လမ်းပတ် အတွက် လူတွေက ဆင်ခြေတွေတောင် ဖန်တီးပေးနေကြတယ်လို့ ဒါရင်းဘန့် ထောက်ပြ

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်ကတော့ ချယ်ဆီးအသင်း ရှုံးပွဲ တွေ့ချိန်ဆို နည်းပြ လမ်းပတ် အတွက် လူတွေက ဆင်ခြေတွေတောင် ဖန်တီးပေးနေကြတယ်လို့ ထောက်ပြလိုက်ပြီး ဒီရာသီ ချယ်ဆီးမှာ လူငယ်သွေးသစ်တွေ လွှမ်းမိုးနေတယ် ဆိုတာက လမ်းပတ်ရဲ့ ကိုယ်ပိုင်လမ်းစဉ် အတိုင်း လုပ်ချင်လွန်းလို့ လုပ်နေတာ မဟုတ်ဘဲ အခြေအနေတွေ ကြောင့် လို့ သတိပေးလိုက်ပါတယ်။

ဒါ့အပြင် ဒါရင်းဘန့်က နောက်ရာသီဆိုရင် လမ်းပတ်က ငွေကြိုက်သလောက် သုံးပြီး ကစားသမားကောင်းတွေ ခေါ်ယူနိုင်နေပြီ ဖြစ်လို့ လူငယ် ကစားသမားတွေ အခုအတိုင်း ကစားခွင့်တွေ ရနေမယ် မျှော်လင့် မထားကြဖို့လည်း ပြောဆိုလိုက်ပါတယ်။

” လူတွေက ဖရန့်လမ်းပတ် ဒီရာသီ လုပ်ဆောင်ထားခဲ့တာတွေ အတွက် ချီးကျူးအားပေးနေကြတယ်။ သူက လူငယ်တွေကို ခေါ်ဆောင် နေရာပေးတယ်ပေါ့ ဒါပေမယ့် ဒါတွေက သူ့ အနေနဲ့ လုပ်ကို လုပ်ဖို့ ဖိအား ရှိနေလို့ပါ။ အခုလို (အသင်းရှုံးတဲ့) အချိန်ဆို လူတွေက ဒါကိုပဲ သူ့အတွက် ဆင်ခြေတွေ ဖန်တီးပေးကြတော့တာပဲ။

ဟုတ်ပါတယ် လမ်းပတ်က အကယ်ဒမီ ကစားသမားတွေကို အခွင့်အရေးပေးတယ် လူငယ်တွေကလည်း ကောင်းစွာ အသုံးချနိုင်တယ်။ ဒါပေမယ့် နောက်ရာသီကတော့ လုံး၀ ပြောင်းလဲ သွားလိမ့်မယ်လို့ ကျနော် ထင်တယ်။ သူတို့က အလိုရှိတဲ့ ကစားသမားတွေကို အကုန် ခေါ်နိုင်ဖို့ လုပ်တော့မှာ။ ဒီတော့ နောက်ရာသီ လူငယ်တွေ ဒီလိုပဲ နေရာ ရနေမယ် ထင်ကြလား။

အဲဒီအချိန်ကျရင် ကိုယ့်ဖိအားနဲ့ ကိုယ် ပြန်ဝင်ဦးမှာပဲ။ အသင်း အကြီးအကဲတွေက တစ်ခုခု ဆိုရင် ‘ဟာ အရင် ရာသီကတော့ မင်း လူငယ်တွေကို နေရာပေးခဲ့တယ် အခု ဘယ်ရောက်သွားပြီလဲ’ မေးကြလိမ့်မယ်။ ငွေစာရင်း ချက်စာအုပ်ကတော့ ဖွင့်ကို ပေးထားလိုက်တာပဲ။ အခုဆို သူ လိုချင်တဲ့ ကစားသမား ခေါ်လို့ရတယ်။ ဒီတော့ ဒီကစားသမားတွေ က ပွဲကစားခွင့် အကုန် ရနိုင်ကြမှာတဲ့လား။ ” လို့ ဒါရင်းဘန့်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

