FA ဗိုလ်လုပွဲမှ ဒိုင်လူကြီး အန်သိုနီ တေလာ ဆုံးဖြတ်ချက်ကို မကျေနပ်သူတွေထဲ ဂျွန်တယ်ရီလည်း ပါဝင်

ချယ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဖြစ်တဲ့ ဂျွန်တယ်ရီဟာ ညက အက်ဖ်အေဖလား ဗိုလ်လုပွဲမှ ဒိုင်လူကြီး အန်သိုနီ တေလာရဲ့ အဆုံးအဖြတ်နဲ့ လုပ်ရပ်တွေကို သဘောမကျသူတွေထဲ ပါဝင်ပါတယ်။ အာဆင်နယ် ၂-၁ နဲ့ နိုင်ပြီး ဖလားရသွားတဲ့ ထိုပွဲ အပြီးမှာ ဒိုင်လူကြီး တေလာကို ဝေဖန်မှုတွေ များစွာ ရှိခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ပူလီဆစ် သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချယ်ဆီးအသင်းခေါင်းဆောင် ကွီတာက အူဘာမီးယန်းကို ဧရိယာထဲ ဆွဲလှဲခဲ့တာ အတွက် ပင်နယ်တီ ပြစ်ဒဏ်ဘော ပေးလိုက်ရတာကနေ ချေပဂိုး ပြန်လည် ပေးခဲ့ရပါတယ်။ ပထမပိုင်း အပြီးမှာ ၁-၁ သရေရလဒ်နဲ့ အပြိုင် ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်း ပွဲချိန် ၇၃ မိနစ်မှာတော့ အလှည့်အပြောင်း ဖြစ်ရပ် ဖြစ်လာခဲ့ပြီး ချယ်ဆီးကွင်းလယ် ကိုဗာဆစ်ဟာ ဂန်းနား ကွင်းလယ် ဇာခါကို ဖြတ်ထုတ်တဲ့ အပေါ် အဝါကတ် ပြသခံခဲ့ရပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ထို ဆုံးဖြတ်ချက်ကို တယ်ရီက အမျက်ထွက်နေပြီး အင်စတာဂရမ်မှာ ရေးသား ဖော်ပြသွားခဲ့ပါတယ်။

” ဒါက လုံး၀ ဒုတိယ အဝါကတ် မဖြစ်သင့်ဘူး။ ပြီးတော့ ဒုတိယဂိုး ပေးလိုက်ရတဲ့ အချိန်မှာလည်း ပြစ်ဒဏ်ဘောက ကျူးလွန်ခံရသေးတယ်။ ” လို့ တယ်ရီက ဆိုထားခဲ့ပါတယ်။

ကိုဗာဆစ်ရဲ့ ဒုတိယ အဝါကတ်နဲ့ပတ်သတ်ပြီး ချယ်ဆီးနည်းပြ လမ်းပတ်ကလည်း လက်မခံလိုခဲ့ဘဲ VAR နဲ့ ပြန်ကြည့် စိစစ်ခဲ့သင့်ကြောင်း ပွဲအပြီးမှာ ဆိုခဲ့ပါသေးတယ်။

ပွဲထဲမှာ ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန် ချနိုင်ဖို့ VAR ကို တတ်နိုင်သမျှ များများ သုံးသင့်ကြောင်းနဲ့ နည်းပြတွေ အနေနဲ့က ဘေးစည်းလိုင်းကနေ အော်ဟစ် စောဒက တက်ရုံကလွဲပြီး ဒီလိုကိစ္စတွေမှာ ဘာမှ မလုပ်နိုင်ကြောင်းလည်း လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းေခါင္းေဆာင္ေဟာင္း ျဖစ္တဲ့ ဂၽြန္တယ္ရီဟာ ညက အက္ဖ္ေအဖလား ဗိုလ္လုပြဲမွ ဒိုင္လူၾကီး အန္သိုနီ ေတလာရဲ႕ အဆံုးအျဖတ္နဲ႕ လုပ္ရပ္ေတြကို သေဘာမက်သူေတြထဲ ပါ၀င္ပါတယ္။ အာဆင္နယ္ ၂-၁ နဲ႕ နိုင္ျပီး ဖလားရသြားတဲ့ ထိုပြဲ အျပီးမွာ ဒိုင္လူၾကီး ေတလာကို ေ၀ဖန္မႈေတြ မ်ားစြာ ရွိခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ပူလီဆစ္ သြင္းဂိုးနဲ႕ ဦးေဆာင္နုိင္ခဲ့ေပမယ့္ ခ်ယ္ဆီးအသင္းေခါင္းေဆာင္ ကြီတာက အူဘာမီးယန္းကို ဧရိယာထဲ ဆြဲလွဲခဲ့တာ အတြက္ ပင္နယ္တီ ျပစ္ဒဏ္ေဘာ ေပးလိုက္ရတာကေန ေခ်ပဂိုး ျပန္လည္ ေပးခဲ့ရပါတယ္။ ပထမပိုင္း အျပီးမွာ ၁-၁ သေရရလဒ္နဲ႕ အျပိဳင္ ျဖစ္ေနခဲ့ပါတယ္။

ဒါေပမယ့္ ဒုတိယပိုင္း ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ အလွည့္အေျပာင္း ျဖစ္ရပ္ ျဖစ္လာခဲ့ျပီး ခ်ယ္ဆီးကြင္းလယ္ ကိုဗာဆစ္ဟာ ဂန္းနား ကြင္းလယ္ ဇာခါကို ျဖတ္ထုတ္တဲ့ အေပၚ အ၀ါကတ္ ျပသခံခဲ့ရျပီး နွစ္၀ါတစ္နီနဲ႕ ထုတ္ပယ္ခံခဲ့ရပါတယ္။ ထို ဆံုးျဖတ္ခ်က္ကို တယ္ရီက အမ်က္ထြက္ေနျပီး အင္စတာဂရမ္မွာ ေရးသား ေဖာ္ျပသြားခဲ့ပါတယ္။

” ဒါက လံုး၀ ဒုတိယ အ၀ါကတ္ မျဖစ္သင့္ဘူး။ ျပီးေတာ့ ဒုတိယဂိုး ေပးလိုက္ရတဲ့ အခ်ိန္မွာလည္း ျပစ္ဒဏ္ေဘာက က်ဴးလြန္ခံရေသးတယ္။ ” လို႔ တယ္ရီက ဆိုထားခဲ့ပါတယ္။

ကိုဗာဆစ္ရဲ႕ ဒုတိယ အ၀ါကတ္နဲ႕ပတ္သတ္ျပီး ခ်ယ္ဆီးနည္းျပ လမ္းပတ္ကလည္း လက္မခံလိုခဲ့ဘဲ VAR နဲ႕ ျပန္ၾကည့္ စိစစ္ခဲ့သင့္ေၾကာင္း ပြဲအျပီးမွာ ဆိုခဲ့ပါေသးတယ္။

ပြဲထဲမွာ ဆံုးျဖတ္ခ်က္ေတြ မွန္မွန္ကန္ကန္ ခ်နုိင္ဖို႔ VAR ကို တတ္နုိင္သမွ် မ်ားမ်ား သံုးသင့္ေၾကာင္းနဲ႕ နည္းျပေတြ အေနနဲ႕က ေဘးစည္းလိုင္းကေန ေအာ္ဟစ္ ေစာဒက တက္ရံုကလြဲျပီး ဒီလိုကိစၥေတြမွာ ဘာမွ မလုပ္နုိင္ေၾကာင္းလည္း လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။