ဆန်းချက်၊ ယူနိုက်တက်နဲ့ အင်တာမီလန်တို့ သုံးပွင့်ဆိုင် ညှိနှိုင်းရဦးမယ့် အပြောင်းအရွှေ့ ပုစ္ဆာ

အင်တာမီလန်မှာ ယူနိုက်တက် အငှားစေလွှတ်ထားတဲ့ ချီလီသား တိုက်စစ်သမား ဆန်းချက်ဟာ အငှား ကုန်ဆုံးတော့မှာ ဖြစ်ပြီး ယူနိုက်တက်ထံ ပြန်လာရမလားနဲ့ အင်တာမှာ ဆက်နေဖြစ်မလား မရေရာသေးတဲ့ အနေအထား ရှိနေပါတယ်။

အစောပိုင်းမှာ အင်တာမီလန်က ဆန်း်ချက်ကို ခေါ်ယူဖို့ အလို မရှိခဲ့ပေမယ့် လော့ဒ်ဒေါင်း ကာလအပြီးပွဲစဉ်များမှာ ဆန်းချက် ခြေစွမ်းပြလာနိုင်တာကြောင့် ချီလီသားကို အပြီးသတ် ဝယ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ ဒါပေမယ့် ထိုသို့ ခေါ်ဖို့ ဆိုရင် ကစားသမား ဘက်က လစာ လျှော့ယူမှ ရမယ်လို့ စီးရီးအေကလပ် ဘက်က တောင်းဆိုထားပါတယ်။

ဆန်းချက်ရဲ့ လက်ရှိ လစာက တစ်ပတ် ပေါင် ၅ သိန်း ဖြစ်ပြီး ထိုပမာဏဟာ အင်တာမီလန် အတွက် မြင့်မားလွန်းတာကြောင့် ဆန်းချက် အနေနဲ့ အသင်းပြောင်းလိုရင် လုပ်ခလစာ လျှော့ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ ဆန်းချက်ကို အပြီး မဝယ်ယူပါက အငှားသက်တမ်း ဆက်လက် တိုးမြှင့်တော့မှာ မဟုတ်ကြောင်း အသိပေးထားပါတယ်။ နောက်ရာသီ အငှား ဆက်လက် ခွင့်ပြုမှာ မဟုတ်သလို ပြည်တွင်းလိဂ်ပွဲ တွေ အပြီး ယူရိုပါလိဂ်ပွဲ ဆက် ကစားဖို့ ကာလတို သက်တမ်းတိုးမှုကိုတောင် ယူနိုက်တက်က ခွင့်မပြုဘဲ ကစားသမားကို ပြန်လည် ခေါ်ယူထားပါတယ်။

အင်တာမီလန် အနေနဲ့ ဆန်းချက်ကို ခေါ်ယူဖို့ အတွက် ယူနိုက်တက် အလိုရှိနေတဲ့ အိုင်ဗန် ပါရီဆစ်နဲ့ အလဲအထပ် ကမ်းလှမ်းမှုမျိုး ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ယူနိုက်တက် လက်ခံနိုင်မလားလည်း စောင့်ကြည့်ရဖို့ ရှိနေပါတယ်။ အပြောင်းအရွှေ့ ဖြစ်လာဖို့ အဓိက အချက်တွေထဲ ဆန်းချက်ရဲ့ လက်ရှိ လစာ ကနေ လျှော့ယူဖို့ကတော့ အရေးကြီး တစ်ချက် အနေနဲ့ ပါဝင်နေဆဲ ဖြစ်ပါတယ်။

Zawgyi – အင္တာမီလန္မွာ ယူနိုက္တက္ အငွားေစလႊတ္ထားတဲ့ ခ်ီလီသား တိုက္စစ္သမား ဆန္းခ်က္ဟာ အငွား ကုန္ဆံုးေတာ့မွာ ျဖစ္ျပီး ယူနိုက္တက္ထံ ျပန္လာရမလားနဲ႕ အင္တာမွာ ဆက္ေနျဖစ္မလား မေရရာေသးတဲ့ အေနအထား ရွိေနပါတယ္။

အေစာပိုင္းမွာ အင္တာမီလန္က ဆနး္္ခ်က္ကို ေခၚယူဖို႔ အလို မရွိခဲ့ေပမယ့္ ေလာ့ဒ္ေဒါင္း ကာလအျပီးပြဲစဥ္မ်ားမွာ ဆန္းခ်က္ ေျခစြမ္းျပလာနိုင္တာေၾကာင့္ ခ်ီလီသားကို အျပီးသတ္ ၀ယ္ယူဖို႔ စိတ္၀င္စားလာပါတယ္။ ဒါေပမယ့္ ထိုသို႔ ေခၚဖို႔ ဆိုရင္ ကစားသမား ဘက္က လစာ ေလွ်ာ့ယူမွ ရမယ္လို႔ စီးရီးေအကလပ္ ဘက္က ေတာင္းဆိုထားပါတယ္။

ဆန္းခ်က္ရဲ႕ လက္ရွိ လစာက တစ္ပတ္ ေပါင္ ၅ သိန္း ျဖစ္ျပီး ထိုပမာဏဟာ အင္တာမီလန္ အတြက္ ျမင့္မားလြန္းတာေၾကာင့္ ဆန္းခ်က္ အေနနဲ႕ အသင္းေျပာင္းလိုရင္ လုပ္ခလစာ ေလွ်ာ့ေပးဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

ယူနိုက္တက္ကေတာ့ ဆန္းခ်က္ကို အျပီး မ၀ယ္ယူပါက အငွားသက္တမ္း ဆက္လက္ တိုးျမွင့္ေတာ့မွာ မဟုတ္ေၾကာင္း အသိေပးထားပါတယ္။ ေနာက္ရာသီ အငွား ဆက္လက္ ခြင့္ျပဳမွာ မဟုတ္သလို ျပည္တြင္းလိဂ္ပြဲ ေတြ အျပီး ယူရိုပါလိဂ္ပြဲ ဆက္ ကစားဖို႔ ကာလတို သက္တမ္းတိုးမႈကိုေတာင္ ယူနိုက္တက္က ခြင့္မျပဳဘဲ ကစားသမားကို ျပန္လည္ ေခၚယူထားပါတယ္။

အင္တာမီလန္ အေနနဲ႕ ဆန္းခ်က္ကို ေခၚယူဖို႔ အတြက္ ယူနိုက္တက္ အလိုရွိေနတဲ့ အိုင္ဗန္ ပါရီဆစ္နဲ႕ အလဲအထပ္ ကမ္းလွမ္းမႈမ်ိဳး ျပဳလုပ္ဖို႔ ျပင္ဆင္ေနျပီး ယူနိုက္တက္ လက္ခံနုိင္မလားလည္း ေစာင့္ၾကည့္ရဖို႔ ရွိေနပါတယ္။ အေျပာင္းအေရႊ႕ ျဖစ္လာဖို႔ အဓိက အခ်က္ေတြထဲ ဆန္းခ်က္ရဲ႕ လက္ရွိ လစာ ကေန ေလွ်ာ့ယူဖို႔ကေတာ့ အေရးၾကီး တစ္ခ်က္ အေနနဲ႕ ပါ၀င္ေနဆဲ ျဖစ္ပါတယ္။