လမ်းပတ် စတင် ကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့ နွေမှာ ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ် ပြစ်ဒဏ် ခံယူထားရတာကြောင့် ဖရန့်လမ်းပတ်ဟာ အကယ်မီထွက် လူငယ် ကစားသမားတွေ ဖြစ်တဲ့ တမ်မီ အေဘရာဟမ်၊ မေဆန်မောင့်၊ တိုမိုရီ တို့ကို နေရာပေး ကစားစေခဲ့ပါတယ်။ မေဆန်မောင့် တစ်ယောက်တည်းကတင် ဒီရာသီ ချယ်ဆီး အသင်း အတွက် ပွဲ ၅၀ ပါဝင် ကစားခွင့် ရခဲ့ပါတယ်။

အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့တယ် ဆိုပေမယ့် လမ်းပတ်နဲ့ ချယ်ဆီး လူငယ်တွေဟာ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ ရအောင် ယူထားခဲ့ပြီး နောက်ရာသီ အတွက် တက်ကြွနေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါရင်းဘန့် ထောက်ပြခဲ့သလိုပဲ နောက်ရာသီမှာတော့ လမ်းပတ်က ခေါ်ယူထားတဲ့ ဇီယက်နဲ့ ဝါနာတို့ အပြင် အခြား ကစားသမားကောင်းတွေကိုလည်း လူငယ်တွေနဲ့ ပေါင်းစပ် နေရာပေးဖို့ စီမံရတော့မှာ ဖြစ်ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း ဒါရင္းဘန္႔ကေတာ့ ခ်ယ္ဆီးအသင္း ရွံဳးပြဲ ေတြ႔ခ်ိန္ဆို နည္းျပ လမ္းပတ္ အတြက္ လူေတြက ဆင္ေျခေတြေတာင္ ဖန္တီးေပးေနၾကတယ္လို႔ ေထာက္ျပလိုက္ျပီး ဒီရာသီ ခ်ယ္ဆီးမွာ လူငယ္ေသြးသစ္ေတြ လႊမ္းမိုးေနတယ္ ဆုိတာက လမ္းပတ္ရဲ႕ ကိုယ္ပိုင္လမ္းစဥ္ အတိုင္း လုပ္ခ်င္လြန္းလုိ႔ လုပ္ေနတာ မဟုတ္ဘဲ အေျခအေနေတြ ေၾကာင့္ လို႔ သတိေပးလိုက္ပါတယ္။

ဒါ့အျပင္ ဒါရင္းဘန္႔က ေနာက္ရာသီဆိုရင္ လမ္းပတ္က ေငြၾကိဳက္သေလာက္ သံုးျပီး ကစားသမားေကာင္းေတြ ေခၚယူနုိင္ေနျပီ ျဖစ္လို႔ လူငယ္ ကစားသမားေတြ အခုအတိုင္း ကစားခြင့္ေတြ ရေနမယ္ ေမွ်ာ္လင့္ မထားၾကဖို႔လည္း ေျပာဆိုလိုက္ပါတယ္။

” လူေတြက ဖရန္႔လမ္းပတ္ ဒီရာသီ လုပ္ေဆာင္ထားခဲ့တာေတြ အတြက္ ခ်ီးက်ဴးအားေပးေနၾကတယ္။ သူက လူငယ္ေတြကို ေခၚေဆာင္ ေနရာေပးတယ္ေပါ့ ဒါေပမယ့္ ဒါေတြက သူ႔ အေနနဲ႕ လုပ္ကို လုပ္ဖို႔ ဖိအား ရွိေနလို႔ပါ။ အခုလို (အသင္းရွံဳးတဲ့) အခ်ိန္ဆုိ လူေတြက ဒါကိုပဲ သူ႔အတြက္ ဆင္ေျခေတြ ဖန္တီးေပးၾကေတာ့တာပဲ။

