ သွားမေးမေး နောက် ကစားရမယ့် ပွဲကသာ အရေးကြီး ဆုံး လို့ ပြောကြမှာ။

ရလဒ် ဘယ်လို ထွက်လာလာ ကျနော်တို့ အတွက်ကတော့ ဒါက ဒီရာသီကို သတ်မှတ်တယ်လို့ မထင်ဘူး။ ကျနော်တို့မှာ မှတ်မှတ်ထင်ထင် ဖြစ်စရာ အခြေအနေကောင်းတွေ ရှိခဲ့ပြီးပြီ။ ဘရူနို ဖာနန်ဒက်စ်က ခြားနားမှုကြီးကိုလည်း လုပ်ပြခဲ့ပြီ။ ခြုံပြောရရင် ကာယကြံ့ခိုင်မှုနဲ့ စိတ်ဓာတ် ပြင်းပြမှုတွေက အရင် ရာသီကထက် ပို ပို ကောင်းလာတယ်လို့ ထင်ပါတယ်။ ” လို့ နည်းပြ ဆိုးရှားက ပြောဆိုသွားခဲ့ပါတယ်။

ဆိုးရှားရဲ့ ယူနိုက်တက်ဟာ ပွဲစဉ် ၃၈ ကို ကင်းပါဝါကွင်းမှာ လက်စတာကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အနည်းဆုံး တစ်မှတ် ရဖို့ လိုအပ်နေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ နည္းျပ ဆိုးရွားကေတာ့ တနဂၤေႏြေန႔ လက္စတာနဲ႕ ပြဲမွာ ဘယ္လို ရလဒ္ေတြ ထြက္လာသည္ ျဖစ္ေစ အသင္းရဲ႕ ေရရွည္ ျဖစ္တည္ထားတဲ့ အရွိန္အ၀ါကို ထိခိုက္ေစမွာ မဟုတ္ဘူးလို႔ ယံုၾကည္ေနျပီး ဒီပြဲက ဒီရာသီ အသင္းအတြက္ အေရးၾကီးဆံုး ဆိုတဲ့ ပြဲလည္း မဟုတ္ပါဘူးလို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ယူနုိက္တက္ တကယ္လို႔ ခ်န္ပီယံလိဂ္ ၀င္ခြင့္ လြဲေခ်ာ္သြားရင္ ဒါက အသင္းရဲ႕ အဆံုးသတ္ ျဖစ္သြားတာ မဟုတ္ဘူးလို႔ ေနာ္ေ၀သားၾကီးက ဆိုခဲ့ျပီး အသင္း အေနနဲ႕ ေလွ်ာက္လွမ္းရမယ့္ ခရီးရွည္ၾကီး ရွိေသးတယ္လို႔ သတိေပးလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရခဲ့ရင္ေတာ့ လက္ရွိ ပရီးမီးယားလိဂ္ ခ်န္ပီယံလီဗာပူးနဲ႕ ဂြာဒီယိုလာရဲ႕ မန္စီးတီးတို႔ကို အမွီလိုက္ဖို႔ ေျခလွမ္းၾကီး တစ္ရပ္ ျဖစ္ခဲ့မယ္လို႔ သံုးသပ္ခဲ့ပါတယ္။

” ဒီပြဲ ရလဒ္ေၾကာင့္ က်ေနာ္တို႔က ဘယ္မွာမွ အဆံုးသတ္ သြားမွာ မဟုတ္ဘူး။ တကယ္လို႔ ရလဒ္ေကာင္း ရရင္ လူေတြက က်ေနာ္တုိ႔ ဒီရာသီ မဆိုးတဲ့ ေဘာလံုးရာသီပဲ လို႔ ေျပာဆို ၾကလိမ့္မယ္။ ဒါေပမယ့္ ဘာေတြပဲ ျဖစ္လာလာ အဲဒါက ဒီခရီးကို အဆံုးသတ္လိုက္တာ မဟုတ္ဘူး။ က်ေနာ္တို႔ အေနနဲ႕ အမွီလိုက္ရမယ့္ အသင္း နွစ္သင္း ေရွ႕မွာ ရွိေနတယ္။

မန္ခ်က္စတာ ယူနုိက္တက္မွာ ရွိေနရင္ေတာ့ ဒီလို ေဘာလံုးရာသီ ေနာက္ဆံုးပြဲ အတြက္ ဖိအားေတြကို ရင္ဆိုင္ရမွာပဲ အသားက်ေနရမွာပဲ။ ဒါက အသစ္အဆန္း မဟုတ္ဘူး။ ေဘာလံုး ရာသီကို အေကာင္းဆံုး အဆံုးသတ္နိုင္ဖို႔ အခြင့္ အေရးက ရွိေနတယ္ ယူနုိင္တာ မယူနုိင္တာက က်ေနာ္တို႔ အပိုင္း ျဖစ္သြားျပီ။ ဒါေပမယ့္ ဒီပြဲကပဲ ေဘာလံုးရာသီ ရဲ႕ အေရး အၾကီးဆံုး ပြဲစဥ္ မဟုတ္ပါဘူး။ အဲဒါက ကစားရမယ့္ ေနာက္ပြဲ တစ္ပြဲ အေနနဲ႕သာ ရွိတယ္။ ေဘာလံုးမွာ ဘယ္သူ႔ သြားေမးေမး ေနာက္ ကစားရမယ့္ ပြဲကသာ အေရးၾကီး ဆံုး လို႔ ေျပာၾကမွာ။

ရလဒ္ ဘယ္လို ထြက္လာလာ က်ေနာ္တို႔ အတြက္ကေတာ့ ဒါက ဒီရာသီကို သတ္မွတ္တယ္လို႔ မထင္ဘူး။ က်ေနာ္တို႔မွာ မွတ္မွတ္ထင္ထင္ ျဖစ္စရာ အေျခအေနေကာင္းေတြ ရွိခဲ့ျပီးျပီ။ ဘရူနို ဖာနန္ဒက္စ္က ျခားနားမႈၾကီးကိုလည္း လုပ္ျပခဲ့ျပီ။ ျခံဳေျပာရရင္ ကာယၾကံ႕ခိုင္မႈနဲ႕ စိတ္ဓာတ္ ျပင္းျပမႈေတြက အရင္ ရာသီကထက္ ပို ပို ေကာင္းလာတယ္လို႔ ထင္ပါတယ္။ ” လို႔ နည္းျပ ဆိုးရွားက ေျပာဆိုသြားခဲ့ပါတယ္။

ဆိုးရွားရဲ႕ ယူနုိက္တက္ဟာ ပြဲစဥ္ ၃၈ ကို ကင္းပါ၀ါကြင္းမွာ လက္စတာကို သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ျပီး ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ အနည္းဆံုး တစ္မွတ္ ရဖို႔ လိုအပ္ေနပါတယ္။