လန်ဒန်မြို့ခံ နှစ်သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်ဆီးအသင်းတို့ဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်မှာ တွေ့ဆုံနေပြီး စနေနေ့ ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။
ပွဲချိန်ကတော့ လာမယ့် စနေနေ့ ည ၁၁း၀၀ နာရီ အချိန်မှာ ဖြစ်ပြီး ဒီပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” အက်ဖ်အေဖလား ဗိုလ်လုပွဲက ဒီစနေမှာ ကစားကြတော့မှာပါ။ ကမ္ဘာ့ အရှည်ကြာဆုံး ပြိုင်ပွဲ တစ်ပွဲ ဖြစ်တဲ့ ဒီပြိုင်ပွဲ နဲ့ ပတ်သတ်ပြီး ကျနော့်မှာ အမှတ်တရကောင်းတွေ ရှိပါတယ်။ ငယ်ငယ် ကလေးဘ၀ ဘောလုံးပရိသတ် တုန်းကဆိုရင် ကျနော်တို့ မိသားစုလိုက် ပန်းခြံထဲ အကင်တွေ ပြင်ဆင် စားသောက်ရင်း ပွဲ မတိုင်ခင် စုရုံးခဲ့ကြတာပါ။ ဘောလုံးသမား ဘဝမှာတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲထက် ပိုခမ်းနားတဲ့ နေ့ရက်တွေ မရှိလှပါဘူး။
ဘောလုံးသမား တစ်ယောက် အနေနဲ့ အမှတ်တရဆိုရင်တော့ ၂၀၀၁ အက်ဖ်အေဖလား ဗိုလ်လုပွဲ တုန်းက ဖြစ်တယ်။ အဲဒီတုန်းက ပွဲပြီးခါနီး နောက်ဆုံး ၈ မိနစ် အတွင်း ကျနော်က နှစ်ဂိုး သွင်းနိုင်ခဲ့ပြီး အာဆင်နယ်ကို ၂-၁ နဲ့ အနိုင်ယူခဲ့တယ်။ တကယ်လို့ ကျေနာ့် ဘဝမှာ တစ်ရက်သာ ပြန် ရွေးချယ် နေခွင့်ရမယ်ဆိုရင် အဲဒါက မေ ၁၂ ရက် ၂၀၀၁ အဲဒီပွဲနေ့ပါပဲ။ ကျနော့် စိတ်ကူးအိပ်မက်တွေ တကယ်ဖြစ်လာတဲ့ နေ့ပါ။
ဒီနှစ် ဗိုလ်လုပွဲမှာလည်း အာဆင်နယ်က လက်ရှိချန်ပီယံ မန်စီးတီးကို ဆီမီးဖိုင်နယ်မှာ အလဲထိုးပြီး တက်ရောက်လာခဲ့ပါတယ်။ သူတို့ကတော့ ဒီအက်ဖ်အေ ပြိုင်ပွဲမှာ စံချိန်တင် အများဆုံး ဗိုလ်စွဲထားတဲ့ အသင်း ပီပီ ၁၃ ခုမြောက်ဖလားကို အပိုင်သိမ်းဖို့ ပစ်မှတ်ထားနေမှာပါ။ အာဆင်နယ် မနေ်နေဂျာ အာတီတာ ကိုယ်တိုင်လည်း ကစားသမားဘ၀ အက်ဖ်အေဖလား ၂ ကြိမ် ဗီုလ်စွဲထားဖူးသူ ဖြစ်ပြီး စီးတီး လက်ထောက်နည်းပြ ဘ၀ အရင်နှစ်ကလည်း တစ်ကြိမ် ထပ်မံ ဗိုလ်စွဲထားပါတယ်။ ဒီတော့ အာတီတာက ဒီပြိုင်ပွဲနဲ့ သိပ်စိမ်းသူ မဟုတ်ပါဘူး။
