ယူရိုပါလိဂ်ကို မနှိမ့်ချလိုပေမယ့် ယူနိုက်တက်က အဲဒီထက် ပိုတဲ့အဆင့်နဲ့ ထိုက်တန်တယ်လို့ ဖာနန်ဒက်စ် ပြောဆို

ယူနိုက်တက် ဟာ အဆင့် ၃ နဲ့ ရာသီသိမ်းခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့ပြီးနောက် ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ် က ဥရောပ ထိပ်သီး ပြိုင်ပွဲဟာ အသင်းနဲ့ ထိုက်တန်တဲ့ နေရာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ပေါ်တူဂီသားဟာ အဓိက ဆုဖလားတွေ ယူဆောင်ပေးဖို့ ပစ်မှတ်ထားနေပြီး ယူရိုပါလိဂ် ပြိုင်ပွဲကို နှိမ့်ချ ပြောလိုခြင်း မရှိပေမယ့် ထိုထက်ပိုမြင့်တဲ့ အဆင့်နဲ့ ပြိုင်ပွဲမှာ ယူနိုက်တက် ရှိသင့်ကြောင်း ဆိုခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ဇန်နဝါရီမှာ မန်ချက်စတာကလပ်ထံ ရောက်လာပြီးနောက် အသင်းကို သိသာစွာ တိုးတက်ပြောင်းလဲစေခဲ့ပါတယ်။ ယူနိုက်တက် ဟာ ရာသီအစောပိုင်းမှာ ရလဒ်တွေ မကောင်းမွန်ခဲ့ပေမယ့် ရာသီဝက် နောက်ပိုင်းမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာခဲ့ကာ ချန်ပီယံလိဂ် ဝင်ခွင့်ပါ ပိုင်နိုင်စွာ ရှိခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဝင်ခွင့် ရရှိပြီး နောက်ရာသီ အတွက် ပျော်ရွှင်တက်ကြွနေတဲ့ ဘရူနို ဖာနန်ဒက်စ်ကတော့ သူ့ အမြင်ကို ထုတ်ဖော် ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။

” ချန်ပီယံလိဂ်မှာ ကစားခွင့်ရတာက အမြဲတမ်း စပါယ်ရှယ်ပါပဲ။ ကျနော်တို့ ပရိသတ်တွေနဲ့ အတူ ဒီပြိုင်ပွဲမှာ ပျော်ရွှင်ရဖို့ မျှော်လင့်ပါတယ်။ ဒါဆို ပို ထူးရှယ် ဖြစ်မှာပေါ့။ ကျနော်တို့ က အကောင်းဆုံး ပွဲတွေမှာ၊ ဥရောပ အကောင်းဆုံး ပြိုင်ပွဲမှာ ပါဝင်ခွင့် ရဖို့ ထိုက်တန်ပါတယ်။ ဒီလို ပြောလို့ ယူရိုပါလိဂ်ကို နှိမ်ချ ပြောဆိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲ က အကောင်းဆုံး ဆိုတာ လူတိုင်း သိကြပါတယ်။ ” လို့ ဖာနန်ဒက်စ် က ပြောဆိုပါတယ်။

နောက်ဆုံးပွဲစဉ်မှာ လက်စတာကို အနိုင်ယူပြီး လိုချင်တဲ့ ရလဒ် ပုံဖော်နိုင်ခဲ့တဲ့ အပေါ်လည်း ဖာနန်ဒက်စ် က – ” ကျနော်တို့ နေလို့ ထိုင်လို့ သိပ်ကောင်းတာပေါ့။ ဒါတွေက ကျနော် ဖြစ်ချင်တဲ့ အတိုင်း ဖြစ်လာခဲ့တာပဲ။ ကျနေ်ာတို့ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ လေ့ကျင့်ခဲ့ကြတယ်။ ” လို့ ဆိုခဲ့ပါတယ်။

