ဒီဂီယာ နေရာ အစားထိုးဖို့ ပရီးမီးယားလိဂ် ဂိုးသမားတစ်ဦးကို ယူနိုက်တက် အံ့အားသင့်ဖွယ် ချိန်ရွယ်လာ

မန်ချက်စတာ ယူနိုက်တက်ဟာ လက်စွမ်းတည်ငြိမ်မှု နည်းလာတဲ့ ဂိုးသမား ဒီဂီယာ နေရာ အစားထိုးဖို့ ဂိုးသမား ရှာဖွေနေရာ လက်စတာ ကြယ်ပွင့် ကပ်စပါ ရှမိုက်ကယ်ကို အံ့အားသင့်ဖွယ် ချိန်ရွယ်လာကြောင်း အင်္ဂလန် သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။

ရှမိုက်ကယ်ဟာ ပရီးမီးယားလိဂ်မှာ အသားကျပြီးသား ဂိုးသမား တစ်ဦး ဖြစ်တာကြောင့် ဒီဂီယာ နေရာ အရန်သင့် အစားဝင်နိုင်မယ့် သူလည်း ဖြစ်ပါတယ်။ အငှားချထားတဲ့ ဒင်း ဟန်ဒါဆန် ကတော့ အတွေ့အကြုံအားဖြင့် နုနယ်သေးတာကြောင့် ယူနိုက်တက်က နေရာပေးဖို့ စဉ်းစားနေဆဲ ဆိုရမှာပါ။

ကပ်စပါ ရှမိုက်ကယ်ဟာ ယူနိုက်တက် ဂန္တဝင် ဂိုးသမားကြီး ပီတာ ရှမိုက်ကယ်ရဲ့ သားလည်း ဖြစ်ပါတယ်။ ကပ်စပါ ရှမိုက်ကယ် ရဲ့ လက်ရှိ စာချုပ်ကတော့ လက်စတာနဲ့ သုံးနှစ်တောင် ကျန်ရှိနေပါသေးတယ်။

၂၀၁၆ က လက်စတာနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ရှမိုက်ကယ်ဟာ အသက် ၃၃ နှစ် ရှိပြီ ဖြစ်ပေမယ့် ယူနိုက်တက် အလိုရှိတဲ့ အက်သလက်တီကို မက်ဒရစ် ဂိုးသမား ဂျန် အော့ဘလက်ထက် စာရင်တော့ ဈေးသက်သာမှာ ဖြစ်ပါတယ်။ အော့ဘလက် စာချုပ် ဖျက်သိမ်းကြေးက ပေါင် ၁၀၉ သန်း ရှီပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ဒီဂီယာ လက်စွမ်းကျချိန်မှာ ရှက်ဖီးမှာ အငှားချထားတဲ့ ဒင်း ဟန်ဒါဆန် ကို ပြန်ခေါ် နေရာပေးဖို့လည်း သံသယ ရှိနေတာကြောင့် စပိန်သား နေရာ တန်းဝင် ကစားနိုင်မယ့် သဘာရှိ ဂိုးသမားမျိုး ရှာဖွေ နေပါတယ်။

ရှမိုက်ကယ်ကတော့ လက်စတာမှာ တည်ငြိမ်တဲ့ လက်စွမ်းတွေ နှစ်ကာလရှည်ကြာ ပြသထားပြီး ဒိန်းမတ် အသင်းမှာပါ ၇ နှစ်ကြာ ဂိုးပေါက်မှာ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ အရွယ်ရနေပြီ ဖြစ်တဲ့ ရှမိုက်ကယ်ဟာ ဆိုးရှား အတွက် ခေါ်ယူမှုကောင်း ဖြစ်လာနိုင်ပြီး အပတ်စဉ် စိတ်ပူနေရတဲ့ ပေးဂိုးတွေ အတွက် စိတ်ချနိုင်လောက်တဲ့သူ လို့ အင်္ဂလန်သတင်းဌာနတွေကတော့ သုံးသပ် ဖော်ပြနေပါတယ်။

Zawgyi – မန်ချက်စတာ ယူနိုက်တက်ဟာ လက်စွမ်းတည်ငြိမ်မှု နည်းလာတဲ့ ဂိုးသမား ဒီဂီယာ နေရာ အစားထိုးဖို့ ဂိုးသမား ရှာဖွေနေရာ လက်စတာ ကြယ်ပွင့် ကပ်စပါ ရှမိုက်ကယ်ကို အံ့အားသင့်ဖွယ် ချိန်ရွယ်လာကြောင်း အင်္ဂလန် သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။