ဒါပေမယ့် သူတို့လမ်းမှာ တားဆီးပိတ်ပင်နေတာက ချယ်ဆီးပါ။ ၂၀၁၈ တုန်းက ချန်ပီယံ ဖြစ်ထားတဲ့ ချယ်ဆီးအသင်းကလည်း သူတို့အတွက် ၉ ခုမြောက် အက်ဖ်အေဖလား ယူဖို့ ပစ်မှတ်ထားနေပြီး ဆီမီးဖိုင်နယ်မှာ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ယူ ကျော်ဖြတ်လာခဲ့တာပါ။ ထူးထူးခြားခြား အနေနဲ့ ဒီနှစ် အက်ဖ်အေဖလားဟာ ကလပ်အသင်းတွေနဲ့ ပွဲဦးထွက်ရာသီ စတင် ကိုင်တွယ်တဲ့ နည်းပြ နှစ်ဦးကို ဆုဖလား ရယူဖို့ အခွင့်အရေး ပေးသလို ဖြစ်လာပါတယ်။
ဒါက ချယ်ဆီးအတွက်လည်း ထူးခြားပါသေးတယ်။ ဖရန့်လမ်းပတ်ဟာ သူ့ရဲ့ အသင်းနဲ့ ပထမဆုံး ရာသီမှာတင် အက်ဖ်အေဖလား ဗိုလ်လုပွဲ တက်ခဲ့တာ ဖြြစ်ပြီး ချယ်ဆီးအသင်း သမိုင်းမှာ အက်ဖ်အေဖလား ဗိုလ်လုပွဲရောက် ၆ ဦးမြောက် မန်နေဂျာလည်း ဖြစ်လာပါတယ်။ အရင် သူတွေကတော့ ဟိုဒယ်၊ ဟစ်ဒင့်၊ အန်ဆယ်လော့တီ၊ ဒီမတ်တီယို၊ ကွန်တီတို့ ဖြစ်ပါတယ်။
ဖရန့်လမ်းပတ်ဟာ ဒီပြိုင်ပွဲမှာ ကစားသမား တစ်ယောက် အနေနဲ့ လေးကြိမ် ဗိုလ်စွဲထားခဲ့ပြီး နည်းပြ ဘဝမှာ ဒီဆုဖလား ယူတဲ့ မှတ်တမ်းကောင်း ဖြည့်ဆည်းဖို့ အသည်းအသန် ဆန္ဒရှိနေမှာပါ။ အမှတ်ရစရာ အဖြစ် ချယ်ဆီးနဲ့ အာဆင်နယ်တို့ ဒီပြိုင်ပွဲ ဗိုလ်လုပွဲ မှာ ဆုံခဲ့တာက လွန်ခဲ့တဲ့ သုံးနှစ်က ဖြစ်ပြီး ဆန်းချက်၊ ရမ်ဆေးတို့ သွင်းဂိုးတွေနဲ့ အာဆင်နယ်က ၂-၁ နဲ့ အနိုင်ယူခဲ့ပါတယ်။
ဒီတကြိမ်မှာတော့ ချယ်ဆီးက ပိုမို ကောင်းမွန်တဲ့ လူစာရင်း ပိုင်ဆိုင်ထားပြီး ပရီးမီးယားလိဂ်မှာလည်း နေရာကောင်း ရယူခဲ့ပါတယ်။ လတ်တလော အနေအထား အရ ချယ်ဆီး အသာစီး ရနိုင်တဲ့ အနေအထား ရှိနေပြီး ကျနော်ကတော့ ဖရန့်လမ်းပတ်ဟာ မန်နေဂျာ ဘ၀ ပထမဆုံး ဆုဖလား ရယူသွားနိုင်မယ် ထင်ပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။
မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၂-၁ အာဆင်နယ်ပဲ ဖြစ်ပါတယ်။