Zawgyi – ယူနုိက္တက္ ဟာ အဆင့္ ၃ နဲ႕ ရာသီသိမ္းခဲ့ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရခဲ့ျပီးေနာက္ ယူနိုက္တက္ ကြင္းလယ္ကစားသမား ဘရူနို ဖာနန္ဒက္စ္ က ဥေရာပ ထိပ္သီး ျပိဳင္ပြဲဟာ အသင္းနဲ႕ ထိုက္တန္တဲ့ ေနရာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ေပၚတူဂီသားဟာ အဓိက ဆုဖလားေတြ ယူေဆာင္ေပးဖို႔ ပစ္မွတ္ထားေနျပီး ယူရိုပါလိဂ္ ျပိဳင္ပြဲကို နွိမ့္ခ် ေျပာလိုျခင္း မရွိေပမယ့္ ထိုထက္ပိုျမင့္တဲ့ အဆင့္နဲ႕ ျပိဳင္ပြဲမွာ ယူနိုက္တက္ ရွိသင့္ေၾကာင္း ဆိုခဲ့ပါတယ္။

ဖာနန္ဒက္စ္ဟာ ဇန္န၀ါရီမွာ မန္ခ်က္စတာကလပ္ထံ ေရာက္လာျပီးေနာက္ အသင္းကို သိသာစြာ တိုးတက္ေျပာင္းလဲေစခဲ့ပါတယ္။ ယူနိုက္တက္ ဟာ ရာသီအေစာပိုင္းမွာ ရလဒ္ေတြ မေကာင္းမြန္ခဲ့ေပမယ့္ ရာသီ၀က္ ေနာက္ပိုင္းမွာ သိသိသာသာ တိုးတက္လာခဲ့ျပီး လမ္းေၾကာင္းမွန္ေပၚ ေရာက္ရွိလာခဲ့ကာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ပါ ပိုင္နုိင္စြာ ရွိခဲ့တာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရရွိျပီး ေနာက္ရာသီ အတြက္ ေပ်ာ္ရႊင္တက္ၾကြေနတဲ့ ဘရူနို ဖာနန္ဒက္စ္ကေတာ့ သူ႔ အျမင္ကို ထုတ္ေဖာ္ ေျပာဆိုမႈ ျပဳလုပ္ခဲ့ပါတယ္။

” ခ်န္ပီယံလိဂ္မွာ ကစားခြင့္ရတာက အျမဲတမ္း စပါယ္ရွယ္ပါပဲ။ က်ေနာ္တို႔ ပရိသတ္ေတြနဲ႕ အတူ ဒီျပိဳင္ပြဲမွာ ေပ်ာ္ရႊင္ရဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒါဆို ပို ထူးရွယ္ ျဖစ္မွာေပါ့။ က်ေနာ္တို႔ က အေကာင္းဆံုး ပြဲေတြမွာ၊ ဥေရာပ အေကာင္းဆံုး ျပိဳင္ပြဲမွာ ပါ၀င္ခြင့္ ရဖို႔ ထိုက္တန္ပါတယ္။ ဒီလို ေျပာလို႔ ယူရိုပါလိဂ္ကို နွိမ္ခ် ေျပာဆိုတာ မဟုတ္ပါဘူး။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ က အေကာင္းဆံုး ဆိုတာ လူတိုင္း သိၾကပါတယ္။ ” လို႔ ဖာနန္ဒက္စ္ က ေျပာဆိုပါတယ္။

ေနာက္ဆံုးပြဲစဥ္မွာ လက္စတာကို အနုိင္ယူျပီး လိုခ်င္တဲ့ ရလဒ္ ပံုေဖာ္နုိင္ခဲ့တဲ့ အေပၚလည္း ဖာနန္ဒက္စ္ က – ” က်ေနာ္တို႔ ေနလို႔ ထိုင္လို႔ သိပ္ေကာင္းတာေပါ့။ ဒါေတြက က်ေနာ္ ျဖစ္ခ်င္တဲ့ အတိုင္း ျဖစ္လာခဲ့တာပဲ။ က်ေန္ာတို႔ ၾကိဳးၾကိဳးစားစား အလုပ္လုပ္ခဲ့ ေလ့က်င့္ခဲ့ၾကတယ္။ ” လို႔ ဆိုခဲ့ပါတယ္။