ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ ဂိုးသမား ကီပါကို ချန်လှပ်ခဲ့တဲ့ အကြောင်း လမ်းပတ် ရှင်းလင်း

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ဒီရာသီရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲ ဝုဗ်နဲ့ ပွဲမှာ ပွဲထွက် ဂိုးသမား ကီပါ ကို ချန်လှပ်ခဲ့တဲ့ အကြောင်း ပွဲအပြီးမှာ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ ထိုပွဲမှာ ချယ်ဆီးက ဝုဗ်ကို ၂-၀ နဲ့ သက်တောင့်သက်သာ အနိုင်ယူကာ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အရယူနိုင်ခဲ့ပါတယ်။

ဝုဗ်နဲ့ ရင်ဆိုင်မယ့် ပွဲထွက် လူစာရင်းမှာ လမ်းပတ်က အရင် လီဗာပူးနဲ့ပွဲက လူစာရင်းကနေ နှစ်နေရာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး လိုအပ်တဲ့ အနိုင်သုံးမှတ်ပြည့် ယူခဲ့တာ ဖြစ်ပါတယ်။ ညက ပွဲမှာ ကီပါနဲ့ ဝီလီယံကို ချန်ခဲ့ပြီး လမ်းပတ်က ကာဘယ်လာရိုနဲ့ ပူလီဆစ်တို့ကို ပွဲထွက် ကစားစေခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် လမ်းပတ်ဟာ ကီပါကို လုံး၀ မျက်ကွယ်ပြုလိုက်ပြီလား မေးခွန်းထုတ်မှုတွေ ရှိခဲ့ပြီး ဒီအတွက် အင်္ဂလန်သားက ဖြေကြားမှု ပြုလုပ်ခဲ့ပါတယ်။

” ဒါက ပုံမှန်လို လုပ်ရိုးလုပ်စဉ် ရွေးချယ်မှု တစ်ခုပါပဲ။ လောလောဆယ် ကီပါက ခက်ခဲတဲ့ ကာလ ရင်ဆိုင်နေရတယ်။ ဒါကြောင့် ဝီလီ (ကာဘယ်လာရို) ကို ကစားစေတာပါ။ ” လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။

” ဒီပွဲမှာ နှစ်သင်းလုံးက အနိုင် ရချင်ကြတယ်။ သူတို့ကလည်း ဘောလုံးရာသီကောင်း ပိုင်ဆိုင်ထားပြီး ဒီပွဲကနေ ယူရိုပါလိဂ် ဝင် မဝင် စောင့်ကြည့်ဖို့ ရှိနေတာပါ။ ဝုဗ်က တကယ့် အသင်းကောင်းပါ အခုဆို ဘောလုံးရာသီကောင်း နှစ်ခုဆက် သူတို့ ရထားတယ်။ ဒါကြောင့် သူတို့ကို ရင်ဆိုင်ဖို့ ကျနော် အကောင်းဆုံး သေချာ ပြင်ဆင်လာခဲ့တာပါ။ ” လို့ လမ်းပတ်က ပြိုင်ဘက် အသင်းအကြောင်းလည်း ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကစားသမားဟောင်း ဂျင်မီရက်နပ်ကတော့ ကီပါကို ချန်လှပ်ခဲ့တဲ့ လမ်းပတ်ရဲ့ ဆုံးဖြတ်ချက် အပေါ် မအံ့သြမိကြောင်းနဲ့ ဒီရာသီ စပိန်သား ပေးဂိုးက အများအပြားကို ရှိခဲ့တယ်လို့ သုံးသပ် ပြောကြားခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က ဒီရာသီရဲ႕ ပရီးမီးယားလိဂ္ ေနာက္ဆံုးပြဲ ၀ုဗ္နဲ႕ ပြဲမွာ ပြဲထြက္ ဂိုးသမား ကီပါ ကို ခ်န္လွပ္ခဲ့တဲ့ အေၾကာင္း ပြဲအျပီးမွာ ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။ ထိုပြဲမွာ ခ်ယ္ဆီးက ၀ုဗ္ကို ၂-၀ နဲ႕ သက္ေတာင့္သက္သာ အနုိင္ယူကာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အရယူနုိင္ခဲ့ပါတယ္။

၀ုဗ္နဲ႕ ရင္ဆုိင္မယ့္ ပြဲထြက္ လူစာရင္းမွာ လမ္းပတ္က အရင္ လီဗာပူးနဲ႕ပြဲက လူစာရင္းကေန နွစ္ေနရာ အေျပာင္းအလဲ ျပဳလုပ္ခဲ့ျပီး လိုအပ္တဲ့ အနုိင္သံုးမွတ္ျပည့္ ယူခဲ့တာ ျဖစ္ပါတယ္။ ညက ပြဲမွာ ကီပါနဲ႕ ၀ီလီယံကို ခ်န္ခဲ့ျပီး လမ္းပတ္က ကာဘယ္လာရိုနဲ႕ ပူလီဆစ္တို႔ကို ပြဲထြက္ ကစားေစခဲ့ပါတယ္။

ဒီဆံုးျဖတ္ခ်က္ေၾကာင့္ လမ္းပတ္ဟာ ကီပါကို လံုး၀ မ်က္ကြယ္ျပဳလုိုုက္ျပီလား ေမးခြန္းထုတ္မႈေတြ ရွိခဲ့ျပီး ဒီအတြက္ အဂၤလန္သားက ေျဖၾကားမႈ ျပဳလုပ္ခဲ့ပါတယ္။

” ဒါက ပံုမွန္လို လုပ္ရုိုးလုပ္စဥ္ ေရြးခ်ယ္မႈ တစ္ခုပါပဲ။ ေလာေလာဆယ္ ကီပါက ခက္ခဲတဲ့ ကာလ ရင္ဆိုင္ေနရတယ္။ ဒါေၾကာင့္ ၀ီလီ (ကာဘယ္လာရို) ကို ကစားေစတာပါ။ ” လို႔ လမ္းပတ္က ဆိုခဲ့ပါတယ္။

” ဒီပြဲမွာ နွစ္သင္းလံုးက အနိုင္ ရခ်င္ၾကတယ္။ သူတို႔ကလည္း ေဘာလံုးရာသီေကာင္း ပိုင္ဆိုင္ထားျပီး ဒီပြဲကေန ယူရိုပါလိဂ္ ၀င္ မ၀င္ ေစာင့္ၾကည့္ဖို႔ ရွိေနတာပါ။ ၀ုဗ္က တကယ့္ အသင္းေကာင္းပါ အခုဆို ေဘာလံုးရာသီေကာင္း နွစ္ခုဆက္ သူတို႔ ရထားတယ္။ ဒါေၾကာင့္ သူတို႔ကို ရင္ဆုိင္ဖို႔ က်ေနာ္ အေကာင္းဆံုး ေသခ်ာ ျပင္ဆင္လာခဲ့တာပါ။ ” လို႔ လမ္းပတ္က ျပိဳင္ဘက္ အသင္းအေၾကာင္းလည္း ဆိုခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ကစားသမားေဟာင္း ဂ်င္မီရက္နပ္ကေတာ့ ကီပါကို ခ်န္လွပ္ခဲ့တဲ့ လမ္းပတ္ရဲ႕ ဆံုးျဖတ္ခ်က္ အေပၚ မအံ့ၾသမိေၾကာင္းနဲ႕ ဒီရာသီ စပိန္သား ေပးဂိုးက အမ်ားအျပားကို ရွိခဲ့တယ္လို႔ သံုးသပ္ ေျပာၾကားခဲ့ပါတယ္။