Zawgyi – လန္ဒန္ျမိဳ႔ခံ နွစ္သင္း ျဖစ္တဲ့ အာဆင္နယ္နဲ႕ ခ်ယ္ဆီးအသင္းတို႔ဟာ အက္ဖ္ေအဖလား ဗိုလ္လုပြဲစဥ္မွာ ေတြ႔ဆံုေနျပီး စေနေန႔ ၀င္ဘာေလကြင္းမွာ ယွဥ္ျပိဳင္ ကစားၾကေတာ့မွာ ျဖစ္ပါတယ္။
ပြဲခ်ိန္ကေတာ့ လာမယ့္ စေနေန႔ ည ၁၁း၀၀ နာရီ အခ်ိန္မွာ ျဖစ္ျပီး ဒီပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
” အက္ဖ္ေအဖလား ဗိုလ္လုပြဲက ဒီစေနမွာ ကစားၾကေတာ့မွာပါ။ ကမၻာ့ အရွည္ၾကာဆံုး ျပိဳင္ပြဲ တစ္ပြဲ ျဖစ္တဲ့ ဒီျပိဳင္ပြဲ နဲ႕ ပတ္သတ္ျပီး က်ေနာ့္မွာ အမွတ္တရေကာင္းေတြ ရွိပါတယ္။ ငယ္ငယ္ ကေလးဘ၀ ေဘာလံုးပရိသတ္ တုန္းကဆိုရင္ က်ေနာ္တို႔ မိသားစုလိုက္ ပန္းျခံထဲ အကင္ေတြ ျပင္ဆင္ စားေသာက္ရင္း ပြဲ မတိုင္ခင္ စုရံုးခဲ့ၾကတာပါ။ ေဘာလံုးသမား ဘ၀မွာေတာ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲထက္ ပိုခမ္းနားတဲ့ ေန႔ရက္ေတြ မရွိလွပါဘူး။
ေဘာလံုးသမား တစ္ေယာက္ အေနနဲ႕ အမွတ္တရဆိုရင္ေတာ့ ၂၀၀၁ အက္ဖ္ေအဖလား ဗိုလ္လုပြဲ တုန္းက ျဖစ္တယ္။ အဲဒီတုန္းက ပြဲျပီးခါနီး ေနာက္ဆံုး ၈ မိနစ္ အတြင္း က်ေနာ္က နွစ္ဂိုး သြင္းနုိင္ခဲ့ျပီး အာဆင္နယ္ကို ၂-၁ နဲ႕ အနိုင္ယူခဲ့တယ္။ တကယ္လို႔ ကေ်နာ့္ ဘ၀မွာ တစ္ရက္သာ ျပန္ ေရြးခ်ယ္ ေနခြင့္ရမယ္ဆိုရင္ အဲဒါက ေမ ၁၂ ရက္ ၂၀၀၁ အဲဒီပြဲေန႔ပါပဲ။ က်ေနာ့္ စိတ္ကူးအိပ္မက္ေတြ တကယ္ျဖစ္လာတဲ့ ေန႔ပါ။
ဒီနွစ္ ဗိုလ္လုပြဲမွာလည္း အာဆင္နယ္က လက္ရွိခ်န္ပီယံ မန္စီးတီးကို ဆီမီးဖိုင္နယ္မွာ အလဲထိုးျပီး တက္ေရာက္လာခဲ့ပါတယ္။ သူတို႔ကေတာ့ ဒီအက္ဖ္ေအ ျပိဳင္ပြဲမွာ စံခ်ိန္တင္ အမ်ားဆံုး ဗိုလ္စြဲထားတဲ့ အသင္း ပီပီ ၁၃ ခုေျမာက္ဖလားကို အပိုင္သိမ္းဖို႔ ပစ္မွတ္ထားေနမွာပါ။ အာဆင္နယ္ မနေ္ေနဂ်ာ အာတီတာ ကိုယ္တိုင္လည္း ကစားသမားဘ၀ အက္ဖ္ေအဖလား ၂ ၾကိမ္ ဗီုလ္စြဲထားဖူးသူ ျဖစ္ျပီး စီးတီး လက္ေထာက္နည္းျပ ဘ၀ အရင္နွစ္ကလည္း တစ္ၾကိမ္ ထပ္မံ ဗိုလ္စြဲထားပါတယ္။ ဒီေတာ့ အာတီတာက ဒီျပိဳင္ပြဲနဲ႕ သိပ္စိမ္းသူ မဟုတ္ပါဘူး။