ဟုတ္ပါတယ္ လမ္းပတ္က အကယ္ဒမီ ကစားသမားေတြကို အခြင့္အေရးေပးတယ္ လူငယ္ေတြကလည္း ေကာင္းစြာ အသံုးခ်နုိင္တယ္။ ဒါေပမယ့္ ေနာက္ရာသီကေတာ့ လံုး၀ ေျပာင္းလဲ သြားလိမ့္မယ္လို႔ က်ေနာ္ ထင္တယ္။ သူတို႔က အလိုရွိတဲ့ ကစားသမားေတြကို အကုန္ ေခၚနုိင္ဖို႔ လုပ္ေတာ့မွာ။ ဒီေတာ့ ေနာက္ရာသီ လူငယ္ေတြ ဒီလိုပဲ ေနရာ ရေနမယ္ ထင္ၾကလား။

အဲဒီအခ်ိန္က်ရင္ ကိုယ့္ဖိအားနဲ႕ ကိုယ္ ျပန္၀င္ဦးမွာပဲ။ အသင္း အၾကီးအကဲေတြက တစ္ခုခု ဆိုရင္ ‘ဟာ အရင္ ရာသီကေတာ့ မင္း လူငယ္ေတြကို ေနရာေပးခဲ့တယ္ အခု ဘယ္ေရာက္သြားျပီလဲ’ ေမးၾကလိမ့္မယ္။ ေငြစာရင္း ခ်က္စာအုပ္ကေတာ့ ဖြင့္ကို ေပးထားလိုက္တာပဲ။ အခုဆို သူ လိုခ်င္တဲ့ ကစားသမား ေခၚလို႔ရတယ္။ ဒီေတာ့ ဒီကစားသမားေတြ က ပြဲကစားခြင့္ အကုန္ ရနုိင္ၾကမွာတဲ့လား။ ” လို႔ ဒါရင္းဘန္႔က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

လမ္းပတ္ စတင္ ကိုင္တြယ္ခဲ့တဲ့ ျပီးခဲ့တဲ့ ေႏြမွာ ခ်ယ္ဆီးအသင္းဟာ အေျပာင္းအေရႊ႕ ပိတ္ ျပစ္ဒဏ္ ခံယူထားရတာေၾကာင့္ ဖရန္႔လမ္းပတ္ဟာ အကယ္မီထြက္ လူငယ္ ကစားသမားေတြ ျဖစ္တဲ့ တမ္မီ ေအဘရာဟမ္၊ ေမဆန္ေမာင့္၊ တိုမိုရီ တို႔ကို ေနရာေပး ကစားေစခဲ့ပါတယ္။ ေမဆန္ေမာင့္ တစ္ေယာက္တည္းကတင္ ဒီရာသီ ခ်ယ္ဆီး အသင္း အတြက္ ပြဲ ၅၀ ပါ၀င္ ကစားခြင့္ ရခဲ့ပါတယ္။

အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ အေရးနိမ့္ခဲ့တယ္ ဆိုေပမယ့္ လမ္းပတ္နဲ႕ ခ်ယ္ဆီး လူငယ္ေတြဟာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ ရေအာင္ ယူထားခဲ့ျပီး ေနာက္ရာသီ အတြက္ တက္ၾကြေနၾကဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒါရင္းဘန္႔ ေထာက္ျပခဲ့သလိုပဲ ေနာက္ရာသီမွာေတာ့ လမ္းပတ္က ေခၚယူထားတဲ့ ဇီယက္နဲ႕ ၀ါနာတို႔ အျပင္ အျခား ကစားသမားေကာင္းေတြကိုလည္း လူငယ္ေတြနဲ႕ ေပါင္းစပ္ ေနရာေပးဖို႔ စီမံရေတာ့မွာ ျဖစ္ပါတယ္။