ဒါေပမယ့္ သူတို႔လမ္းမွာ တားဆီးပိတ္ပင္ေနတာက ခ်ယ္ဆီးပါ။ ၂၀၁၈ တုန္းက ခ်န္ပီယံ ျဖစ္ထားတဲ့ ခ်ယ္ဆီးအသင္းကလည္း သူတို႔အတြက္ ၉ ခုေျမာက္ အက္ဖ္ေအဖလား ယူဖို႔ ပစ္မွတ္ထားေနျပီး ဆီမီးဖိုင္နယ္္မွာ မန္ခ်က္စတာ ယူနိုက္တက္ကို အနုိင္ယူ ေက်ာ္ျဖတ္လာခဲ့တာပါ။ ထူးထူးျခားျခား အေနနဲ႕ ဒီနွစ္ အက္ဖ္ေအဖလားဟာ ကလပ္အသင္းေတြနဲ႕ ပြဲဦးထြက္ရာသီ စတင္ ကိုင္တြယ္တဲ့ နည္းျပ နွစ္ဦးကို ဆုဖလား ရယူဖို႔ အခြင့္အေရး ေပးသလို ျဖစ္လာပါတယ္။
ဒါက ခ်ယ္ဆီးအတြက္လည္း ထူးျခားပါေသးတယ္။ ဖရန္႔လမ္းပတ္ဟာ သူ႔ရဲ႕ အသင္းနဲ႕ ပထမဆံုး ရာသီမွာတင္ အက္ဖ္ေအဖလား ဗိုလ္လုပြဲ တက္ခဲ့တာ ျဖျစ္ျပီး ခ်ယ္ဆီးအသင္း သမိုင္းမွာ အက္ဖ္ေအဖလား ဗိုလ္လုပြဲေရာက္ ၆ ဦးေျမာက္ မန္ေနဂ်ာလည္း ျဖစ္လာပါတယ္။ အရင္ သူေတြကေတာ့ ဟိုဒယ္၊ ဟစ္ဒင့္၊ အန္ဆယ္ေလာ့တီ၊ ဒီမတ္တီယို၊ ကြန္တီတို႔ ျဖစ္ပါတယ္။
ဖရန္႔လမ္းပတ္ဟာ ဒီျပိဳင္ပြဲမွာ ကစားသမား တစ္ေယာက္ အေနနဲ႕ ေလးၾကိမ္ ဗိုလ္စြဲထားခဲ့ျပီး နည္းျပ ဘ၀မွာ ဒီဆုဖလား ယူတဲ့ မွတ္တမ္းေကာင္း ျဖည့္ဆည္းဖို႔ အသည္းအသန္ ဆႏၵရွိေနမွာပါ။ အမွတ္ရစရာ အျဖစ္ ခ်ယ္ဆီးနဲ႕ အာဆင္နယ္တို႔ ဒီျပိဳင္ပြဲ ဗိုလ္လုပြဲ မွာ ဆံုခဲ့တာက လြန္ခဲ့တဲ့ သံုးနွစ္က ျဖစ္ျပီး ဆန္းခ်က္၊ ရမ္ေဆးတို႔ သြင္းဂိုးေတြနဲ႕ အာဆင္နယ္က ၂-၁ နဲ႕ အနုိင္ယူခဲ့ပါတယ္။
ဒီတၾကိမ္မွာေတာ့ ခ်ယ္ဆီးက ပိုမို ေကာင္းမြန္တဲ့ လူစာရင္း ပိုင္ဆိုင္ထားျပီး ပရီးမီးယားလိဂ္မွာလည္း ေနရာေကာင္း ရယူခဲ့ပါတယ္။ လတ္တေလာ အေနအထား အရ ခ်ယ္ဆီး အသာစီး ရနုိင္တဲ့ အေနအထား ရွိေနျပီး က်ေနာ္ကေတာ့ ဖရန္႔လမ္းပတ္ဟာ မန္ေနဂ်ာ ဘ၀ ပထမဆံုး ဆုဖလား ရယူသြားနိုင္မယ္ ထင္ပါတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။
မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ ခ်ယ္ဆီး ၂-၁ အာဆင္နယ္ပဲ ျဖစ္ပါတယ္။